၂၀၂၀ ရွေးကောက်ပွဲရက်များနှင့် နိုင်ငံပိုင်သတင်းစာ
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကြီး အောင်အောင်မြင်မြင် ကျင်းပပြီးစီးသွားခဲ့ပြီဖြစ်ပါသည်။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ၂၀၀၈ ခုနှစ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေ၊ လွှတ်တော်ရွေးကောက်ပွဲဥပဒေများပါ ပြဋ္ဌာန်းချက်များနှင့်အညီ စံသတ်မှတ်ချက်ငါးချက်ဖြစ်သည့် လွတ်လပ်ရမည်၊ တရားမျှတရမည်၊ ပွင့်လင်းမြင်သာမှုရှိရမည်၊ အများယုံကြည်လက်ခံနိုင်ရမည်၊ မဲဆန္ဒရှင်များ၏ဆန္ဒနှင့် ရွေးကောက်ပွဲရလဒ် တစ်ထပ်တည်း ဖြစ်စေရမည် ဆိုသည့်အချက်များနှင့်အညီ ဦးတည်ဆောင်ရွက်ခဲ့ပြီး ယခုလို ကမ္ဘာ့ကပ်ရောဂါ ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားစဉ်အတွင်း ပြည်သူများက တစ်ခဲနက် ပူးပေါင်းပါဝင်မှုကြောင့်လည်း ယခုလိုအောင်မြင်ခဲ့ရခြင်း ဖြစ်ပါသည်။
