မော်လမြိုင်မြို့မှ သတင်းစာများ
ဗြိတိသျှတို့ စိုးမိုးမှုအောက်တွင် မော်လမြိုင်၌ အခြေချလာသော စက်မှုလုပ်ငန်းများထဲတွင် စာပုံနှိပ်စက် လုပ်ငန်းသည်လည်း တစ်ခုအပါအဝင် ဖြစ်ခဲ့သည်။ စာပုံ နှိပ်စက်ကို ၁၃ဝ ပြည့်နှစ်ခန့်တွင် ခရစ်ယာန်သာသနာပြု များက စတင်တည်ထောင်ခဲ့ကြသည်။ ခရစ်ယာန် သာသနာပြုရေးအတွက် ခရစ်ယာန်ကျမ်းစာများကို ပုံနှိပ် ထုတ်ဝေနိုင်ရန် ရည်ရွယ် လုပ်ဆောင်ခဲ့ကြခြင်းဖြစ်သည်။ အမေရိကန် သာသနာပြုဆရာကြီး Rev. C.Bennett ယူဆောင်လာကာ စတင်တည်ထောင်ခဲ့သော Free School Press မှာ ပထမဦးဆုံးသော စာပုံနှိပ်စက် ဖြစ်မည် ဟု ယူဆရသည်။ ဘင်းနက်သည် အစိုးရအခမဲ့ကျောင်းတွင် ကျောင်းအုပ်အဖြစ် လုပ်ကိုင်ရင်း ကျောင်းအုပ် အလုပ်နှင့်အတူ သာသနာပြု အလုပ်၊ ပုံနှိပ်စက် အလုပ်တို့ကို ပူးတွဲလုပ်ကိုင်ခဲ့သည်။ ဘင်းနက်၏စက်သည် သစ်သားလက်ကိုင် လက်လှည့် ပုံနှိပ်စက်များသာဖြစ်သည်။ ၁၈၃၂ ခုနှစ်တွင် အမေရိကန်မှ မစ္စတာဘော်လီ တီး ကတ္တားက ပုံနှိပ်စက်တစ်လုံးနှင့်အတူ ရောက်ရှိလာခဲ့ ပြန်သည်။ မစ္စတာကတ္တားယူ ဆောင်လာခဲ့သော ပုံနှိပ် စက်မှာ အမေရိကန် ခရစ်ယာန်အဖွဲ့က သာသနာပြု လုပ်ငန်းအတွက် လက်ဆောင် ပေးလိုက်သော စက်ဖြစ်ပြီး သံကိုယ်ထည်ဖြင့် ပြုလုပ်ထားသော Power Machine ဖြစ်သည်။