အောင်မြင်သော စာကြည့်တိုက်များ တည်ထောင်ကြပါစို့
၂၀၂၄ ခုနှစ် မေလထဲတွင် နတ်တလင်းမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနခန်းမ၌ စာကြည့်တိုက်စီမံခန့်ခွဲမှုအစည်းအဝေးကို ကျွန်တော်တက်ခဲ့ရသည်။ စာကြည့်တိုက်စီမံခန့်ခွဲမှုပညာသည် ပြည့်ပြည့်စုံစုံလေ့လာလျှင် နှစ်ချီ၍ လေ့လာရသည့်ပညာဖြစ်သည်။ သို့သော် သင်ကြားပို့ချပေးမည့်ဆရာကြီး ဆရာမကြီးများနှင့် သင်တန်းသားဆရာ ဆရာမများသည် အခြားတာဝန်များကိုလည်း မအားမလပ်ထမ်းဆောင်နေရသဖြင့် ရသည့်အချိန်လေးတွင် ကြိုးစား၍အကျဉ်းချုံး ပို့ချပေး၊ ကျွန်တော်တို့ကလည်း ကြိုးစားနာယူမှတ်သားကြရပါသည်။
