ကိုရိုနာဗိုင်းရပ်စ်ပိုးထက် ပျံ့နှံ့နှုန်းမြန်သည့် သတင်းအမှားဗိုင်းရပ်စ်
ကိုဗစ် -၁၉ ဟု အမည်သညာတပ်ခဲ့ကြသည့် ကိုရိုနာဗိုင်းရပ်စ်အန္တရာယ်ကို ကမ္ဘာတစ်လွှားက နိုင်ငံသူ နိုင်ငံသားများ ရင်ဆိုင်နေကြရသည်။ ကမ္ဘာတစ်ဝန်း ဗိုင်းရပ်စ်ပိုးပျံ့နှံ့မှုနှင့်အတူ သတင်း အမှား၊ သတင်းအတု၊ လုပ်ကြံသတင်းများနှင့် အမုန်းစကားများသည်လည်း တစ်ဟုန်ထိုးပျံ့နှံ့လျက်ရှိသည်။
