Skip to main content

အိမ်မှာနေချင်တာပေါ့အဖေ

နေကမမြင့်သေး။ နံနက် ၈နာရီခန့် ရှိလောက်ပြီ။ နံနက်ငါးနာရီခွဲခန့်မှစပြီးတစ်တိုက်ဝင် တစ်တိုက်ထွက်ဖြင့် တိုက်ပေါင်း ၅၀ ကျော် ဖြတ်သန်းလာခဲ့ခြင်းကြောင့် မောလာ၍ တိုက်တစ်တိုက်၏ ဆင်ဝင်တိုင်နှင့် စက်ဘီးကို မှီရပ်ပြီး ခဏအမောဖြေနေမိသည်။ အမောပြေလျှင် “ပဲပြုတ်၊ အီကြာကွေး” ဟုအော်မည်။ ခဏစောင့်မည်။ ဒုတိယအကြိမ် “ပဲပြုတ်၊ အီကြာကွေး” ဟု ထပ်အော်မည်။ ခဏစောင့်မည်။ အော်လို့မှ တိုက်ခန်းများမှ ဝယ်ယူမည့် အသံမထွက်လာပါက ဘေးနားရှိ တိုက်သို့ ဆက်သွားမည်။ ထိုမှတစ်ဆင့် အခြားတိုက်များသို့ သွားရောက်ကာ တိုက်ခန်းနေဝန်ထမ်းများ၊ ဝန်ထမ်းမိသားစုများကြား အောင်အော်မည်။ ခဏစောင့်မည်။ အော်မည်။ ထို့နောက် တစ်လမ်းပြီး တစ်လမ်း၊ တစ်တိုက်ပြီးတစ်တိုက်။ ဒါကအေးချမ်း၏ နိစ္စဓူဝအလုပ်ဖြစ်သည်။

မြန်မာပြည်ကို ချစ်သည့်သူမှန်သမျှ အမိနိုင်ငံကို ကူညီစောင့်ရှောက်ကြ

၁၉၄၇ ခုနှစ် ဧပြီလ ၉ ရက်နေ့၊ ပျဉ်းမနားမြို့ ဦးဝိသုဒ္ဓဘုန်းတော်ကြီးကျောင်းဝင်းအတွင်း လူထုဟောပြောပွဲမှာ ဗိုလ်ချုပ်အောင်ဆန်းပြောကြားခဲ့သည့် “ ကိုယ်အချင်းချင်း သတ်ဖြတ်၊ လုယက်၊ သူပုန်ထ၊ မီးရှို့ လုပ်နေတာ ဘာတော်လှန်ရေးလဲ၊ ဒါတော်လှန်ရေးတဲ့လား” ဆိုသည့်စကား။ ၁၉၄၇ ခုနှစ် ဇူလိုင်လ ၁၃ ရက်နေ့၊ ရန်ကုန်မြို့ မြို့တော်ခန်းမတွင် ပြုလုပ်ခဲ့သည့် လူထုအစည်းအဝေးကြီးတွင် “ဆူပူသောင်းကျန်းမှုတွေကို ဗမာပြည်ချစ်တဲ့သူ တွေမှန်သမျှ ဝိုင်းဝန်းကူညီ နှိမ်နင်းဖို့လိုတယ်” ဆိုသည့် စကားတို့ကို ယခုအချိန်တွင် ပြန်လည်သတိရမိပါသည်။

တိုးတက်လိုသူများ

လူဟူသမျှမှာ သဘာဝနှစ်မျိုးစီရှိ၏။ တစ်မျိုးကတိုးစေ၊ တက်စေသော သဘာဝဖြစ်၍ ကျန်တစ်မျိုးကား မတိုးမတက်ရအောင် ချုပ်ချယ်သောသဘာဝ တည်း။

ကြီးမားသောစွမ်းဆောင်ချက်

တပ်မတော်သည် အမျိုးသားရေးကို ဦးစားပေးရသည့် အဖွဲ့အစည်းဖြစ်သည်။ နိုင်ငံတကာရှိ တပ်မတော်များသည်လည်း အလားတူပင် သူ၏နိုင်ငံနှင့်ပြည်သူကို ပထမဦးစား ပေးကာကွယ် နိုင်ရန် ရည်ရွယ်ဖွဲ့စည်း ထားကြရခြင်းဖြစ်သည်။ အမျိုးသားရေး အကျိုးစီးပွားဆိုသည်မှာ တပ်မတော် တစ်ရပ်မှာသာ တာဝန်ရှိသည်မဟုတ်ဘဲ ထိုနိုင်ငံရှိ နိုင်ငံသားအားလုံး၏ တာဝန်လည်းဖြစ်၏။

ကဗျာ့ဂုဏ်

ကဗျာသည် စကားပြေထက် ကျက်မှတ်ရန်လွယ်ကူ၏။ ကာရန်ပါ၍ အသံသာသောကြောင့် ရွတ်ဆိုမှတ်မိလွယ်သည်။ ပုံနှိပ်ဖြန့်ဝေသော အလုပ်မရှိမီကပင် အကြောင်းအရာစုံကို နှုတ်တက်ရွရွ ရွတ်ဆိုကာ ဆင့်ကမ်းယူလာကြသည်မှာ ကာရန်နှင့် အသံကြောင့်ဖြစ်၏။

အသိကို သတိကပ် စဉ်းစားဆင်ခြင်သုံးသပ်နိုင်ကြစေ

ကျွန်တော်က မြန်မာ့လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေး လုပ်ငန်းမှ အငြိမ်းစားဝန်ထမ်း တစ်ဦး ဖြစ်သည်။ အငြိမ်းစားတို့ထုံးစံအတိုင်း အိမ်မှာ ဘုရား၊ တရားလေး လုပ်လိုက်၊ စာလေးဖတ်လိုက်၊ ဖေ့စ်ဘွတ် ကြည့်လိုက်နှင့် အချိန်ဖြုန်းနေရသည်။ ကိုဗစ်ရောဂါ ကူးစက်မှုက လျော့ပါး သွားပြီဆိုသော်ငြား အကင်းမသေသေး၊ မိုးကလေးကလည်း သည်းသည်းရွာလိုက်၊ ဖွဲဖွဲကျလိုက် ဖြစ်နေသဖြင့် အပြင်သို့ လမ်းလျှောက်ပင်မထွက်ဖြစ်။

ကျောက်တံခါးမြို့နယ်တွင် ပန်းခင်းစီမံချက်အကြောင်း အသိပညာပေးဆွေးနွေးပွဲ (Talk Show) ဆောင်ရွက်

ကျောက်တံခါးမြို့နယ်တွင် ပန်းခင်းစီမံချက်အကြောင်း အသိပညာပေးဆွေးနွေးပွဲ (Talk Show) ဆောင်ရွက်

ကျောင်းကုန်း၌ မျိုးစေ့ထုတ်စိုက်ခင်းအတွင်း ဓာတ်မြေသြဇာပက်ကြဲခြင်းဆောင်ရွက်

ကျောင်းကုန်း၌ မျိုးစေ့ထုတ်စိုက်ခင်းအတွင်း ဓာတ်မြေသြဇာပက်ကြဲခြင်းဆောင်ရွက် ကျောင်းကုန်း စက်တင်ဘာ ၂၀ ဝင်းကြိုင်(ပြန်/ဆက်)
Subscribe to