Skip to main content

မင်္ဂလာတောင်ညွန့်မြို့နယ်တွင် (၁၀၁) ကြိမ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် အကြို Talk Show အစီအစဉ် ရိုက်ကူးတင်ဆက်

မင်္ဂလာတောင်ညွန့်မြို့နယ်တွင် (၁၀၁) ကြိမ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် အကြို Talk Show အစီအစဉ် ရိုက်ကူးတင်ဆက် မင်္ဂလာတောင်ညွန့် နိုဝင်ဘာ ၂၂ ချစ်စုဝေ (ပြန်/ဆက်)

မြစ်ကြီးနားမြို့ Community Centre ခန်းမ၌ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေး Talk Show ပြုလုပ်

မြစ်ကြီးနားမြို့ Community Centre ခန်းမ၌ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေး Talk Show ပြုလုပ် မြစ်ကြီးနား နိုဝင်ဘာ ၂၂

နိုင်ငံသာယာဝပြောဖို့ တိုင်းရင်းသားအားလုံး စည်းလုံးညီညွတ်စို့

ပြည်ထောင်စုမြန်မာနိုင်ငံသည် ရှေးပဝေသဏီကတည်းကပင် ကိုယ့်ထီး၊ ကိုယ့်နန်း၊ ကိုယ့်ကြငှန်းဖြင့် မားမားမတ် မတ်ရပ်တည်နိုင်ခဲ့ သည်။ အနော်ရထာ၊ ဘုရင့်နောင်နှင့် အလောင်းမင်းတရားတို့လက်ထက် တွင် ကာကွယ်ရေး အင်အားကို ကျောထောက်နောက်ခံပြုလျက် စည်းလုံးညီညွတ်သော မြန်မာနိုင်ငံတော်ကြီးကို ခံ့ညားထည်ဝါစွာ တည်ထောင်နိုင်ခဲ့သည်။ ကျူးကျော်စော်ကားလာသူများကိုလည်း စည်းလုံးညီညွတ်မှုစွမ်းအား၊ ကာကွယ်ရေးစွမ်း အား တို့ဖြင့် တိုက်ထုတ် နိုင်ခဲ့သည်။ ထိုစဉ်က အင်အားတောင့်တင်းပြီး စွမ်းရည်ထက်မြက်သော တပ်မတော်များ ဖွဲ့စည်းထူထောင်ခဲ့မှုကြောင့်သာ ခိုင်မာစွာရပ်တည် နိုင်ခဲ့ခြင်းပင်ဖြစ်သည်။

အမျိုးသားနေ့မှသည် အနာဂတ်ဆီသို့

မြန်မာအမျိုးသားပညာရေးလှုပ်ရှားမှုတစ်ရပ်၁၉၂၀ ပြည့်နှစ်ထဲမှာ ကြီးကြီးမားမား ပေါ်ပေါက်ခဲ့ပါတယ်။ လွတ်လပ်ရေးအတွက် ရှေ့ပြေးဖြစ်ခဲ့ပါတယ်။ ဒီလှုပ်ရှားဆောင်ရွက် ချက်ဟာ အမျိုးသားရေးကိစ္စကို ဗဟိုပြုခဲ့တာ ဖြစ်ပါတယ်။ အမျိုးသားအကျိုးစီးပွား (National Interest) ကောင်းကျိုးအတွက်ပဲ ဖြစ်ခဲ့ပါတယ်။ အထွေထွေနောက် မကျရေး၊ ဗလငါးတန်ဖွံ့ ဖြိုးရေး၊ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးရေး၊ ပညာရည် မြင့်မားရေး၊ တိုင်းရင်းသားညီအစ်ကိုတွေနဲ့ စည်းလုံးညီညွတ်ရေးတို့ဟာ တကယ့်ကို ဦးတည်ရမယ့် အမျိုးသားရေးကိစ္စ၊ အမျိုးသားအကျိုးစီးပွားပဲဖြစ်ပါတယ်။

ပြည်သူလူထု၏ အဆုံးအဖြတ်ဖြင့်

မြန်မာနိုင်ငံမှာ ဒီမိုကရေစီအတွက်လို့ဆိုပြီး၊ ဓမ္မလို့ ဟစ်ကြွေးပြီး အဲဒါတွေနဲ့ဆန့်ကျင်ဘက် အဓမ္မမှု ကျူးလွန်နေသူတွေရဲ့ တော်လှန်ရေးဟာ လူထုအတွက် တစ်နေ့တခြား စိတ်ခြောက်ခြားဖွယ်ဖြစ် နေရပါတယ်။ သူတို့ကတော့ ဓမ္မလို့ ဆိုကြပေမယ့် လူထုအတွက်တော့ အဓမ္မတွေဖြစ်နေပါတယ်။ သူတို့ပြောတဲ့ ဓမ္မဆိုတာ ဘယ်ရှုထောင့်၊ ဘယ်လိုအမြင်၊ ဘယ်လိုခံယူချက်ဆို တာတော့ တိတိကျကျ မပြောတတ်ပါဘူး။ နားလည်လက်ခံထားတဲ့ ဓမ္မဝါဒီဟာ နားလည်မှု၊ ကိုယ်ချင်းစာတရား၊ အပြန်အလှန် လေးစားမှု၊ တရားမျှတမှုစတဲ့ ကျင့်ဝတ်တွေအပေါ် အခြေခံထားတာပါ။ တစ်ဖက်သတ်အမြင်၊ တစ်ဖက်သတ် လိုလားချက်၊ တစ်ဖက်သတ်ရှုထောင့်တော့ မဟုတ်တာ သေချာပါတယ်။ အရပ်စကားပြောရရင် ငါလိုချင်တာရရင် အားလုံးတရားတယ်၊ ငါလိုချင်တာမရရင် အားလုံးကမတရားဘူးဆိုတဲ့ အယူအဆကတော့ တရားမျှတမှုဆိုတာထက် အတ္တဝါဒီသဘော၊ တစ်ဖက်စွန်း သဘော သက်ရောက်နေပါတယ်။

အမျိုးသားစာပေတစ်သက်တာဆုရှင် ကဗျာဆရာကြီး ကိုလေး (အင်းဝဂုဏ်ရည်)

ဆရာ သိုက်ထွန်းသက်ကလည်း ဆရာ၏ မြန်မာစာပေဝမ်းစာပြည့်ပုံကို ဆရာ့အသက် (၈၀) ပြည့် အမှတ်တရ စာအုပ်တွင် “ဆရာကိုကအက္ခရာဗျည်းနှင့် အသံထွက်ပြဗျည်းများအကြောင်း ဇယား ဆွဲပြသည်။ က-ခ-ဂ-ဃ-င၊ စ-ဆ-ဇ-ည ဆိုပြီး ကဝဂ်၊ စဝဂ်၊ ဋဝဂ်၊ တဝဂ်၊ ပဝဂ် ခွဲပြသည်။ ကကြီး ခခွေး ဗျည်း အားလုံးကို ပထမဇယားတိုင်ပါ က-စဋ-တ-ပ-ယ တို့နှင့်လည်းကောင်း၊ ပဉ္စမ ဇယားတိုင်ပါ င၊ ည၊ ဏ၊ န၊ မ၊ သ တို့နှင့် လည်းကောင်း “သတ်” လို့ရကြောင်း၊ သို့သော် ဒုတိယ၊ တတိယ၊ စတုတ္ထဇယား တိုင်ပါ ခ-ဂ-ဃ၊ ဆ-ဇ-စု၊ ဌ-၃-ပ၊ ထ-ဒ-ဓ၊ ဖ-ဗ-ဘ ဗျည်းများနှင့် “မသတ်”ကြောင်း ပြောသည်။ ထိုသို့သတ်ရာတွင် က-စ-ဋ-တ-ပ နှင့် သတ်ပါက အသံ မပြောင်းသော်လည်း က-ည-ဏ-န-မ တို့ဖြင့် သတ်ပါက အသံပြောင်းသွားတတ် ပုံကို “သရကပင်” နှင့် “ညောင်ပင်'၊ “ချစ်တယ်” နှင့် “ခင်တယ်” တို့ဖြင့် ဥပမာပေး ရှင်းပြသည်။ သရက်ပင်နှင့် ချစ်တယ်တို့မှာ အသံမပြောင်းသော်လည်း ညောင်ပင်က “ညောင်ဗင်' ဟု လည်းကောင်း၊ ခင်တယ်က “ခင်ဒယ်” ဟုလည်းကောင်း ပထမအက္ခရာမှ တတိယအက္ခရာသို့ ပြောင်းသွားပုံဖြစ် သည်။ ဆရာကိုက ကျွန်တော်တို့ဟောက်နေသည်ကိုသည်မျှဖြည့်ပေးရုံနှင့် ကျွန်တော့်မှာ မေ့မသွားအောင် ဇယားဆွဲ မှတ်ထားရသည်။ သည်မျှလောက်နှင့် မတင်းတိမ်နိုင်သဖြင့် ဆက်လေ့လာစရာ စာအုပ်တွေ ရှာရသည်” ဟုမှတ်သားစဖွယ် တင်ပြထားသည်ကိုလည်း လေ့လာရပါသည်။

တိုင်းဖျက်ပြည်ဖျက် PDF အမြစ်ပြတ်ချေမှုန်းကြရမည်

နိုဝင်ဘာလ ၁၈ ရက်နေ့ထုတ်နိုင်ငံပိုင်သတင်းစာတွေမှာ အကြမ်းဖက်အဖွဲ့အစည်းတွေရဲ့ အကြောင်းမဲ့သတ်ဖြတ်မှုကြောင့် ဆရာ၊ ဆရာမတွေနဲ့ ပညာရေးဝန်ထမ်းတွေ သေဆုံး၊ ထိခိုက်ဒဏ်ရာရတဲ့သတင်းကို ဖတ်ရှုလိုက်ရပါတယ်။ နိုင်ငံရေးအပြောင်းအလဲ စတင်စဉ်ကနေ နိုဝင်ဘာလလယ်အထိကာလမှာ အကြမ်းဖက်သမားတွေကြောင့် အနယ်နယ်အရပ်ရပ်က ဆရာ၊ ဆရာမတွေနဲ့ ပညာရေးဝန်ထမ်း ၁၂ ဦး သေဆုံး ၊ ၁၅ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြပါတယ်။

အကြမ်းဖက်အဖွဲ့အစည်းဖြစ်သော NUG ၏ စေခိုင်းချက်အရ အကြမ်းဖက်လုပ်ငန်းများ ဆောင်ရွက်နေသော NLD ပါတီဝင် မောင်ကျော်(ခ) ဖြိုးဇေယျာသော်၏ ထွက်ဆိုချက်အရ ဆက်စပ်တရားခံများနှင့် လက်နက်/ခဲယမ်းများ ထပ်မံဖမ်းဆီးရမိ

အကြမ်းဖက်အဖွဲ့အစည်းဖြစ်သော NUG ၏ စေခိုင်းချက်အရ အကြမ်းဖက်လုပ်ငန်းများ ဆောင်ရွက်နေသော NLD ပါတီဝင် မောင်ကျော်(ခ) ဖြိုးဇေယျာသော်၏ ထွက်ဆိုချက်အရ ဆက်စပ်တရားခံများနှင့် လက်နက်/ခဲယမ်းများ ထပ်မံဖမ်းဆီးရမိ (နိုဝင်ဘာ ၂၀)
Subscribe to