Skip to main content

ဖျာပုံခရိုင်တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့မှတရားမဝင်ကုန်သွယ်မှုဆိုင်ရာအသိပညာပေးဆွေးနွေး

ဖျာပုံခရိုင်တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့မှတရားမဝင်ကုန်သွယ်မှုဆိုင်ရာအသိပညာပေးဆွေးနွေး ဖျာပုံ ဇန်နဝါရီ ၂၁ အောင်ဝင်းနိုင်

ကန်ကြီးထောင့်မြို့နယ် ထူလုအခြေပြုဗဟိုဌာန ခန်းမ၌ မသန်စွမ်းသူများ အခွင့်ရေးများဆိုင်ရာ အသိပညာပေးကျင်းပ

ကန်ကြီးထောင့်မြို့နယ် ထူလုအခြေပြုဗဟိုဌာန ခန်းမ၌ မသန်စွမ်းသူများ အခွင့်ရေးများဆိုင်ရာ အသိပညာပေးကျင်းပ ကန်ကြီးထောင့် ဇန်နဝါရီ ၂၁ လှမင်းထွဋ်

ဂုဏ်ပြုနွှဲပျော် လူငယ်နှင့် စာပေပွဲတော်

အသိပညာနှင့် တွေးခေါ်ဆန်းသစ်မှုတို့ကို စဉ်ဆက်မပြတ် လေ့လာရှာဖွေနေကျသူများထဲတွင် လူငယ်တို့သည် ရှေ့တန်းမှပါဝင်နေပေသည်။ လူငယ်ဆို သည်မှာ ရဲရင့်တက်ကြွစိတ်၊ တီထွင်ဖန်တီးလိုစိတ်ဖြစ်ကာ အသစ်အသစ်များရှာဖွေရင်း ဘဝကိုလျှောက်လှမ်းနေကြ သူများဖြစ်၏။ နောင်အနာဂတ်အတွက် တိုင်းပြည်ကိုဦးဆောင်သွားကြရမည့် သူများလည်း ဖြစ်ပေရာ ထိုသူတို့သည် အမှားအမှန်၊ အကြောင်းအကျိုး၊ အကောင်းအဆိုးဝေဖန်ပိုင်းခြား တတ်သော အတွေးအခေါ် ဆင်ခြင် တုံတရားတို့ဖြင့်ပြည့်စုံပြီး အစွန်းရောက်တွေးခေါ်မှုများမှ ကင်းဝေးကာ မဇ္ဈိမအလယ်အလတ်လမ်း အတွေးအခေါ်တို့ရှိကြဖို့လိုသည်။ သို့ဖြစ်၍ အသိဉာဏ်ပိုမိုရင့်သန်လာစေရန်အတွက် စာများများဖတ်ကြရပေမည်။ ခွန်အားရှိသောစာပေတို့ကို ရွေးချယ်ဖတ်ရှုရင်း ရင့်ကျက် တည်ငြိမ် သူလူငယ်များဖြစ်ရန် ကြိုးစားကြရပေမည်။

နေတတ်ခြင်း

“နေတတ်လျှင်ကျေနပ်စရာပါ”ဟု မြန်မာအများ ယုံကြည်ထားကြပါသည်။ သို့သော် “နေတတ်လိုက် တာနော်”ဟု မှတ်ချက်ပေးပါက ကိုယ့်အရေးကိစ္စမှ လွဲပြီး သူတစ်ပါး၏ အရေးကိစ္စ၊ အများကိစ္စများတွင် ပါဝင်ခြင်းမရှိဘဲ ကင်းကင်းနေသူဟူ၍ အဓိပ္ပာယ် ထွက်လေ၏။ ထိုသူတို့၏ ဆင်ခြေမှာ “ကိုယ့်ကိစ္စ ကိုယ် အာရုံစိုက်ပါ” (Mind your own business) ဟူ၍ ဖြစ်ပါ၏။ ကမ္ဘာ့အနောက်ခြမ်းနေသူများ၏ စရိုက်ဖြစ်ပြီး အရှေ့တိုင်းသား အများစုကမူ မျှဝေခြင်းနှင့် စောင့်ရှောက်ခြင်းကို ယဉ်ကျေးမှုတစ်ရပ် အနေဖြင့် ကျင့်သုံး ကြလေသည်။

သတင်းတု သတင်းမှားများကို သိရှိနိုင်သည့် နည်းလမ်းများ

၂၁ ရာစုနှစ်တွင် ဒစ်ဂျစ်တယ်နည်းပညာများ အလွန်အမင်း တဟုန်ထိုး တိုးတက်ပြောင်း လဲလာသည်နှင့်အညီ လူနေမှုပုံစံမှာလည်း သိသိသာသာပြောင်းလဲ သွားကြသည်။ လူအများ သည် နံနက်မိုးလင်းသည်မှ အိပ်ရာဝင် မျက်လုံးမှိတ်သည်အထိ လူမူကွန်ရက် ဆိုသည့် ဖေ့စ်ဘွတ်ကြည့်ခြင်းဖြင့် အချိန်ကုန်နေ ကြသည်။ ဖေ့စ်ဘွတ်တွင် သတင်းဖတ်ခြင်းနှင့် သတင်းဖလှယ်ခြင်းအပြင် တစ်နေ့တာအဖြစ် အပျက်၊ စိတ်ခံစားမှု၊ သာရေးနာရေး၊ မိသားစုအရေး၊ လူမှုရေး၊ ကျန်းမာရေး၊ စီးပွားရေး စသည်ဖြင့် တစ်နေ့တာ ဖြစ်ပျက်နေသည့် ဖြစ်စဉ်များကို အလွယ်တကူ ပွင့်ပွင့်လင်းလင်းမျှဝေ (ရဲယ်) နေကြသည်။
Subscribe to