အာဆီယံအဖွဲ့ဝင်နိုင်ငံများ၏ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ပျံ့နှံ့မှုအခြေအနေနှင့် တုံ့ပြန်ဆောင်ရွက်ချက်များ
ကမ္ဘာတစ်ဝန်း၌ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှုသည် မြန်ဆန်လျက်ရှိသည့်အတွက် အစိုးရအဖွဲ့အစည်းများက လည်း ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းစဉ်များကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိသည်။
ယခုအချိန်တွင် တရုတ်နိုင်ငံအတွင်း ဗိုင်းရပ်စ်ကူး စက်မှု နှုန်း လျော့ကျသွားသော်လည်း ဥရောပနိုင်ငံများနှင့် အခြားနိုင်ငံများတွင် ဗိုင်းရပ်စ်ကူးစက်မှုနှုန်း တစ်နေ့ တခြား တိုးတက်မြင့်မားလျက်ရှိသည်ကို တွေ့ရသည်။
