ရာပြည့်တက္ကသိုလ်နှင့် ဘဝတစ်ကွေ့ အမှတ်တရများ
တက္ကသိုလ်ရိပ်သာလမ်းဘက်ခြမ်း ရန်ကုန်တက္ကသိုလ် ဂိတ်ပေါက်ဝမှ ဝင်လိုက်သည်နှင့် အဓိပတိလမ်း၏ လမ်းဘေးဝဲယာတစ်ဖက်တစ်ချက်ရှိ အုံ့အုံ့ဆိုင်းဆိုင်း စိမ်းစိမ်းစိုစို သစ်ပင်ကြီးများနှင့် မျက်စိတဆုံး တွေ့မြင် နေရသော အဓိပတိလမ်းအဆုံးတွင် ဘွဲ့နှင်းသဘင်ခန်းမကြီးက တင့်တင့်တယ်တယ် ခံ့ခံ့ညားညား တည်ရှိနေ သည်။ ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလ (၁) ရက်နေ့က နှစ် (၁၀၀) သက်တမ်းပြည့်ခဲ့သော ရန်ကုန်တက္ကသိုလ်ကို စာရေးသူ မည်သည့်အရွယ်က စတင်သိရှိခဲ့ပါလိမ့်ဟု မိမိဘာသာ ပြန်လည်စောကြောမိသည်။
