Aug 20, 2023
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်းသည် ယနေ့နံနက်ပိုင်းတွင် လျှပ်စစ်ဓာတ်အားထုတ်လုပ်လျက်ရှိသော စက်ရုံများမှ နေပြည်တော်ကောင်စီနယ်မြေအတွင်းသို့ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးလျက်ရှိသော ၂၃၀ ကေဗွီ ပျဉ်းမနားပင်မ ဓာတ်အားခွဲရုံနှင့် ၂၃၀ ကေဗွီ နေပြည်တော်-၂ ပင်မ ဓာတ်အားခွဲရုံတို့ကို ကြည့်ရှုစစ်ဆေးသည်။
Aug 20, 2023
ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော် ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ယူနန်ပြည်နယ် ပြည်သူ့အစိုးရ ပြည်နယ်အုပ်ချုပ်ရေးမှူး၏ ဖိတ်ကြားချက်အရ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကူမင်းမြို့၌ ဩဂုတ် ၁၅ ရက်မှ ၁၈ ရက်အထိ ကျင်းပခဲ့သည့် (၇) ကြိမ်မြောက် တရုတ် - တောင်အာရှပြပွဲ၊ (၂၇)ကြိမ် မြောက် တရုတ်(ကူမင်း) ပို့ကုန်/ သွင်းကုန် ကုန်စည် ပြပွဲ ဖွင့်ပွဲအခမ်းအနား၊ ၂၀၂၃ ခုနှစ် မဟာမဲခေါင်ဒေသခွဲ စီးပွားရေးစင်္ကြံ အုပ်ချုပ်သူများဖိုရမ်နှင့် ဆက်စပ်အခမ်းအနားများ တက်ရောက်ခဲ့ပြီး ယနေ့ညနေပိုင်းတွင် လေကြောင်းခရီးဖြင့် ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိသည်။
Aug 20, 2023
မြန်မာနိုင်ငံသည် လွတ်လပ်ရေးရပြီးအချိန်မှစ၍ မျက်မှောက်ကာလထိတိုင် မငြိမ်းချမ်းသော အခြေအနေများနှင့် ကြုံတွေ့နေဆဲဖြစ်သည်။ လွတ်လပ်ရေးရပြီး နောက် ပြည်တွင်းရောင်စုံ သောင်းကျန်းသူများက တိုင်းပြည်ပျက်စီးစေရန် တိုက်ခိုက် ဖျက်ဆီးမှုများပြုလုပ်ခဲ့ကြသည်ကို နိုင်ငံ့သမိုင်းတွင် တွေ့ရမည်ဖြစ်သည်။ အကြမ်းဖက်သမားများသည် ယနေ့ထက်တိုင် အများပြည်သူအကျိုးစီးပွားများ ပျက်စီးစေရန် အဖျက်လုပ်ရပ်များ ဆက်လက်လုပ်ကိုင်နေ သည်ကို တွေ့ရမည်ဖြစ်သည်။
Aug 20, 2023
မြန်မာနိုင်ငံတွင် အသုံးများသည့် လူမှုကွန်ရက်စာမျက်နှာများတွင် ပျံ့နှံ့ခဲ့သည့် “ဘာမှမမျှော်လင့်ပါနဲ့ (Don't expect anything!)” အမည်ရှိ ရုပ်ရှင်ဇာတ်လမ်းရိုက်ကူးခဲ့သူနှင့် ပါဝင်သရုပ်ဆောင် သူများကို ဖမ်းဆီးလိုက်ပြီး ဥပဒေနှင့်အညီ အရေးယူဆောင်ရွက် သွားမည်ဟု သိရသည်။ isi Dhamma Youtube Channel နှင့် Tiktok တို့တွင် လွှင့်တင်ခဲ့သည့် အဆိုပါရုပ်ရှင်ဇာတ်လမ်းသည် မြန်မာလူမျိုးသရုပ်ဆောင်များနှင့် မြန်မာစကားပြောဖြစ်သည့် အတွက် မြန်မာနိုင်ငံအတွက် ရည်ရွယ်ထားသည်မှာ ထင်ရှားသည်။
Aug 19, 2023
ဆိုင်ကလုန်းမုန်တိုင်း(မိုခါ)တိုက်ခတ်မှုကြောင့် မုန်တိုင်းဒဏ်သင့် ဒေသခံ ပြည်သူများနှင့် ဌာနဆိုင်ရာဝန်ထမ်းများ၏ စားသောက်ရေးအဆင်ပြေစေရန်နှင့် မိမိတို့အလိုရှိရာ စားသောက်ကုန်ပစ္စည်းများကို ဈေးနှုန်းသက်သာစွာဖြင့် ဝယ်ယူ စားသောက်နိုင်ရေးအတွက် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ နယ်မြေခံတပ်မတော် သားများနှင့် တာဝန်ရှိသူများက နေ့စဉ်ရောင်းချပေးလျက်ရှိသည်။
Aug 19, 2023
အကြမ်းဖက်အုပ်စုအဖြစ်ကြေညာထားသော CRPH၊ NUG နှင့် ယင်းတို့၏ လက်ဝေခံ အဖွဲ့အစည်းများ၊ ယင်းတို့နှင့် ဆက်နွှယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော် တည်ငြိမ်အေးချမ်း ရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများ ဖြစ်ပေါ်စေပြီး အစိုးရယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို လူမှုကွန်ရက်များမှ တစ်ဆင့် နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိပါသည်။
Aug 19, 2023
ပြည်ထောင်စုနယ်မြေ နေပြည်တော်ဒက္ခိဏသီရိမြို့နယ်ရှိ ဗုဒ္ဓဥယျာဉ် ဝတ္တုကံတော်တွင် တည်ထားပူဇော်ထားရှိသည့် ကမ္ဘာပေါ်ရှိထိုင်တော်မူ ကျောက်ဆစ်ဗုဒ္ဓရုပ်ပွားတော်များအနက် ဉာဏ်တော်အမြင့်ဆုံးဖြစ်တော်မူသော မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား အနယ်နယ်အရပ်ရပ်မှ လာရောက်ဖူးမြော်ကြည်ညိုကြသည့် ရဟန်း၊ ရှင်လူ ဘုရားဖူး ပြည်သူများဖြင့် အထူးစည်ကားလျက်ရှိသည်။
Aug 19, 2023
ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်အတွင်း တည်ထား ကိုးကွယ်ထားရှိသည့် ကမ္ဘာပေါ်ရှိထိုင်တော်မှု ကျောက်ဆစ်ဗုဒ္ဓရုပ်ပွားတော်များအနက် ဉာဏ်တော်အမြင့်ဆုံးဖြစ်သော မာရဝိဇယဗုဒ္ဓ ရုပ်ပွားတော်မြတ်ကြီးနှင့်ပတ်သက်သည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် မာရဝိဇယဗုဒ္ဓဥယျာဉ် တော် အတွင်းရှိ မာရဝိဇယဂေါပကအဖွဲ့ရုံး၌ ကျင်းပပြုလုပ်သည်။
COVID-19 ရောဂါစောင့်ကြပ်ကြည့်ရှုမှုနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း (၁၉-၈-၂၀၂၃) ရက်နေ့၊ ည (၈:၀၀) နာရီ
Aug 19, 2023
ကျန်းမာရေးဝန်ကြီးဌာနသည် ကိုဗစ်-၁၉ ရောဂါ စောင့်ကြပ်ကြည့်ရှုခြင်းလုပ်ငန်းများကို ဆောင်ရွက် လျက်ရှိရာ (၁၈-၈-၂၀၂၃) ရက်နေ့၊ ည (၈:၀၀) နာရီမှ (၁၉-၈-၂၀၂၃) ရက်နေ့၊ ည (၈:၀၀) နာရီအတွင်း ဓာတ်ခွဲနမူနာစုစုပေါင်း (၄,၁၅၆) ခုအား စစ်ဆေးပြီးစီးခဲ့ပြီး COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြု လူနာသစ် မတွေ့ရှိရပါ။ ယနေ့တွင် COVID-19 ရောဂါဖြင့် သေဆုံးသူ မရှိပါ။
Aug 19, 2023
ကျန်းမာရေးဝန်ကြီးဌာန၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနသည် ဆေးဝါးများဘေးအန္တရာယ်ကင်းရှင်းမှုရှိစေရန်နှင့်အရည်အသွေး၊ အကျိုးအာနိသင်ထိရောက်မှုရှိစေရန် ဆေးဝါးမှတ်ပုံတင်ခြင်း၊ ထုတ်လုပ်ခြင်း၊ တင်သွင်းခြင်းလုပ်ငန်းများကို စနစ်တကျစိစစ်ဆောင်ရွက်လျက်ရှိပါသဖြင့် Myanmar FDA Registration အမှတ်ပါရှိသောဆေးဝါးများကိုသာ သုံးစွဲကြပါရန် အသိပေးနှိုးဆော်အပ်ပါ သည်။
Aug 19, 2023
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ဓာတ်အားခွဲရုံများ တည်ဆောက်/မောင်းနှင်/ထိန်းသိမ်းပြုပြင်ခြင်း သင်တန်းအမှတ်စဉ်(၃/၂၀၂၃)နှင့် အင်ဂျင်နီယာများစီမံခန့်ခွဲရေးသင်တန်းအမှတ်စဉ်(၃/၂၀၂၃) သင်တန်း ဆင်းပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲတွင် လျှပ်စစ်စွမ်းအားဝန်ကြီးဌာန နေပြည်တော် ဗဟိုသင်တန်းကျောင်း၌ ကျင်းပသည်။
Aug 19, 2023
ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး ဝန်ထမ်းများကျန်းမာရေးဆိုင်ရာအသိပညာ၊ ဗဟုသုတများတိုးပွားရရှိပြီး ကျန်းမာကြံ့ခိုင်စွာဖြင့် လုပ်ငန်းတာဝန်များထမ်းဆောင်နိုင်စေရန်ရည်ရွယ်၍ ကျန်းမာရေး ဝန်ကြီးဌာနနှင့် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးတို့ ပူးပေါင်းစီစဉ်သည့် ကျန်းမာရေးအသိပညာပေး အစီအစဉ်အရဆီးချိုသွေးချို၊ သွေးတိုးရောဂါနှင့် ကူးစက်ရောဂါဆိုင်ရာဟောပြောပွဲကို ယနေ့မွန်းလွဲ ၁ နာရီ တွင် နေပြည်တော်ရှိပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး နဝရတ်ခန်းမ၌ ကျင်းပသည်။
Aug 19, 2023
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးလှမိုးသည် တာဝန်ရှိသူများနှင့်အတူ ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ကောင်စီနယ်မြေအတွင်း သမဝါယမစနစ်ဖြင့် ဆောင်ရွက်သည့် မိုးစပါးဧက ၁၀၀၀၀ စိုက်ပျိုးရေးလုပ်ငန်းများနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အောင်မြင်ရေး ကွင်းဆင်းကြည့်ရှုသည်။
Aug 19, 2023
(၇) ကြိမ်မြောက် တရုတ်-တောင်အာရှကုန်စည်ပြပွဲ နှင့် (၂၇) ကြိမ်မြောက် တရုတ် (ကူမင်း) ပို့ကုန်/ သွင်းကုန်ကုန်စည်ပြပွဲနှင့် ဆက်စပ်အစည်းအဝေးများ တက်ရောက်ရန် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကူမင်း မြို့၌ ရောက်ရှိနေသော စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးသည် ယနေ့နံနက်ပိုင်းတွင် Green Lake Hotel ၌ China Media Group နှင့် Phoenix ရုပ်သံဌာနတို့အား လက်ခံတွေ့ဆုံသည်။
Aug 19, 2023
နေပြည်တော် ဒက္ခိဏသီရိမြို့နယ်ရှိ ဗုဒ္ဓဥယျာဉ်ဝတ္ထုကံတော်တွင် တည်ထားပူဇော်ထားသော ကမ္ဘာပေါ်ရှိ ထိုင်တော်မူကျောက်ဆစ်ဗုဒ္ဓရုပ်ပွားတော်များအနက် ဉာဏ်တော်အမြင့်ဆုံးဖြစ်သည့် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ဩဂုတ် ၁၈ ရက်တွင်လည်း လာရောက်ဖူးမြော်သည့် အနယ်နယ်အရပ်ရပ်မှ ရဟန်း၊ ရှင်လူဘုရားဖူးပြည်သူများဖြင့် စည်ကားလျက်ရှိပြီး ဗုဒ္ဓရုပ်ပွားတော်မြတ်သို့ လာရောက်ဖူးမြော်သူများအနက်မှ တချို့အားတွေ့ဆုံမေးမြန်းထားသည်များကို ပြန်လည်ဖော်ပြ လိုက်ရပါသည်။
Aug 19, 2023
စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါ်သန်းသန်းလင်းသည် တာဝန်ရှိသူများနှင့်အတူ ယမန်နေ့ နံနက် ၉ နာရီတွင် စစ်တွေမြို့၌ ရခိုင်ပြည်နယ်ဝန်ကြီး ချုပ်နှင့်တွေ့ဆုံပြီး နိုင်ငံ့စီးပွား မြှင့်တင်ရေး ရန်ပုံငွေဆိုင်ရာကိစ္စ ရပ်များ၊ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် ရခိုင်ပြည်နယ်ဒေသန္တရစီမံကိန်း အကောင်အထည်ဖော်ဆောင်ရွက်မှုများနှင့် ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်၊ ဒေသန္တရစီမံကိန်း ရေးဆွဲနိုင်ရေးအတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်ရန် ကိစ္စများနှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ သည်။
Aug 19, 2023
ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာသက်ခိုင်ဝင်းသည် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ(ICRC)၏ ဌာနေကိုယ်စားလှယ် Ms. Elena Ajmone Sessera နှင့် အဖွဲ့အား ယနေ့ နံနက်ပိုင်းက အဆိုပါဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံ သည်။
Aug 19, 2023
ပြည်ထောင်စုနယ်မြေ နေပြည်တော်ဒက္ခိဏသီရိမြို့နယ်ရှိ ဗုဒ္ဓဥယျာဉ်ဝတ္ထုကံတော်အတွင်းတည်ထားသည့် ကမ္ဘာ့ဉာဏ်တော်အမြင့်ဆုံး ထိုင်တော်မူဗုဒ္ဓရုပ်ပွားတော် မြတ်ကြီးဖြစ်သည့် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ဩဂုတ် ၈ ရက်မှစတင်၍ ရဟန်းရှင်လူအများပြည်သူတို့ အခမဲ့လာရောက်ဖူးမြော်နိုင်ရန် ဖွင့်လှစ်ထားရှိရာ ဩဂုတ် ၁၈ ရက်တွင် ဖူးမြော်သူဧည့်ပရိသတ်များ တဖွဲဖွဲ လာရောက်ဖူးမြော်လျက်ရှိသည်ကို မြင်တွေ့ရသည်။
