“အာဂျီနိုမိုတို ́ ဟု လူသိများသော အချို မှုန့်သည် ဂျပန်ပြည်မှ စတင်လာခဲ့သည်။ ၁၉၀၈ ခုနှစ်တွင် ဂျပန်လူမျိုး သိပ္ပံပညာ ရှင် Kikunae lkeda ဆိုသူက ပင်လယ် ရေညှိနှင့် ငါးပါဝင်သော ဂျပန်ရိုးရာ စွပ်ပြုတ်၏ ထူးခြားသည့် အနံ့အရသာ သည် မိုနိုဆိုဒီယမ်ဂလူတမိတ် (Monosodium Glutamate - MSG) 0? ခေါ်သည့် ဓာတ်ပေါင်းတစ်မျိုးကြောင့်ဖြစ်ကြောင်း တွေ့ရှိခဲ့သည်။ အဆိုပါတွေ့ရှိချက်ကို အစပြု၍ သိပ္ပံပညာရှင်က စွပ်ပြုတ်ထဲရှိ MSG ကို ပုံဆောင်ခဲ(Crystal) အဖြစ်အောင်မြင်စွာ ထုတ်ယူနိုင်ခဲ့သည်။ ၁၉၀၉ ခုနှစ်တွင် ၎င်းသိပ္ပံပညာရှင်နှင့် သူ့မိတ်ဆွေတို့က အာဂျီနိုမိုတိုလုပ်ငန်း ကို စတင်တည်ထောင်ခဲ့ပြီး အစား အသောက်များ ပြင်ဆင်ချက်ပြုတ်ရာမှာသုံးစွဲရန်အတွက် အချိုမှုန့် (MSG)ကို စီးပွားဖြစ်ထုတ်လုပ်ခဲ့သည်။ ။