ကင်းထောက်ဆိုသည်မှာ ခေါင်းစဉ်ဖြင့် စကားဝိုင်းဆွေးနွေးပွဲကျင်းပ
ကင်းထောက်ဆိုသည်မှာ ခေါင်းစဉ်ဖြင့် စကားဝိုင်းဆွေးနွေးပွဲကို ကင်းထောက်ချုပ် ဒေါက်တာတင်ညို၊ ဒုတိယကင်းထောက်ချုပ် ဦးသာစိန်၊ အပြည်ပြည်ဆိုင်ရာ ကင်းထောက်မှူးချုပ် ဦးမောင်မောင်ဝင်း၊ သီဟကင်းထောက်ကြီး ဦးကျော်၊ ကင်းထောက်ကြီး အလင်္ကာကျော်စွာ၊ ဂီတစာဆို ဟင်္သာတမြင့်ငွေနှင့် ကင်းထောက်အစီအစဉ်မှူးချုပ် ဦးအေးကြိုင်တို့ပါဝင် ဆွေးနွေးခဲ့ကြသည်များကို မြန်မာ့အသံနှင့်ရုပ်မြင်သံကြားက ရိုက်ကူးထုတ်လွှင့်ခဲ့သည်။ အဆိုပါစကားဝိုင်းတွင် ဆွေးနွေးခဲ့ကြသည်များကို ဖော်ပြအပ်ပါသည်။
ဦးအေးကြိုင်။ ။ ကျွန်တော်တို့ ကင်းထောက်သမိုင်း အစကို ကင်းထောက်ချုပ် ဒေါက်တာ တင်ညိုကနေ စတင်ဆွေးနွေးပေးဖို့ ဖိတ်ခေါ်ပါတယ်။
