ပန်းတိုင်ရည်မှန်းချက်ပြည့်မီစွာ စိုက်ပျိုးထုတ်လုပ်နိုင်ရေး ကြိုးပမ်း
နိုင်ငံ့စီးပွားတိုးတက်ရေးတွင် စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး အတွက် ဦးစားပေးဆောင်ရွက်ရန်လိုသည်။ နိုင်ငံ့လူဦးရေ၏ ၇၀ ရာခိုင်နှုန်းဖြစ်သော ကျေးလက်ပြည်သူများသည် စိုက်ပျိုးရေး နှင့် မွေးမြူရေးကို အဓိကလုပ်ကိုင်ကြပြီး စိုက်ပျိုးရေးနှင့် ဆက်စပ် လျက်ရှိသည့် ကုန်ထုတ်လုပ်ငန်းများ၊ စက်မှုလက်မှုလုပ်ငန်းများ ကိုလည်း လုပ်ကိုင်လျက်ရှိကြရာ စိုက်ပျိုးရေးနှင့် မွေးမြူရေးတို့ကို မြှင့်တင်ပေးနိုင်သည်နှင့်အမျှ နိုင်ငံ့လူဦးရေ၏ သုံးပုံနှစ်ပုံခန့်သော ပြည်သူများ၏ လူမှုအဆင့်အတန်းများလည်း ပြောင်းလဲတိုးတက် လာနိုင်မည်ဖြစ်သည်။