Skip to main content

ဝမ်းတွင်းမြို့နယ် လေးမျက်နှာကျေးရွာမှ လွယ်အိတ်ရက်လုပ်သည့် လုပ်ငန်းများ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုကြောင့် အခက်အခဲဖြစ်

ဝမ်းတွင်းမြို့နယ် လေးမျက်နှာကျေးရွာမှ လွယ်အိတ်ရက်လုပ်သည့် လုပ်ငန်းများ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုကြောင့် အခက်အခဲဖြစ် မိတ္ထီလာ စက်တင်ဘာလ ၇ သိန်းမြင့်ကျော်

ကိုဗစ် - ၁၉ ရောဂါ ကူးစက်နိုင်သည့် နည်းလမ်းများမှ ကာကွယ်ခြင်း

ကမ္ဘာ့ကပ်ရောဂါကြီး ကိုဗစ်-၁၉ ဖြစ်ပွားခဲ့သည်မှာ လပေါင်းများစွာ ကြာမြင့်ခဲ့ပါပြီ။ ကမ္ဘာပေါ်ရှိ အချို့နိုင်ငံများတွင် နေ့စဉ်ကူးစက်မှု လျော့ကျအောင် ထိန်းချုပ် နိုင်ပြီ ဖြစ်သော်လည်း အချို့နိုင်ငံများ၌ ဒုတိယလှိုင်း ကူးစက်မှု ဝင်ရောက်လာမှုနှင့်အတူ အမေရိကန် ပြည်ထောင်စုတွင်လည်း ကူးစက်ရောဂါပျံ့နှံ့မှုကို ယခုတိုင် မထိန်းချုပ်နိုင်သေးကြောင်း တွေ့ရသည်။

လေထုသန့်ရှင်းဖို့ အားလုံးပါဝင် ဆောင်ရွက်စို့

ကမ္ဘာ့မြေမျက်နှာပြင်အထက် မိုင် ၃၀၀ (ကီလိုမီတာ ၅၀၀) ခန့်အထိကို လေထုက လွှမ်းခြုံထားပါသော်လည်း ကျွန်ုပ်တို့ အသက်ရှင်သန်မှုအတွက် ကမ္ဘာမြေပြင်အထက် ၅ မိုင်မှ ၉ မိုင်အတွင်းရှိ လေထုကိုသာ ရှူရှိုက်နိုင်ပါသည်။ သန့်ရှင်းသောလေကို ရှူရှိုက်ရခြင်းသည် သက်ရှိတို့အတွက် အရေးကြီးသောကဏ္ဍတစ်ရပ် ဖြစ်ပါသည်။ တိုးတက်လာသော ခေတ်၏ရေစီးကြောင်းအတိုင်း လူသားတို့တီထွင်ကြံဆဆောင်ရွက်မှုများမှ လေထုညစ်ညမ်းမှုများဖြစ်ပေါ်စေရာ လေထုညစ်ညမ်းမှုသည် ရာသီဥတုပြောင်းလဲမှုနှင့် ချိတ်ဆက်နေသည်ဖြစ်၍ လေထုညစ်ညမ်းမှုကို လျှော့ချနိုင်မည်ဆိုပါက သက်ရှိများနှင့် ပတ်ဝန်းကျင်အပေါ်တွင် များစွာအကျိုးဖြစ်ထွန်းလာစေမည် ဖြစ်ပါသည်။

သတင်းအချက်အလက် ညစ်ညမ်းမှုနှင့် ဖောင်းပွမှုတို့ကို သတိပြုပါ

Pollution ဆိုသော ဝေါဟာရကို ယနေ့ခေတ်တွင် လူအများရင်းနှီးနားရည်ဝလောက်ပြီး ဖြစ်သည်။ ညစ်ညမ်းမှု၊ ဖောင်းပွမှုတို့ကို ညွှန်းဆိုလိုသောအခါတွင် ယင်းဝေါဟာရကို အသုံးပြုကြသည်။ ဆိုကြပါစို့။ ရေထုညစ်ညမ်းမှု (Water Pollution)၊ လေထုညစ်ညမ်းမှု (Air Pollution)၊ အလားတူ အသံအဆမတန်ဆူညံမှု (Noise Pollution)၊ မီးရောင်စုံများလိုအပ်သည် ထက် ပိုမိုစူးရှများပြားမှု (Light Pollution) စသည်တို့ဖြစ်သည်။

COVID-19 : D614G : ကြောက်သင့်သလောက်ကြောက်ပြီး လုပ်သင့်တာကိုလုပ်ကြပါ

မိမိတို့ ဆေးလောကမှာ စာတမ်းတွေရေးကြ၊ ဖတ်ကြရင် အစမှာဖြစ်စေ အဆုံးမှာဖြစ်စေ “Disclosure” ဆိုပြီး စာတမ်းနဲ့ပတ်သက်လို့ ပြောဖို့လိုတဲ့ ဖွင့်ဟဝန်ခံချက်ကို ဖော်ပြရေးသားပြောဆိုလေ့ရှိပါတယ်။ အခုရေးမယ့် ဆောင်းပါးအတွက်လည်း မိမိအနေနဲ့ ဖွင့်ဟဝန်ခံချက် ဖော်ပြရေးသားလိုပါတယ်။ မိမိဟာ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနရဲ့ ပြောရေးဆိုခွင့် ပုဂ္ဂိုလ်လည်း မဟုတ်ပါဘူး။ USA / NIH က Dr Anthony Fauci လို UK Oxford University က Professor Sarah Gilbert နဲ့ London, Imperial College က Professor Robin Shattock တို့လို ကမ္ဘာကျော် ကျွမ်းကျင်ပညာရှင်အဆင့်လည်း မဟုတ်ပါဘူး။ မြန်မာပြည်ဆေးလောကမှာ ဆယ်စုနှစ်လေးခုကျော် ဖြတ်သန်းလာခဲ့တဲ့ အငြိမ်းစားဆေးပညာ ရှင်တစ်ဦးပါ။ အခု COVID-19 ကမ္ဘာ့ကပ်ရောဂါကြီး ဖြစ်နေတဲ့အချိန်မှာ မိမိအနေနဲ့ သာမန်အများပြည်သူတွေအတွက် ဒီရောဂါနဲ့ပတ်သက်လို့ သိသင့်တဲ့အချက်၊ ဆောင်ရန် ရှောင်ရန်အချက်တွေကို ရေးသားနေတဲ့အခါမှာ ကြောက်အောင်၊ လန့်အောင် ခြောက်လှန့်ရေးတာမဟုတ်ဘဲ လူအများအနေနဲ့ သိသင့်တာနဲ့လုပ်သင့်ပြီး လုပ်နိုင်တာကိုသာ ရေးသားနေတာဖြစ်ပါကြောင်း ပထမဆုံး ဖော်ပြလိုပါတယ်။
Subscribe to