တိရစ္ဆာန်ကူးစက်ရောဂါများကာကွယ်ဖို့ မွေးမြူမှုပုံစံ ပြောင်းလဲစို့
နိုင်ငံ့ပြည်တွင်းအသားတင်ထုတ်လုပ်မှုနှင့် ဝန်ဆောင်မှု တန်ဖိုး (GDP) ၏ ၃၀ ရာခိုင်နှုန်းခန့်ကို စိုက်ပျိုးမွေးမြူရေး ကဏ္ဍမှ ရရှိသော်လည်း တိရစ္ဆာန်ကျန်းမာရေးဆိုင်ရာ၊ မွေးမြူရေးဆိုင်ရာ အသိပညာအားနည်းခြင်းကြောင့် တောင်သူလယ်သမားအများစု၏ တိရစ္ဆာန်မွေးမြူရေး (အထူးသဖြင့် - ကျွဲ၊ နွား၊ ဝက်) နှင့်ပတ်သက်သော အကျိုးခံစားခွင့် အလွန်နည်းပါးလှပြီး ၎င်းတို့၏ လူမှုစီးပွားဘဝသည် တိုးတက်သင့် သလောက် တိုးတက်မှုမရရှိခဲ့ပေ။
