ငယ်ငယ်တုန်းက အငြိမ့်တွေ၊ ဇာတ်ပွဲတွေမှာ “နှစ်ကိုယ့် တစ်စိတ်” ဆိုတာကို မြင်ရတွေ့ရတယ်။ အမျိုးသားတစ်ဦး ဟာ တစ်ပိုင်းမှာအမျိုးသားတစ်ယောက်လို ဝတ်ဆင်ထားပြီး တစ်ဖက် ကတော့ အမျိုးသမီးတစ်ယောက်အဖြစ် သရုပ်ဖော်ထားတယ်။ သူတို့တစ်ဖက်က ကြည့်ရင် အမျိုးသားအနေနဲ့သာ မြင်ရပြီး တစ်ဖက်ကကြည့်ပြန်ရင် အမျိုးသမီးတစ်ဦးလို့ထင်ရတာ။ ဒီနမူနာဟာ ဆောင်းပါး ရဲ့ခေါင်းစဉ်နဲ့ ဆက်စပ်နေတာဖြစ်ပါတယ်။