ပြည်သူအများ သိလိုသည့် မေးခွန်းနှင့် အဖြေများ
မကြာခင်ရက်ပိုင်းကပဲ စာရေးသူအနေနဲ့ “မဲမသမာ မှုဖြစ်ခဲ့သည့် ငြင်းမရနိုင်သောအချက်များ” ဆိုတဲ့ ဆောင်းပါးကို အစိုးရထုတ်သတင်းစာများမှာ ရေးသားဖော်ပြခဲ့ပါတယ်။ ဒီလိုရေးလိုက် တော့ ဆောင်းပါးကို စိတ်ဝင်စားတဲ့သူတွေက လူမှုကွန်ရက် (facebook) ပေါ်မှာ ပြန်လည်မျှဝေ ကြပြီး ဆွေးနွေးဝေဖန်သုံးသပ်လာကြတာကို တွေ့ရပါတယ်။ ဒီလိုဆွေးနွေးဝေဖန် သုံးသပ် ပေးကြတဲ့သူတွေကိုလည်း စာရေးသူအနေနဲ့ အထူးကျေးဇူးတင်ရှိကြောင်း ပြောပါရစေ။ ဒီလိုဆွေးနွေးကြတဲ့နေရာမှာ ရရှိလာတဲ့ အကျိုးကျေးဇူးက ဒီ ၂ဝ၂ဝ ပြည့်နှစ် ရွေးကောက်ပွဲရဲ့ မဲမသမာမှုတွေနဲ့ ပတ်သက်ပြီး ပြည်သူတွေရင်ထဲမှာရှိနေတဲ့ မတင်မကျဖြစ်နေတဲ့ မေးခွန်းတွေ၊ စိတ်ခံစားချက်တွေ၊ ဆွေးနွေးချက်တွေ ပေါ်ထွက်လာတာပါပဲ။ ဒါကအင်မတန်မှ ကောင်းမွန် တဲ့အချက်ပါ။ စာရေးသူအနေနဲ့ ပြည်သူတွေရဲ့ မတင်မကျဖြစ်နေတဲ့ခံစားချက်တွေ၊ မေးခွန်း တွေကို မိမိတတ်စွမ်းသမျှ ပြန်လည်ရှင်းလင်းတင်ပြဖို့ အခွင့်အရေးရရှိလာပါတယ်။ ဒါကြောင့် လည်း ဒီဆောင်းပါးလေး ထပ်မံပေါ်ထွက်လာရတယ်ဆိုပါတော့ဗျာ။
