ရန်ကုန်တက္ကသိုလ် ကျောင်းဆောင်နေ ကျောင်းသားဘဝဖြတ်သန်းမှု
အောက်တိုဘာ ၃၁ ရက်နေ့ မြန်မာ့အလင်းသတင်းစာတွင် ဒေါက်တာဦးသန်းဦးက “ရန်ကုန် တက္ကသိုလ်နေ ကျောင်းသား ဘဝ”ခေါင်းစဉ်ဖြင့် ဆောင်းပါးရေးသားခဲ့ရာတွင် “အချုပ်အားဖြင့် စာရေးသူအနေဖြင့် တင်ပြဆွေးနွေးလိုသည်မှာ တက္ကသိုလ်၊ ကောလိပ်၊ သိပ္ပံ စသည့် ကျောင်းသား ဘဝတွင် စာသင်သားဘဝသက်သက်ဖြင့် ပြည့်စုံလုံလောက်မှု မရှိပါ၊ အဆောင်နေဘဝပါ တစ်ပါတည်း ထည့်သွင်းပါဝင်မှုပြုပါမှ ပြည့်စုံသောဘဝကို မုချရရှိကြရလိမ့်မည်ဖြစ်ပါသည်”ဟု ရေးသားထားသည်ကို တွေ့ရပါသည်။
