Skip to main content

သက်တော်ရှည် သင်္ချာပါမောက္ခ ဆရာကြီးဦးဘတုတ်

ရန်ကုန်တက္ကသိုလ်တည်ထောင်နှစ် နှစ် ၁၀၀ ပြည့်မည့်ရက် နီးကပ်လာသည်နှင့်အမျှ သတင်းစာ စာစောင်များတွင် ရန်ကုန်တက္ကသိုလ်ရာပြည့်အထိမ်းအမှတ်ဆောင်းပါးများ ဝေဝေဆာဆာထွက်ရှိနေပါသည်။ တက္ကသိုလ်၏ နှစ် ၁၀၀ အတွင်း မြင်ကွင်းအဖုံဖုံကို ရှုထောင့်အစုံစုံမှ ရေးသားထားကြသဖြင့် လွမ်းမောဖွယ်ပုံရိပ်များကို တွေ့မြင်သိရှိခွင့် ရနေကြပါသည်။

ပြည်သူလူထုအနေနဲ့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ ထုတ်ပြန်ကြေညာချက်တွေကို အားလုံးလိုက်နာတဲ့အချိန်၊ လိုက်နာမှုအားအကောင်းဆုံးအချိန်မှာ ကိုဗစ်-၁၉ ကူးစက်မှုလျော့ကျသွားမှာ ဖြစ်ပါတယ်

ရန်ကုန်တိုင်းဒေသကြီးတွင် ကိုဗစ်ဒုတိယလှိုင်း စတင်ခဲ့သည့်အချိန်မှစ၍ ရောဂါကူးစက်မှုနှုန်းမြင့်တက်လာခဲ့ပြီး လူသေဆုံးမှုများလည်း များပြားလာခဲ့သည်။ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ကိုဗစ်-၁၉ ရောဂါ ပြန့်ပွားမှုမရှိစေရေးနှင့် ပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှု အပြည့်အဝပေးနိုင်ရန် စီမံချက်များချမှတ်ကာ အကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိသည်။

ရန်ကုန်တက္ကသိုလ်ရာပြည့်အထိမ်းအမှတ် နိုင်ငံရပ်ခြားက ကျောင်းတော်သားတွေနဲ့ စည်ကားနေတဲ့ အမိတက္ကသိုလ်

နိုင်ငံတကာအဆင့်မီတက္ကသိုလ်ဆိုတာ ပညာသင်ယူဖို့၊ ပညာဖလှယ်ဖို့၊ လေ့လာဖို့ နိုင်ငံတကာက ရောက်ရှိနေတဲ့ ကျောင်းသား ကျောင်းသူတွေနဲ့ စည်ကားသိုက်မြိုက်နေတဲ့ နေရာတစ်ခုပါ။ ဒီလိုစည်ကားသိုက်မြိုက်နေဖို့ဆိုရင် အဲဒီ တက္ကသိုလ်ဟာ ပညာရပ် ဝန်းကျင်ကောင်း၊ ရုပ် ဝန်းကျင် ကောင်းတစ်ခု ဖြစ်နေဖို့ လိုပါတယ်။ ရန်ကုန်တက္ကသိုလ် ဆိုတာ ကြီးမားတဲ့အစဉ်အလာကောင်းနဲ့ စခဲ့တာပါ။ ရန်ကုန်တက္ကသိုလ် စတင်တည်ထောင်ခဲ့တဲ့ ၁၉၂ဝ ပြည့်နှစ်ကစလို့ ၁၉၆ဝ ပြည့်နှစ်ဝန်းကျင်ကာလလောက် အထိ ပညာရပ် ဝန်းကျင်ကောင်း၊ ရုပ် ဝန်းကျင်ကောင်း တစ်ခုဖြစ်ခဲ့ပြီး နိုင်ငံရပ်ခြားက ကျောင်းတော်သားတွေ လေးစားအားကျရတဲ့နေရာ၊ လာရောက်ပညာဆည်းပူး ခဲ့တဲ့နေရာတစ်ခု ဖြစ်ခဲ့ပါတယ်။
Subscribe to