Skip to main content

မဲရုံတံခါးကြီး ဖွင့်လှစ်ပြီ …

ရွေးကောက်ပွဲ အပိုင်း(၂)အတွက် မဲရုံတံခါးကြီးက ဇန်နဝါရီ ၁၁ ရက်တွင် ဖွင့်လှစ်တော့မည်ဖြစ်သည်။ ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း(၂)တွင်ပါဝင်သည့် မဲဆန္ဒနယ်များမှ မဲပေးပိုင်ခွင့်ရှိသူပြည်သူများ မဲပေးကြတော့မည်။ နိုင်ငံအတွင်းမှ မြို့နယ် ၁၀၀ တွင် ရွေးကောက်ပွဲအပိုင်း(၂) အောင်မြင်စွာကျင်းပနိုင်ရေးအတွက် မဲရုံများကို ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိပြီးဖြစ်သည်။ ထို့အတူ မဲဆန္ဒရှင်ပြည်သူတိုင်း အေးချမ်းလုံခြုံစွာ ဆန္ဒနှင့်အညီ လွတ်လွတ်လပ်လပ်ဆန္ဒမဲပေးနိုင်ရန် စီမံဆောင်ရွက်ထားပြီးဖြစ်သည်။

လူငယ်၊ ယှဉ်ပြိုင်မှု၊ စွန့်ဦးတီထွင်လုပ်ကိုင်မှုနှင့် ငြိမ်းချမ်းရေး မျှော်လင့်ချက်

လူငယ်ဟူသည်ဖျတ်လတ်သည်၊ တက်ကြွသည်၊ လုပ်ချင်ကိုင်ချင်စိတ်ပြင်းပြသည်၊ တီထွင်ကြံဆလိုစိတ်ကြီးမားသည်။ ထို့ကြောင့် ဖျတ်လတ်တက်ကြွ၍ ဖြစ်ထွန်းအောင်မြင်လိုစိတ်ပြင်းပြသော စိတ်ဓာတ်ခွန်အားရှိသည့် လူငယ်တို့ကို လူ့အဖွဲ့အစည်းတိုင်းတွင် အလေးထားနေရာပေးနေကြခြင်းဖြစ်သည်။ ယနေ့ကာလအချိန်အခါသည် သတင်းနှင့် ဆက်သွယ်ရေးနည်းပညာ အံ့မခန်းတိုးတက်နေသောခေတ်ဖြစ်သည်။ အဆိုပါ နည်းပညာတိုးတက်မှုနှင့် လူငယ်တို့၏ စွန့်ဦးတီထွင်လုပ်ကိုင်လိုစိတ်ပေါင်းစပ်ပေး၍ သင့်လျော်စွာ အသုံးပြုနိုင်ပါက နိုင်ငံတစ်နိုင်ငံ၊ လူ့အဖွဲ့အစည်းတစ်ရပ်၏ ဖွံ့ဖြိုးတိုးတက်မှုကို အားကောင်းသော မောင်နှင်အားတစ်ရပ်ဖြစ်လာပေလိမ့်မည်။

၂၀၂၅ -၂၆ အချိုးအကွေ့တစ်ခု သမိုင်းဝင် မှတ်တမ်းတစ်ခု

ပြည်တွင်းပြည်ပ ဖိအားမျိုးစုံနှင့် စိန်ခေါ်မှုမျိုးစုံကြားမှ ကျင်းပခဲ့ရသော ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အပိုင်း(၁)က အောင်မြင်စွာပြီးစီးသွားခဲ့ပါပြီ။ အမှန်တကယ်လည်း ဖိအားများစွာ၊ စိန်ခေါ်မှုမျိုးစုံအောက်တွင် ကျင်းပခဲ့ရခြင်းဖြစ်သည်။ သို့သော် တည်ငြိမ်အေးချမ်းစွာလုပ်သင့်သည်ကို လုပ်နိုင်ခဲ့ကြသည်။ အောင်မြင့်သင့်သလောက် အောင်မြင်ခဲ့ကြသည်။ ကြီးမားသောဖိအားများအောက်က ထိုအောင်မြင်မှုများကား နောက်ထပ်ကျင်းပမည့် အပိုင်း(၂)နှင့် အပိုင်း (၃)တို့အတွက် အားသာချက်များဖြစ်စေခဲ့ပါပြီ။
Subscribe to