Skip to main content

ကိုယ်စီအမြဲဆောင်ထားရမည့် နိုင်ငံသားကတ်

နိုင်ငံပိုင်မြန်မာ့ရုပ်မြင်သံကြား၊ မြဝတီရုပ်မြင်သံကြား၊နိုင်ငံပိုင်သတင်းစာများတွင် ပြီးခဲ့သည့် ရက်သတ္တတစ်ပတ်ကျော်ခန့်မှစ၍ အသိပေးကြေညာချက်တစ်ခုကို သတိပြုမိ နေပါသည်။ “မိဘပြည်သူများသို့ အသိပေးကြေညာခြင်း” ဆိုသည့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနက ကြေညာချက်ပင်ဖြစ်သည်။ယင်းကြေညာချက်ကို ထဲထဲဝင်ဝင် ဖတ်ရှုလျှင်တော့ ကြေညာချက်၏ ရည်ရွယ်ချက်ကိုသိရှိနားလည်နိုင်ပေမည်။ တချို့ကမျက်လုံးစိမ်းနှင့်ကြည့်သော် အမြင်စိမ်းစိမ်းဖြင့်မြင်ပြီး တလွဲအသိများဖြင့် မလိုအပ်ဘဲ လွတ်လပ်စွာသွားလာနေထိုင်မှုကို ကန့်သတ်သည်ဟုထင်နိုင်သည်။

ကျောင်းတွင်းအားကစားပွဲမှသည် ငြိမ်းချမ်းရေးဆီသို့ ....

အားမာန်သုံး၍ ပြေးလွှား၊ လုယက်ယှဉ်ပြိုင် ကစားရသည့် ဘောလုံး၊ ဘတ်စကက်ဘောကစား နည်းမျိုးကဲ့သို့ ကစားပွဲများတွင် ထိခိုက်ကြ၊ နာကျင်ကြပါသည်။ ထို့အတူ တမင်သက်သက် တိုက်ခိုက်ခြင်းမျိုး၊ ကိုယ်နှုတ်အမူအရာဖြင့် စော်ကားခြင်းမျိုးလည်း ခံရတတ်ပါသည်။ မောပန်းပြီး ဒေါသထွက်လွယ်သည့်အချိန်မျိုးမှာ သည်းခံမှုကင်းကာ ပြန်လည်တုံ့ပြန်ခဲ့လျှင် ပြစ်ဒဏ်ပေးခံရပါမည်။ တုံ့ပြန်မှုအားကြီးလျှင် ပြိုင်ပွဲကထွက်ရပါလိမ့်မည်။ ထိုသို့မဖြစ်ရန် မိမိပြိုင်ဘက်ကို သည်းခံရသလို ကိုယ့်ကစားဖော်၏ အားနည်းချက်ကြောင့် အသင်း ရှုံးခဲ့လျှင် (သို့မဟုတ်) ပြစ်ဒဏ်ခံရလျှင်လည်း အပြစ် တင်မည့်အစား အားပေးရပါသည်။

မက်မန်းမြို့သို့ နှစ်ခေါက်လေ

ကျွန်တော့်ဘဝမှာ နေရာဒေသတစ်ခုကို နှစ်ကြိမ်နှစ်ခါ ပြန်လည်၍ ရောက်တာမျိုး ကြုံရတတ်ပါသည်။ နတလ ဝန်ထမ်းအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည့် ၂၃ နှစ်တာကာလအတွင်းမှာလည်း နှစ်ကြိမ်နှစ်ခေါက် ပြန်လည်ရောက်ခဲ့သည့် မြို့ရွာဒေသများ ရှိခဲ့ပါသည်။
Subscribe to