Skip to main content

ကမ္ဘာတစ်ခု ကျန်းမာမှု

တကယ်တော့ မြန်မာနိုင်ငံနဲ့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (World Health Organization–WHO) တို့ဟာ ဖွားဖက် တော်တွေပါပဲ။ ၁၉၄၈ ခုနှစ်မှာ အတူတူ ဖြစ်တည်လာခဲ့ကြပါတယ်။ ဒါ့အပြင် WHO ရယ်လို့ ပေါ်ပေါက်လာတာနဲ့ တစ်ပြိုင်နက် မြန်မာနိုင်ငံအစိုးရက အဖွဲ့ဝင်အဖြစ် ပါဝင်ခဲ့ပါတယ်။ WHO ရဲ့ ဝါအရင့်ဆုံးအဖွဲ့ဝင်ထဲမှာ မြန်မာနိုင်ငံလည်းပါပါတယ်။

အစိမ်းရောင်ကျေးလက်ဒေသ ဖွံ့ဖြိုးရေး

ကမ္ဘာကြီးက ရွာတစ်ရွာလို ဖြစ်နေပြီ။ နိုင်ငံတွေ၊ တိုင်းပြည်တွေဟာ ဆက်စပ်တည်ရှိနေပြီး ရာသီဥတုဖောက်ပြန်ပြောင်းလဲမှုကြောင့် ဖြစ်ပေါ်လာမယ့် သဘာဝဘေးဒဏ်တွေကို အားလုံး အနည်းနဲ့အများ ခံစားကြရမှာ ဖြစ်ပါတယ်။ နိုင်ငံတစ်နိုင်ငံ၊ ဒေသတစ်ခုက သတ်မှတ် စည်းကမ်းတွေမလိုက်နာရင်၊ သစ်တောသစ်ပင်တွေ မထိန်းသိမ်းရင်၊ သစ်တောပြုန်းတီးအောင် လုပ်ရင်၊ ကာဗွန်ထုတ်လုပ်မှုတွေ ဆိုးရွားစွာ လုပ်ရင်၊ ဓာတုဆေးတွေ အလွန်အကျွံသုံးရင်၊ နောက်ဆက်တွဲ ဆိုးကျိုး ဖြစ်တဲ့ သဘာဝဘေးက အဲဒီနိုင်ငံတစ်ခုတည်း ထိခိုက်မှာ မဟုတ်ဘဲ တစ်ကမ္ဘာလုံးမှာ အနည်းအများသာ ကွာခြားပြီး ထိခိုက်မှာဖြစ်တယ်။
Subscribe to