နှစ်စဉ် ဒီဇင်ဘာလ ၂၅ ရက်သည် ခရစ္စမတ်နေ့ဖြစ်သည်။ နှစ်စဉ်ထိုနေ့တွင် ကမ္ဘာတစ်ဝန်းလုံး အလှူအတန်းများနှင့် ပျော်ပွဲရွှင်ပွဲများ ပြုလုပ်ကြသည်။ အထူးသဖြင့် လူငယ်များသည် လူကြီးမိဘများ ထံမှ ခရစ္စမတ်လက်ဆောင်များနှင့် ခရစ္စမတ်ကတ်များရရှိကြသဖြင့် မျက်နှာများပေါ်တွင် အပြုံးများ ဖုံးလွှမ်းလျက်ရှိသည်။ လူငယ်များ၏ပျော်ရွှင်မှုသည် လူကြီးများကိုကူးစက်စေပါသည်။ စင်စစ်အားဖြင့် လူကြီးများသည်လူငယ်များကို ယဉ်ကျေးသိမ်မွေ့မှုရှိစေရန်၊ ကူညီရိုင်းပင်းတတ်စေရန်၊ ပေးကမ်းစွန့်ကြဲ တတ်စေရန်နှင့် မကောင်းမှုရှောင်၍ ကောင်းမှုဆောင်တတ်စေရန်အတွက် သက်ဆိုင်ရာ ဘာသာတရား၏ အဆုံးအမ၊ အစဉ်အလာတို့ဖြင့် စည်းရုံးဆောင်ရွက်ထားခြင်းဖြစ်သည်။