နှလုံးသားအက္ခရာတင်ရာ ရန်ကုန်တက္ကသိုလ်
“ကံ့ကော်တောကို စွန့်ခဲ့ပြီ” ဟူသောဝတ္ထုသည် ကျွန်မတို့ အလယ်တန်းကျောင်းသူဘဝကပင် တရှိုက်မက်မက် မက်ခဲ့ရသော အိပ်မက်ရှည် ဖြစ်ပါသည်။ ဝတ္ထုအမည်ကိုက လွမ်းရိပ်သန်းနေပါ သည်။ ရန်ကုန်တက္ကသိုလ်အား ကံ့ကော်တောဟူသောအမည်ကို စတင်ပေးခဲ့သူ တက္ကသိုလ် ခင်မောင်အေးသည် “ကံ့ကော်တောနှင့် ဝေးခဲ့ပြီးမှ” ဟူသော ရန်ကုန်တက္ကသိုလ် လွမ်းချင်းဖြင့်လည်း ရန်ကုန်တက္ကသိုလ်အား ကံ့ကော်တောအဖြစ် သမိုင်းတင် နိုင်ခဲ့ပါသည်။ ကံ့ကော်တောနှင့် ဝေးခဲ့ပြီးမှ မြကျွန်းညိုသို့ သတိရတိုင်း ကျွန်မတို့ မျက်ရည်ဝိုင်းရပါသည်။
