Skip to main content

ပိုမိုအဆင့်မြင့်သော၊ ပိုမိုလုံခြုံစိတ်ချရသော ငွေစက္ကူတွေကိုင်တွယ်သုံးစွဲနိုင်ဖို့ မြန်မာနိုင်ငံတော် ဗဟိုဘဏ်က အလေးထားဆောင်ရွက်ပေးနေ

မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ဗိုလ်ချုပ်ရုပ်ပုံပါ ငွေစက္ကူငါးရာကျပ်တန် ပုံစံသစ်ကို ၂၀၂၀ ပြည့်နှစ် ဇူလိုင် ၁၉ ရက်က ထုတ်ဝေခဲ့သည်။ ဗိုလ်ချုပ်ရုပ်ပုံပါငွေစက္ကူ တစ်ထောင်တန် ပုံစံသစ်ကိုလည်း ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီ ၄ ရက်က ထုတ်ဝေခဲ့ပြီးဖြစ်သည်။ ထိုသို့ ဗိုလ်ချုပ်ရုပ်ပုံပါ ငွေစက္ကူထုတ်ဝေ သုံးစွဲမှုနှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံတော်ဗဟိုဘဏ် ငွေကြေးစီမံခန့်ခွဲမှုဌာန ညွှန်ကြားရေးမှူးချုပ် ဦးဝင်းမြင့်နှင့် တွေ့ဆုံမေးမြန်းခဲ့သည်များကို ဖော်ပြအပ်ပါသည်။

ပြောပြချင်တဲ့ ရုပ်ရှင်ဝေဖန်ရေးအကြောင်း

ယနေ့မြန်မာ့ရုပ်ရှင်နှစ် (၁၀၀) ပြည့် ခရီးရောက်ချိန်တွင် မြန်မာ့ရုပ်ရှင်ကား ရိုက်ကူးတင်ပြပုံနှင့် ဇာတ်ကား အရည်အသွေး၊ အဆင့်အတန်းတို့ ပြောင်းလဲတိုးတက် မှုရှိသည်ဟု ဆိုရမည်ဖြစ်သည်။ သို့သော်မြန်မာ့ရုပ်ရှင် နှစ် (၁၀၀) ပြည့်ခရီးအလွန်တွင် မြန်မာ့ရုပ်ရှင် လောကကြီးအနေဖြင့် များစွာ ကြိုးပမ်းကြရဦးမည် ဖြစ်သည်။

ကျေးလက်လူမှုစီးပွားမြင့်မားဖို့ ကျေးလက်လမ်းတွေ အဆင့်မြှင့်စို့

ဂွေးကုန်း-ဝက်ချုပ်-နတ်မောက် ကတ္တရာလမ်းပေါ်တွင် စက်ဘီး၊ ဆိုင်ကယ်၊ ကား စသည်တို့ဖြင့် သွားလာသူများ စည်ကားနေသည်။ ဂွေးကုန်းရွာသည် နတ်မောက်မြို့၊ ရေနံချောင်းမြို့တို့နှင့် မဝေးသော်လည်း ယခင်က မြေသားလမ်းဖြစ်သည့်အတွက် ခရီးမတွင်ပေ။ မြေသားလမ်းသာ ဖြစ်သည့်အတွက် မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် ဂွေးကုန်းကျေးရွာနှင့် ဝက်ချုပ်ကျေးရွာ အနီးနားတစ်ဝိုက်ရှိ ကျေးလက်နေပြည်သူများသည် ဒေသလူမှုစီးပွားအတွက် အခက်အခဲများ ရှိခဲ့ကြသည်။
Subscribe to