အထူးဟစ်တိုင် သတင်းမီဒီယာမှ တာဝန်ခံအယ်ဒီတာ ဦးအောင်ကျော်ဦးက မြို့နယ်များတွင် ရွေးကောက်ပွဲနှင့် ပတ်သက်၍ စာရင်းပြုစုခြင်း၊ ကော်မတီ ဖွဲ့စည်းခြင်းတို့ လုပ်ဆောင်နေသည်ဟု ကြားသိရကြောင်း၊ အဆိုပါကိစ္စနှင့် ပတ်သက်၍ ၂၀၂၃ ခုနှစ် ဩဂုတ်လတွင် ရွေးကောက်ပွဲ ပြုလုပ်မည်ဟုလည်း ကြားသိရကြောင်း၊ ယင်းကိစ္စကို အတည်ပြုနိုင်ခြင်း ရှိ၊ မရှိ သိလိုကြောင်းမေးမြန်းသည်။