Skip to main content

ဇာတိမာန် စာဆိုပညာရှင် ဆရာကြီးတက္ကသိုလ်တင်ခ

နိုင်ငံတော်အစိုးရသည် မိမိဘဝတစ်သက်တာ တစ်လျှောက် မြန်မာစာပေဖွံ့ဖြိုးရေးလုပ်ငန်းနှင့် စာပေရေးသားပြုစုခြင်း၊ စာပေသုတေသနပြုခြင်း လုပ်ငန်းများကိုတစိုက်မတ်မတ်လုံ့လပြု ဆောင်ရွက် ခဲ့သည့် စာပေပညာရှင်ကြီးများကို “အမျိုးသား စာပေတစ်သက်တာဆု” အဖြစ် ၂၀၀၁ ခုနှစ်မှ စတင်လျက် ချီးမြှင့်ခဲ့ပါသည်။ ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ၄ ရက်နေ့တွင် ကျင်းပခဲ့သည့် ၂၀၂၀ ပြည့်နှစ်အတွက် အမျိုးသားစာပေဆုနှင်းသဘင် အခမ်းအနားတွင် အမျိုးသားစာပေတစ်သက်တာဆု အဖြစ် စာရေးဆရာကြီး နှစ်ဦးနှင့် စာရေးဆရာမ ကြီး တစ်ဦး စုစုပေါင်း သုံးဦးကို ချီးမြှင့်ခဲ့သဖြင့် ယခုအခါ အမျိုးသားစာပေတစ်သက်တာဆုရ ပညာရှင် စုစုပေါင်း (၃၄) ဦး ရှိခဲ့ပြီ ဖြစ်သည်။

မြို့ပြနှင့် ဒေသဖွံ့ဖြိုးရေးစီမံကိန်းရေးဆွဲခြင်းမှသည် နေပျော်ဖွယ်ရာ လူမှုပတ်ဝန်းကျင်ဆီသို့

နေပျော်ဖွယ်လူ့အသိုက်အဝန်းဟူသည် ရုပ်ပိုင်း ဆိုအရသာယာလှပမှုသာမကစိတ်ပိုင်းဆိုင်ရာ အရပါ အေးချမ်းမှုပေးနိုင်သည့်အပြင် လူမှုအဆင့် အတန်းအားလုံး သာတူညီမျှဖြင့် ပျော်ပျော်ရွှင်ရွှင် ပေါင်းစည်းနေထိုင်နိုင်ပြီး ဘေးကင်းလုံခြုံသည့် အသိုက်အဝန်းတစ်ခုဟု ဆိုနိုင်ပါသည်။

၂၀၂၁ ခုနှစ်ရဲ့ ပုလဲအတွဲများနှင့် ကျောက်စိမ်းအတွဲများပြပွဲကြီး

မြန်မာနိုင်ငံသည် စိမ်းလန်းလှပသော တောတောင်များ၊ ကြည်လင်စိမ်းလဲ့သည့် မြစ်ချောင်း အင်းအိုင်များ၊ သာယာရှုမောတင့်တယ်သော မြေယာရှုခင်း၊ စီးပွား ရေးအရ အချက်အချာကျသည့် ပထဝီအနေအထားတို့နှင့် ပြည့်စုံမှု၊ ရှေးနှစ်ပေါင်းများစွာကတည်းက စည်းလုံးညီညွတ်စွာမှီတင်း နေထိုင်ခဲ့သော တိုင်းရင်းသား ပေါင်းစုံ၏လူမျိုးအလိုက်ဓလေ့စရိုက်နှင့် ယဉ်ကျေးစွာဧည့်ဝတ် ကျေပျူငှာမှု၊ ဘာသာ၊ သာသနာ ဂုဏ်ရောင်ထွန်းပြောင်မှုနှင့် မြေပေါ်မြေအောက်သယံဇာတ ပေါကြွယ်ဝမှုစသည့် ဂုဏ်သတင်းများကြောင့် အာရှတွင်သာမက ကမ္ဘာ့အလယ်တွင်ပါ ဝင့်ကြွားစွာ ရပ်တည်နေနိုင်ခဲ့ပါသည်။

ခန္တီစ

အရာရာသည်းခံခြင်းသည် မင်္ဂလာမည်၏ဟု ဗုဒ္ဓဘုရားရှင်က ဟောပါသည်။ လူအများစုသည် သည်းခံလျှင် အရှုံးပေးရာ ရောက်သည်၊ ကြောက်တယ်ဟု ထင်မည်။ ကိုယ်ကသည်းခံလျှင် တစ်ဖက်က ပိုစော်ကားမည်ဆိုသည့် အတွေးများရှိကြပါသည်။ မှားယွင်းသော အတွေးအခေါ် အယူအဆများ ဖြစ်ပါသည်။ သည်းခံခြင်းသည်ကြောက်ခြင်း၊ အရှုံးပေးခြင်း မဟုတ်ပါ။ အလွန်သတ္တိရှိသူများသာ သည်းခံခွင့်လွှတ်နိုင်ပါသည်။ သတ္တိဟုပြောလျှင် သတ္တိနှစ်မျိုးရှိပါသည်။ အနာခံနိုင်သည့်သတ္တိက လူသိများသည့် သတ္တိဖြစ်ပါသည်။ သည်းခံနိုင်သည့်သတ္တိသည် နှလုံးသားသတ္တိဖြစ်ပါသည်။ အနာခံနိုင်သည့် သတ္တိထက် သည်းခံနိုင်သည့်သတ္တိ ပိုင်ဆိုင်ရန် ပိုခက်ပါသည်။ လောဘ၊ ဒေါသ၊ မာနနှင့် မစ္ဆရိယစိတ်များကို ထိန်းချုပ်နိုင်မှ သည်းခံနိုင်သည့်သတ္တိကို မွေးမြူနိုင်ပါမည်။

ကျောက်ဆည်မြို့နယ်တွင် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေး ဆွေးနွေးပွဲကျင်းပ

ကျောက်ဆည်မြို့နယ်တွင် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေး ဆွေးနွေးပွဲကျင်းပ
Subscribe to