ဆန္ဒကြီးခြင်းဖြင့် ကြံသမျှပြီးရမည်
လွတ်လပ်ရေးသက်တမ်း ၇၅ နှစ်ပြည့်မြောက်ခဲ့ပြီဖြစ် သော နိုင်ငံမှ နိုင်ငံသူ နိုင်ငံသားများအားလုံးတို့မှာ လွတ်လပ်ရေး၏ အရသာကို အပြည့်အဝ ခံစားနိုင်ခွင့် ရှိသင့်ကြပြီဖြစ်သည်။ နိုင်ငံသားတို့၏ မူလအခွင့်အရေး များကို ဥပဒေဖြင့် ပြဋ္ဌာန်း၍ ပေးအပ်နိုင်စေကာမူ နေ့စဉ် လူမှုဘဝအတွက် လိုအပ်ချက်များ ပြည့်စုံဖူလုံစေရေး၊ တစ်နည်းအားဖြင့် တောင့်တမှုမှ ကင်းဝေးနိုင်ရေးအတွက် ဆိုလျှင်မူ လက်တွေ့ကျကျဆောင်ရွက်မှသာ ရရှိနိုင်မည် ဖြစ်သည်။