Skip to main content

ပင်လယ်ငါးဖမ်းရေယာဉ် ရေလုပ်သားများအတွက် အခြေခံလုပ်ငန်းခွင် ကျွမ်းကျင်မှု သင်တန်းဖွင့်လှစ်ပို့ချ

ပင်လယ်ငါးဖမ်းရေယာဉ် ရေလုပ်သားများအတွက် အခြေခံလုပ်ငန်းခွင် ကျွမ်းကျင်မှု သင်တန်းဖွင့်လှစ်ပို့ချ

ပေါင်းတည်မြို့နယ်တွင် တစ်ပိုင်တစ်နိုင် နို့စားနွား မွေးမြူခြင်းဖြင့် နေ့စဉ်ဝင်ငွေရရှိ

ပေါင်းတည်မြို့နယ်တွင် တစ်ပိုင်တစ်နိုင် နို့စားနွား မွေးမြူခြင်းဖြင့် နေ့စဉ်ဝင်ငွေရရှိ

မြောက်ဥက္ကလာပမြို့နယ် ကြက်ခြေနီအသင်း(ခွဲ)မှ ရှေးဦးပြုစုခြင်း အခြေခံ(၁/၂၀၂၁) သင်တန်းဖွင့်လှစ်

မြောက်ဥက္ကလာပမြို့နယ် ကြက်ခြေနီအသင်း(ခွဲ)မှ ရှေးဦးပြုစုခြင်း အခြေခံ(၁/၂၀၂၁) သင်တန်းဖွင့်လှစ်

တာမွေမြို့နယ်တွင် မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေး Talk Show အစီအစဉ် အွန်လိုင်းမှတစ်ဆင့် ထုတ်လွှင့်တင်ဆက်ပေးလျက်ရှိ

တာမွေမြို့နယ်တွင် မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေး Talk Show အစီအစဉ် အွန်လိုင်းမှတစ်ဆင့် ထုတ်လွှင့်တင်ဆက်ပေးလျက်ရှိ

သွေးလွန်တုပ်ကွေးအန္တရာယ် အထူးသတိရှိကြစေချင်

သွေးလွန်တုပ်ကွေးရောဂါသည် ရာသီမရွေးဖြစ်ပွားတတ်ပြီး မိုးဦးကျကာလမှစတင်၍ မိုးရာသီတွင် အဖြစ်အများဆုံးရောဂါ ဖြစ်သည်။ ကမ္ဘာ့လူဦးရေ ထက်ဝက်ခန့်တွင် သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားနေပြီး တစ်နှစ်လျှင် ရောဂါကူးစက်ခံရသူ သန်း ၄၀၀ နီးပါး ရှိကြောင်း၊ ၎င်းတို့အနက် လူကြီး ၁၀ ရာခိုင် နှုန်းနှင့် ကလေး ၃ဝ ရာခိုင်နှုန်း ပါဝင်ကြောင်း သိရသည်။ မှတ်တမ်းများအရ ကမ္ဘာပေါ်တွင် သွေးလွန်တုပ်ကွေးရောဂါကို ကပ်ရောဂါအဖြစ် ၁၆၃၅ ခုနှစ်တွင် ဖြစ်ပွားခဲ့ပြီး မြန်မာနိုင်ငံတွင် ၁၉၇၀ ပြည့်နှစ်တွင် ကပ်ရောဂါအဖြစ် ရန်ကုန်မြို့၌ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ထက်သန်သောဆန္ဒ

တစ်ခါတစ်ရံ တစ်ခုခုသောနေရာ၊ တစ်ခုခုသော အဆောက်အအုံ၊ တစ်ခုခုသောအခြေအနေ အဖြစ်အပျက်ကို တွေ့ကြုံရသောအခါ ငါအရင်က ဤနေရာ၊ ဤအဆောက်အအုံ ဤအခြေအနေ၊ ဤအဖြစ်အပျက်မျိုးနှင့် တွေ့ကြုံဖူးသည်ဟု စိတ်၌ မှတ်ထင်တတ်လေသည်။ ။

စီးပွားရေးတည်ငြိမ်မှုနှင့် နိုင်ငံရေးတည်ငြိမ်မှု

နိုင်ငံရေးဆိုတာ နိုင်ငံတစ်ခုရဲ့ ကံကြမ္မာ အကောင်း၊ အဆိုးကို အဓိကအခန်းကဏ္ဍကနေ ပြဋ္ဌာန်းပေး တဲ့ အခြေခံအကြောင်းတရားကြီးဖြစ်တယ်ဆိုတာ ကို နိုင်ငံရေးသိပ္ပံပညာရပ်က အတိအလင်းဖွင့်ဆို ထားပါတယ်။ ဒါဘာကြောင့်လဲဆိုတော့ နိုင်ငံရေး တည်ငြိမ်မှုကို အခြေခံပြီးတော့မှကျန်တဲ့စီးပွားရေး၊ ပညာရေး၊ လူမှုရေးစတဲ့ ဘက်စုံကဏ္ဍတွေအားလုံး ကို ဖွံ့ဖြိုးတိုးတက်အောင် တည်ဆောက်နိုင်တာမို့ လို့ပဲဖြစ်ပါတယ်။ ဒီထက်ပိုတိကျအောင်ပြောရရင်တော့ နိုင်ငံရေးတည်ငြိမ်မှုရှိမှ စီးပွားရေးတည်ငြိမ်မှု ရှိဖို့ အာမခံချက်ပေးနိုင်မှာဖြစ်ပြီးတော့ စီးပွားရေး တည်ငြိမ်မှုက စောစောကပြောတဲ့ နိုင်ငံတစ်ခုရဲ့ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးကို အာမခံချက်ပေးနိုင် တာကြောင့်ပဲ ဖြစ်ပါတယ်။ တစ်ခါ စီးပွားရေး တည်ငြိမ်မှုကို နိုင်ငံရေးတည်ငြိမ်မှုက ပံ့ပိုးမှုကောင်းစွာပြုနိုင်တာနဲ့အမျှ စီးပွားဖြစ်ထွန်းမှုကို ဖန်တီးနိုင်ပြီး တော့ နိုင်ငံတစ်ခုဟာ စီးပွားရေးအရတောင့်တင်းလာလေ နိုင်ငံသားတွေရဲ့ လူနေမှု အဆင့်အတန်း၊ ပညာရေးအဆင့်အတန်း၊ ယဉ်ကျေးမှုအဆင့်အတန်းတွေကိုမြှင့်တင်ပေးနိုင်ရုံ မျှမက နိုင်ငံရေးစနစ်ကို ပိုမိုကောင်း မွန်ပြည့်စုံရေး တည်ဆောက်နိုင်ဖို့ အပြန်အလှန်အားဖြင့် အားဖြည့်ပေးတယ် လို့ဆိုပါတယ်။ ဒါကြောင့်မို့လို့ နိုင်ငံရေးတည်ငြိမ်မှုရှိဖို့နဲ့ စီးပွားရေး တည်ငြိမ်မှုရှိဖို့ ဆိုတာဟာ တစ်ခုကိုတစ်ခု အပြန်အလှန်ကောင်းစွာအထောက်အပံ့ပြုပေးနေတာ ဖြစ်တယ် လို့ဆိုရမှာဖြစ်ပါတယ်။ ။

ကိုယ်ပြုသည့်ကံ

ယနေ့ကာလတွင် သူတစ်ပါးပိုင်၊ အများ ပြည်သူပိုင် နေအိမ်၊ ကျောင်း၊ အဆောက် အအုံတို့ကိုမသမာသူအဖျက်သမားတို့က မီးရှို့ ဖျက်ဆီးခြင်း၊ ဗုံးခွဲတိုက်ခိုက်ခြင်း တို့အပြင် “ငါနဲ့မတူ ငါ့ရန်သူ” အဖြစ် သတ်မှတ်ကာ ရက်ရက်စက်စက် သတ်ဖြတ်ခြင်းတို့ ပြုလုပ်ကြ သည်ကို မြင်တွေ့ကြားသိနေရပါ၏။ ထိုသို့ မီးရှို့၊ ဗုံးခွဲ၊ သတ်ဖြတ်မှုများနှင့်ပတ်သက်၍ ဖမ်းဆီးရမိသူများ၏ ထွက်ဆိုချက် များအရ NLD အစွန်းရောက်များ၊ CRPH နှင့် NUG ၊ ၎င်းတို့ကို ထောက်ခံသူများ၊ PDF များ၊ ၎င်းတို့က ငွေပေးစေခိုင်း သူများက ပြုလုပ်ခဲ့ကြသည်ဟု ထွက် ဆိုထားသည်။ မလွဲမသွေခံစား NLD ပါတီဝင် အစွန်းရောက်များ၊ NLD ပါတီကို ထောက်ခံသူများ၊ ဝန်းရံသူများ နှင့် တပ်မတော်အပေါ် အမြင်မကြည် လင်သူများ၊ မကျေနပ် သူများသည် အများပြည်သူဆိုင်ရာတို့ကို ဗုံးခွဲ၊ မီးရှို့ ဖျက်ဆီးမှုများအား ၎င်းတို့၏ အားထုတ်မှု ဖြစ်သော်လည်း လုံခြုံရေး တပ်ဖွဲ့ဝင်များက ပြုလုပ်သယောင် မဟုတ်မမှန်လုပ်ကြံစွပ်စွဲ ပြောဆိုနေ ကြသည်ကို လူမှုကွန်ရက်များပေါ်တွင် နေ့စဉ်မြင်တွေ့ကြားသိနေရသည်။
Subscribe to