Skip to main content

ရန်ကုန်တက္ကသိုလ်ရာပြည့်အထိမ်းအမှတ် လေးနှစ်တာတက္ကသိုလ်မှာ ကြုံဆုံခဲ့ရ ဘဝအစ

စာရေးသူ(ဟိုက်စကူး)အထက်တန်းကျောင်းသားဘဝ ကတည်းက ရန်ကုန်တက္ကသိုလ်နှင့် ကျွမ်းဝင်ရင်းနှီးခဲ့ပါ သည်။ အကြောင်းမှာ အဆိုတော် စိန်လွင်၊ ထူးအိမ်သင်၊ ခင်မောင်ထူး၊ ခင်ဝမ်း၊ ခင်မောင်တိုး၊ ကိုင်ဇာ၊ ခိုင်ထူး၊ ဖိုးချို၊ အောင်နိုင်၊ ရင်ဂို၊ နော်လီဇာ၊ မေဆွိ၊ မေခလာ၊ တင့်တင့်ထွန်း၊ မီမီဝင်းဖေ စသူတို့၏ ကျောင်းသီချင်း များက ရင်ထဲမှာ ငြိတွယ်နေခဲ့သောကြောင့်ပင်တည်း။ ၁၉၈၂ ခုနှစ်တွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲအောင်ပြီး တိုက်ရိုက် မေဂျာစတင်လျှောက်ထားခွင့်ပြုသည့်နှစ် ဖြစ် သဖြင့် ရန်ကုန်တက္ကသိုလ် (ဗိုလ်တထောင်နယ်မြေ)သို့ ပထမနှစ် ပထဝီဝင် အထူးပြု ဘာသာဖြင့် တက်ရောက် ခဲ့သည်။ အပတ်စဉ်တိုင်းလိုလို လှိုင်နယ်မြေ (RC2)၊ Main (ပင်မ)ထဲ တက္ကသိုလ်နယ်မြေသို့ အကြောင်း အမျိုးမျိုးရှာပြီး ရောက်ခဲ့သည်။

ပြည်သူလူထုအခြေပြု ဖျားနာကုဆေးခန်း(Community Fever Clinic)များ

တရုတ်နိုင်ငံ ဟူပေပြည်နယ် ဝူဟန်မြို့၌ ၂၀၁၉ ခုနှစ် ဒီဇင်ဘာလအတွင်း စတင်ဖြစ်ပွားသော ကိုရိုနာဗိုင်းရပ်စ် ကိုဗစ်-၁၉ ရောဂါသည် ကမ္ဘာအနှံ့တွင် ဖြစ်ပွားလျက်ရှိပြီး ပထမအကြိမ် ပြီး၍ ဒုတိယအကြိမ်၏ ရိုက်ခတ်မှုကို ရင်ဆိုင်နေကြဆဲဖြစ်သည်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက ကူးစက်မြန် ပြင်းထန်အဆုတ်ရောင်ရောဂါ ကိုဗစ်-၁၉ ကို ကမ္ဘာလုံးဆိုင်ရာကပ်ရောဂါ (Global Pandemic) အဖြစ် ၁၁-၃-၂၀၂၀ ရက်တွင် ကြေညာခဲ့သည်။

ရွှေရတု စိန်ရတုပွဲများမှ ရာပြည့်ပွဲအထိ (ရန်ကုန်တက္ကသိုလ် ရာပြည့်အထိမ်းအမှတ်)

ရန်ကုန်တက္ကသိုလ်ရာပြည့်အထိမ်းအမှတ် စတင်ကြောင်းကြေညာခြင်းအခမ်းအနား (Launching ceremony) ကို ၂၀၁၉ ခုနှစ် ဒီဇင်ဘာ ၂ ရက်နေ့တွင် ရန်ကုန်တက္ကသိုလ် ဘွဲ့နှင်းသဘင် ခန်းမ၌ ကျင်းပခဲ့ရာ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တက်ရောက်ဖွင့်လှစ်ပြီး မိန့်ခွန်းပြောကြားခဲ့သည်။

နှစ် (၁၀၀) ပြည့် သက်တော်ရှည် မိခင်ကြီး “မြို့မ”

ဒီနှစ် ၂၀၂၀ ပြည့်နှစ်ဟာ မိမိတို့နိုင်ငံအဖို့ အမှတ်တရ အလွန်ဂုဏ်ယူကြရမယ့် ရာပြည့်ပွဲတော်တွေနဲ့ တိုက်ဆိုင်နေတဲ့နှစ် ဖြစ်နေပါတယ်။ ရန်ကုန်တက္ကသိုလ်ကြီးရဲ့ ရာပြည့် (ဒီဇင်ဘာ ၁ ရက်)၊ အမျိုးသားအောင်ပွဲနေ့ရာပြည့် ( တန်ဆောင်မုန်းလပြည့်ကျော် ၁၀ ရက်)၊ မြန်မာရုပ်ရှင်ရာပြည့်ပွဲတွေကတော့ (ကိုဗစ်ကာလကြီးဖြစ်နေလျက်နဲ့ သတ်မှတ်ထားတဲ့ ကာကွယ်ရေးစည်း မျဉ်းစည်းကမ်းတွေနဲ့အညီပဲ) အထိုက်အလျောက် အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ပါပြီ။

ကျောက်မဲမြို့နယ်၊ ခေးနင်းကျေးရွာအုပ်စု၊ ခေးနင်းကျေးရွာနှင့် ဖီတစ် (အောက်)ကျေးရွာတို့တွင် လျှပ်စစ်မီးစတင်ရရှိပြီဖြစ်

ကျောက်မဲမြို့နယ်၊ ခေးနင်းကျေးရွာအုပ်စု၊ ခေးနင်းကျေးရွာနှင့် ဖီတစ် (အောက်)ကျေးရွာတို့တွင် လျှပ်စစ်မီးစတင်ရရှိပြီဖြစ် ကျောက်မဲ ဒီဇင်ဘာ ၁၄ မိုင်းထွန်း(ပြန်ဆက်)
Subscribe to