Skip to main content

အဖိုးတန်ရေကို ချွေတာသုံးစွဲသွားစေလို

“ရေအသက်တစ်မနက် ထမင်းအသက် ခုနှစ်ရက်၊ ရေငတ်တုန်း ရေတွင်းထဲကျ၊ ရေစီးတစ်ခါ ရေသာတစ်လှည့်၊ ရေများရာမိုးရွာ၊ ရေများရေနိုင် မီးများမီးနိုင်၊ ရေမြင့်ကြာမြင့်၊ ရေနစ်သူ ဝါးကူလို့ထိုး၊ ရေစုန်ရွက်တိုက်၊ ရေနိမ့်ရာစီး မီးမြင့်ရာလောင်၊ ရေမနောက် ကြာမရှောက်” စသည့် ရေနှင့်ပတ်သက် သည့် စကားပုံများကို မြန်မာမှုနယ်ပယ်၌ တွင်ကျယ်စွာ သုံးစွဲလျက်ရှိသည်။ ရေမရှိလျှင် သက်ရှိအားလုံး ရှင်သန်နိုင်မည် မဟုတ်ချေ။ မိုးရာသီကျော်လွန်၍ ဆောင်းအကူးပွင့်လင်းရာသီ ရောက်ရှိလာပြီဖြစ် သည်။ ပူပြင်းခြောက်သွေ့သောကာလတွင် ရေခန်း ခြောက်လာတတ်ပြီး နှစ်စဉ်နွေရာသီတွင် ကြုံတွေ့ရသည့် ပြဿနာသည် သောက်သုံးရေရှားပါးခြင်းပင် ဖြစ်သည်။ ထိုသို့ ရေရှားပါးပြတ်လပ်မှုမျိုး မကြုံရလေအောင် အဖိုးတန်သောရေကို ယခုကတည်းက စနစ်တကျစုဆောင်းထားပြီး ချွေတာသုံးစွဲဖို့ လိုအပ်သည်။

အမျိုးသားစာပေဆု၊ တစ်သက်တာဆုရှင် (စာရေးဆရာ) ဆုရ ဆရာဖိုးကျော့၏ စာပေအနုပညာရှင်ဘဝ

အင်တွဲပွဲလျက်အရှာထွက်ဝတ္ထုတွင် မြန်မာနိုင်ငံအနောက်ပိုင်း ကသာခရိုင်သည် သစ်တောထွက် သယံဇာတ အများဆုံးထွက်ရာ ဒေသဖြစ်ပြီး အင်တွဲနှင့် ပွဲလျက်ကဲ့သို့သော အရာများလည်း အများအပြား ထွက်ရှိကြောင်း၊ ဒေသခံများသည် တောင်ယာလုပ်ငန်းသိမ်းသော နွေရာသီရောက်လျှင် တောထဲတောင်ထဲ တွင် အင်တွဲ၊ ပွဲလျက် အရှာထွက်ကြပုံ၊ မျိုးမျိုးမြက်မြက်ရသော အင်တွဲ၊ ပွဲလျက် များကို သက်စွန့်ဆံဖျားရှာဖွေကြရာတွင် တစ်ခါတစ်ရံ တောတောင်စည်းကမ်းများကို ချိုးဖောက်မိသဖြင့် တောခြောက် ခြင်းများနှင့်တွေ့ကြုံကြရပုံ၊ တောတောင်အတွင်း သားရဲတိရစ္ဆာန်တို့၏ အန္တရာယ်နှင့် ကြုံတွေ့ရင်ဆိုင်ကြရပုံ၊ အင်တွဲ၊ ပွဲလျက်အပြင် ရှားပါးသော ကျောရိုး၊ ကျားစွယ်၊ ကျားသားရေ၊ ကျားနို့များပါ ရတတ်ကြောင်း၊ စခန်းသိမ်း၍ ရွာအပြန်တွင် အောင်ပွဲရ စစ်သူကြီးများပမာ စိတ်ဓာတ်တက်ကြွလျက် ရှိနေတတ်ကြပုံအကြောင်း ရေးသားထားပါသည်။
Subscribe to