Skip to main content

အဖိုးတန်ရေကို ချွေတာသုံးစွဲသွားစေလို

“ရေအသက်တစ်မနက် ထမင်းအသက် ခုနှစ်ရက်၊ ရေငတ်တုန်း ရေတွင်းထဲကျ၊ ရေစီးတစ်ခါ ရေသာတစ်လှည့်၊ ရေများရာမိုးရွာ၊ ရေများရေနိုင် မီးများမီးနိုင်၊ ရေမြင့်ကြာမြင့်၊ ရေနစ်သူ ဝါးကူလို့ထိုး၊ ရေစုန်ရွက်တိုက်၊ ရေနိမ့်ရာစီး မီးမြင့်ရာလောင်၊ ရေမနောက် ကြာမရှောက်” စသည့် ရေနှင့်ပတ်သက် သည့် စကားပုံများကို မြန်မာမှုနယ်ပယ်၌ တွင်ကျယ်စွာ သုံးစွဲလျက်ရှိသည်။ ရေမရှိလျှင် သက်ရှိအားလုံး ရှင်သန်နိုင်မည် မဟုတ်ချေ။ မိုးရာသီကျော်လွန်၍ ဆောင်းအကူးပွင့်လင်းရာသီ ရောက်ရှိလာပြီဖြစ် သည်။ ပူပြင်းခြောက်သွေ့သောကာလတွင် ရေခန်း ခြောက်လာတတ်ပြီး နှစ်စဉ်နွေရာသီတွင် ကြုံတွေ့ရသည့် ပြဿနာသည် သောက်သုံးရေရှားပါးခြင်းပင် ဖြစ်သည်။ ထိုသို့ ရေရှားပါးပြတ်လပ်မှုမျိုး မကြုံရလေအောင် အဖိုးတန်သောရေကို ယခုကတည်းက စနစ်တကျစုဆောင်းထားပြီး ချွေတာသုံးစွဲဖို့ လိုအပ်သည်။

အမျိုးသားစာပေဆု၊ တစ်သက်တာဆုရှင် (စာရေးဆရာ) ဆုရ ဆရာဖိုးကျော့၏ စာပေအနုပညာရှင်ဘဝ

အင်တွဲပွဲလျက်အရှာထွက်ဝတ္ထုတွင် မြန်မာနိုင်ငံအနောက်ပိုင်း ကသာခရိုင်သည် သစ်တောထွက် သယံဇာတ အများဆုံးထွက်ရာ ဒေသဖြစ်ပြီး အင်တွဲနှင့် ပွဲလျက်ကဲ့သို့သော အရာများလည်း အများအပြား ထွက်ရှိကြောင်း၊ ဒေသခံများသည် တောင်ယာလုပ်ငန်းသိမ်းသော နွေရာသီရောက်လျှင် တောထဲတောင်ထဲ တွင် အင်တွဲ၊ ပွဲလျက် အရှာထွက်ကြပုံ၊ မျိုးမျိုးမြက်မြက်ရသော အင်တွဲ၊ ပွဲလျက် များကို သက်စွန့်ဆံဖျားရှာဖွေကြရာတွင် တစ်ခါတစ်ရံ တောတောင်စည်းကမ်းများကို ချိုးဖောက်မိသဖြင့် တောခြောက် ခြင်းများနှင့်တွေ့ကြုံကြရပုံ၊ တောတောင်အတွင်း သားရဲတိရစ္ဆာန်တို့၏ အန္တရာယ်နှင့် ကြုံတွေ့ရင်ဆိုင်ကြရပုံ၊ အင်တွဲ၊ ပွဲလျက်အပြင် ရှားပါးသော ကျောရိုး၊ ကျားစွယ်၊ ကျားသားရေ၊ ကျားနို့များပါ ရတတ်ကြောင်း၊ စခန်းသိမ်း၍ ရွာအပြန်တွင် အောင်ပွဲရ စစ်သူကြီးများပမာ စိတ်ဓာတ်တက်ကြွလျက် ရှိနေတတ်ကြပုံအကြောင်း ရေးသားထားပါသည်။

ယွမ်နှင့်ကျပ်ငွေ တိုက်ရိုက်ပေးချေနိုင်ခြင်းဖြင့် ပိုမိုအကျိုးဖြစ်ထွန်းလာမည့် တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေး

မကြာသေးမီကာလ ၂၀၂၁ ခုနှစ်အတွင်းက တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေး ဖွံ့ဖြိုးတိုးတက်မှုကို များစွာအထောက်အကူဖြစ်စေမည့် အမိန့်ကြော်ငြာချက်နှစ်ခုကို မြန်မာအစိုးရက ထုတ်ပြန်ကြေညာခဲ့သည်။ ပထမတစ်ခုမှာ ၂၀၂၁ ခုနှစ် အောက်တိုဘာလ ၁၂ ရက်နေ့ ရက်စွဲဖြင့် ဂျပန်ယန်းငွေနှင့်အတူ တရုတ်နိုင်ငံသုံး ယွမ်ငွေကို မြန်မာနိုင်ငံအတွင်း လိုင်စင်ရဘဏ်များနှင့် ငွေလဲကောင်တာများတွင် တရားဝင် ရောင်းဝယ်ဖောက်ကား ခွင့်ပြုကြောင်း ဖော်ပြထားသည့်ကြေညာချက်ဖြစ်ပြီး ဒုတိယတစ်ခုမှာ ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ၁၄ ရက်နေ့ ရက်စွဲဖြင့် မြန်မာကျပ်ငွေနှင့် တရုတ်ယွမ်ငွေကို မြန်မာ-တရုတ်နယ် စပ်ဒေသတွင် တရားဝင် တိုက်ရိုက်အသုံးပြု ပေးချေခွင့်ပြုလိုက်သည့် မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ထုတ်ပြန်သောအမိန့်ကြော်ငြာချက်ပင်ဖြစ်သည်။

မက်လုံးတွေက ပျက်သုဉ်းဖို့ရာ

ယခုရက်ပိုင်း ဒီဇင်ဘာ ၃၀ ရက်မှာပင် လစ်ဗျားနိုင်ငံမှ ခိုလှုံခွင့်တောင်းခံသူ ဒုက္ခသည်များကို ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီး ရုံးက ကယ်ဆယ်ရေးလေယာဉ်ဖြင့် နိုင်ဂျာနိုင်ငံသို့ပို့ဆောင် ပေးခဲ့ရသည်။ လစ်ဗျားနိုင်ငံမှ နိုင်ဂျာနိုင်ငံသို့ ကယ်တင်ပေးနိုင်ခဲ့သူ ဒုက္ခခေတ်တွေ မည်သို့ပင်ပြောင်း စေကာမူ အင်အားကြီးသူက အင်အားနည်းသူကို၊ ဉာဏ်ကြီးသူက ဉာဏ်နည်းသူကို မက်လုံး အမျိုးမျိုးပေးနေကြဆဲပင်။ ၂၀၂၁ ခုနှစ် ဖေဖော် ဝါရီလ ၁ ရက်နေ့ မြန်မာ့နိုင်ငံရေး အပြောင်းအလဲ နောက်ပိုင်း တွင်လည်း ဒီမိုကရေစီနှင့် လူ့အခွင့်အရေးမက်လုံးများက တစ်ကျော့ပြန် ပြန်လည် ထွက်ပေါ်လာပြန်ပါသည်။ “ဖက်ဒရယ်ပြည်ထောင်စု”ဟူသော မက်လုံးအသစ် တစ်မျိုး ကလည်း တွဲလျက် ကပ်ပါလာပြန်သည်နှင့် ခိုလှုံရာတောင်းခံသူဦးရေမှာ ၃၇၁၀ ရှိပြီဖြစ်ကြောင်း ထုတ်ပြန် ချက်ကို ဆင်ဟွာသတင်းဌာနက ဖော်ပြခဲ့လေသည်။

ပူပြင်းရာသီရောက်လာမည် ရေကိုချွေတာဖို့ လိုသည်

ရှေးမြန်မာမင်းများ လက်ထက်ကပင် ဆည်မြောင်း ကန်ချောင်းများကို အမြော်အမြင်ကြီးမားစွာ တည်ဆောက်ခဲ့ကြသည်။ ယနေ့ မြို့ကြီးပြကြီးများရှိ ကျုံးများ၊ ဆည်များ၊ ရေကန်ကြီးများသည် နှစ် အနည်းငယ်အတွင်း တည်ဆောက်ခဲ့သည် မဟုတ်ပါ။ရှေးမြန်မာမင်းများက ပြည်သူများအတွက် သောက်သုံးရေမပြတ်လပ်စေရန် စီမံဆောင်ရွက် ထားခဲ့ခြင်းဖြစ်သည်။ မိုးနည်းရပ်ဝန်းဒေသများ ဖြစ်သည့် မြန်မာနိုင်ငံအလယ်ပိုင်းတစ်ခွင်တွင် ကျုံးကြီးများ၊ ကန်ငယ်များ၊ ဆည်များ ယနေ့အထိ ရှိနေသည်မှာ အဖိုးတန်ရေ၏

သာသနာတော်ကြီး နေလို လလို

ဤသတ္တလောကကြီး၌ မြတ်ဗုဒ္ဓဘုရားရှင်သည် သတ္တဝါခပင်း ဝေနေယျအပေါင်းတို့ မကောင်း မှုရှောင် ကောင်းမှုဆောင်လျက် ကောင်းကျိုးလိုရာအဖြာဖြာနှင့် ပြည့်စုံစေခြင်းငှာ အကြောင်းအကျိုး ထောက်ရှု၍ သာသနာတော်အနှစ်ငါးထောင် ထားတော်မူခဲ့လေ၏။ ထိုသာသနာတော်သည်ကား ယခုအခါ တစ်ဝက်ပင်ကျိုးလေပြီ။
Subscribe to