လူမှုရေး

အမုန်းတရားများကို အဆက်မပြတ်ရိုက်သွင်းလေသောအခါ …

 

စာချစ်သူ

ဇူလိုင်လ ၁၆ ရက်နေ  နံနက်။ မန္တလေးမြို့ ပြည်ကြီးတံခွန်မြို့နယ်   လျှပ်စစ်ရုံးရှေ့ တွင် မီတာဆောင်ရန် လူ  ၃၀ ခန့် တန်းစီ စောင့်ဆိုင်းနေလေသည်။ နံနက် ၉ နာရီ ကျော်တွင် အင်္ကျီအဝါရောင်လက်ရှည်နှင့် ဂျင်းဘောင်းဘီနက်ပြာရောင်  တွဲလျက် ဝတ်ဆင်ထားပြီး ပန်းရောင်ပိုက်ဆံအိတ် ကို လွယ်ထားသည့်    အမျိုးသမီးတစ်ဦး YinXing အမျိုးအစား မော်တော်ဆိုင်ကယ် အားစီး၍ ရုံးအတွင်း ဝင်ရောက်လာသည်။ 

တတ်အားသမျှ ပါ၀င်ကုသိုလ်ဒါနပြုခြင်းဖြင့် တိဟိတ်ပုဂ္ဂိုလ်များ ဖြစ်ကြပါစေ

 

ဒေါက်တာမြတ်မိုး
 

လူသားတို့လောဘကြောင့် ဖြစ်ရသည့် ဒုဗ္ဘိက္ခန္တရ ကပ်၊ မောဟကြောင့်ဖြစ်ရသည့် ရောဂန္တရကပ်၊ ဒေါသကြောင့်ဖြစ်ရသည့်  သတ္တန္တရကပ်    ဤ ကပ်ကြီးသုံးပါးအနက် ကူးစက်ရောဂါကပ်ဘေးကြောင့်ဖြစ်ရသော  ရောဂန္တရကပ်ဘေးဆိုးကြီး ကြောင့်   ကမ္ဘာလူသားအားလုံး  ထိခိုက်ပျက်စီးမှု များစွာဖြင့်    လက်တွေ့ရင်ဆိုင်ဖြေရှင်းနေကြရ သည်။

နိုင်ငံ့စီးပွားရေးကိုပံ့ပိုးပေးမည့် အနောက်မြောက်ဘက်ဆီက မီးခိုးတိတ်စက်ရုံ

 

ခမ်လျန်စွမ်း (စီးပွား/ကူးသန်း)

နိဒါန်း


မြန်မာနိုင်ငံသည် ကမ္ဘာ့နိုင်ငံအချို့၏ စီးပွားရေး ပိတ်ဆို့မှုအပေါ်တွင် များစွာ အကျိုးသက်ရောက်မှုမရှိ နိုင်သောနိုင်ငံဖြစ်ပါသည်။ မြန်မာ့နိုင်ငံရေးကို ဝေဖန် သုံးသပ်သူ နိုင်ငံခြားသား အချို့က မြန်မာနိုင်ငံသည် နိုင်ငံရေး  အကျပ်အတည်းကြောင့် အငတ်ဘေးနှင့် ကြုံရမည်။ စီးပွားရေးဒေဝါလီ  ခံရတော့မည်၊ နိုင်ငံ တကာ စီးပွားရေးနှင့် စားနပ်ရိက္ခာ   အကူအညီ အမြန်လိုအပ်သည်    အစရှိသဖြင့်   မြန်မာနိုင်ငံ အကြောင်းကို ဂဃနဏ မသိဘဲ  ဝေဖန်ခဲ့ဖူးပါသည်။ 

ကျောပိုးအိတ်လေးကို ချီကာလွယ်ခဲ့သူ

 

မှတ်မှတ်ရရဆိုရလျှင် ၂၀၀၉ ခုနှစ် ဇူလိုင်လ ၃၀ ရက်  မိုးကသဲသဲမဲမဲ ရွာနေသည်။ မိုးတွေက    ရွာနေသောကြောင့်   ပတ်ဝန်းကျင်ကလည်း မိုးစက်     မိုးပေါက်တို့ကြောင့် ဝေဝါးနေသည်။ ကျွန်တော့်အသက်အရွယ်ကြောင့်လည်း ဝေဝါးနေတာဖြစ်ပါသည်။   ကျွန်တော်၏  အသက်သည် ၈၄ နှစ်တင်းတင်း  ပြည့်မြောက်ခဲ့ပြီဖြစ်၏ ဟူသော အဖွင့်ဖြင့် လေထန်ထန် မိုးသည်းသည်းနေ့ တစ်နေ့တွင်   စာရေးသူ တင့်ဆွေ (ဖျာပုံ) က ကျောပိုးအိတ်လေးကို ချီကာလွယ်ဆိုသည့်  ဘဝမှတ်တမ်းစာစုကို အစပြုမွေးဖွားဖြစ်ခဲ့သည်။ 

ထူးမြတ်ကြည်ညို လမြတ်ဝါဆို

ရွှေတိုင်လွင်

=====

 

ဝါဆိုလသည် မြန်မာနှစ် တစ်ဆယ့်နှစ်လရာသီဝယ် စတုတ္ထမြောက် ကရကဋ်ရာသီတွင်းသက်ဆင်းသော မိုးဦးကာလပင် ဖြစ်သည်။ မိုးများရွာသွန်းခြင်းကြောင့် နွေရာသီတစ်လျှောက် ပူပြင်းလာခဲ့သောအပူရှိန်တို့ မှေးမှိန်ကာ အေးစိမ့်သောအအေးဓာတ်တို့   လွှမ်းမိုး လာခြင်းကြောင့်  လူသားတို့ အလွန်နှစ်သက်သော လပင်ဖြစ်ပေသည်။   သာယာစိုပြည်သော   တော တောင်ရေမြေတို့ဝယ် စိမ်းလန်းစိုပြည်စွာ တွေ့မြင် ရခြင်းကြောင့် အလွန်မှနှစ်လိုဖွယ်ရာလပင် ဖြစ်ပါ သည်။ 

ကျေးလက်လမ်း၊ တံတားများ အဆင့်မြှင့်တင်ဖောက်လုပ်ခြင်းဖြင့် လူမှုစီးပွားဖွံ့ဖြိုးစေမည်

နေပြည်တော်သည် ပဲခူးရိုးမတောင်တန်းနှင့် ရှမ်းရိုးမတောင်တန်း နှစ်ခုတို့အကြား မြန်မာနိုင်ငံ၏ အလယ်ဗဟိုအနီးတွင် တည်ရှိကာ သယ်ယူပို့ဆောင်ရေးနှင့် လမ်းပန်းဆက်သွယ်ရေးအတွက် အချက်အချာမြို့ဖြစ်ပြီး မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်၊ ကယားပြည်နယ်နှင့် ကရင်ပြည်နယ်တို့နှင့် ထိစပ်လျက်ရှိသည်။
Subscribe to လူမှုရေး