Skip to main content

တိုးထုတ်၊ လျှော့စား အကျိုးစီးပွားများပြား

 “ဆီကိုရေချိုး၊ ဆေးရိုးမီးလှုံ၊ စပါးတောင်လိုပုံ” ဟူသည့်ဆိုရိုးစကားသည် ကျွန်တော်တို့ဘိုးဘွားများ လက်ထက်က အမှန်တကယ်ဖြစ်ခဲ့သည်ကို ဂုဏ်ပြုတင်စား ဆိုထားခြင်းဖြစ်ပါသည်။ ရာသီဥတုမှန်၊ သီးနှံလည်းအထွက်ကောင်းသဖြင့် အညာတစ်ခွင်တွင် ရာဝင်ဆီအိုးကြီးများ အစီအရီရှိကြသည်ကို ညွှန်းဆိုထားဟန်တူပါသည်။ နွေအခါ ရေကျသွားသည့် ချောင်းရိုးတစ်လျှောက်နှင့် ကုန်းစပ်စပ်မြေတွင် တောင်သူဦးကြီးတို့ မြန်မာ့ဆေးရွက်ကြီးများ စိုက်ကြသည်။ ကျေးရွာအုပ်စုတစ်ခုတွင်ပင် ဧက ၁၀၀ ထက်မက စိုက်ကြသည်။ ဒေသ၏ ဆေးတစ်ဧက အထွက်နှုန်းမှာ ပိဿာ ၁၀၀ ခန့်ဖြစ်သည်။

မရှိမဖြစ်အောက်ဆီဂျင်

အောက်ဆီဂျင်ဟာ လေထုထဲမှာ အဓိကပါဝင်ပြီး သက်ရှိသတ္တဝါတွေအတွက် အရေးပါတဲ့ ဓာတ်ငွေ့တစ်မျိုးဖြစ်ပါတယ်။ အောက်ဆီဂျင်ဓာတ်ငွေ့ကို ၁၇၇၄ ခုနှစ်မှာ ဂျိုးဇက်ပရီးစတီး အမည်ရှိ အင်္ဂလိပ်ဓာတုဗေဒပညာရှင်က ဒြပ်စင်တစ်ခုအဖြစ်တွေ့ရှိခဲ့ပြီး ၁၇၇၇ ခုနှစ်မှာ ပြင်သစ်ဓာတုပညာရှင် အန်ဘွိုင်းလွင်ယာစီက ဆက်လက်စမ်းသပ်ကာ အောက်ဆီဂျင်လို့ အမည်ပေးခဲ့ပါတယ်။ ဓာတုသင်္ကေတနဲ့ အဆင်းကင်းမဲ့တဲ့ အောက်ဆီဂျင်ဟာ စကြဝဠာကြီး အတွင်း ဟိုက်ဒရိုဂျင် နဲ့ နိုက်ထရိုဂျင်ပြီးနောက် အများဆုံးတွေ့ရှိရတဲ့ ဒြပ်စင်ဖြစ်တယ်။ ကမ္ဘာ့ လေထုရဲ့ ၂၁ရာခိုင်နှုန်းမှာ အောက်ဆီဂျင် ဖြစ်ပါတယ်။ အောက်ဆီဂျင်ကို ဓာတ်ငွေ့ သန့်သန့်အ နေနဲ့သော်လည်းကောင်း၊ အခြားဒြပ်စင်တွေနဲ့ ပေါင်းစပ်၍သော် လည်းကောင်း ကျွန်မတို့ပတ် ဝန်းကျင်မှာ အများအပြားတွေ့ရတယ်။

ငြိမ်းချမ်းရေး ၁၀ နှစ် ခရီးအလွန် သင်ခန်းစာ

၂၀၂၁ ခုနှစ် ဩဂုတ် ၁၈ ရက်က မြန်မာ့ငြိမ်းချမ်း ရေးခရီး၏ သက်တမ်း ၁၀ နှစ်ပြည့်ခဲ့ပြီဖြစ်သည်။ ၂၀၁၁ ခုနှစ် ဇန်နဝါရီလ ၃၁ ရက်နေ့က စတင်ခဲ့သော သမ္မတဟောင်း ဦးသိန်းစိန် အစိုးရသည် အာဏာရရှိ ပြီး ၆ လကျော်အကြာ ၂၀၁၁ ခုနှစ် ဩဂုတ်လ ၁၈ ရက်နေ့တွင် ငြိမ်းချမ်းရေးဖိတ်ခေါ်မှု စတင်ခဲ့ပါ၏။
Subscribe to