Jun 19, 2023
ရန်ကုန်မြို့နှင့် မန္တလေးမြို့အတွက် ရည်ညွှန်းလက်ကားဈေးနှုန်းများနှင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ တိုင်းဒေသကြီး/ ပြည်နယ် မြို့တော်များအတွက် ရည်ညွှန်းလက်လီဈေးနှုန်းများ
Jun 19, 2023
၁။ မြန်မာနိုင်ငံတွင် ၁၄-၅-၂၀၂၃ ရက်နေ့တွင် ဖြစ်ပွားခဲ့သည့် အလွန့်အလွန်အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း မိုခါကြောင့် ဘေးသင့်ပြည်သူများအတွက် ပါဝင်လှူဒါန်းလိုသော စေတနာရှင်ပြည်သူများ အနေဖြင့် မြန်မာကျပ်ငွေစာရင်းအမှတ် OA -011834 နှင့် နိုင်ငံခြား ငွေစာရင်းအမှတ် 1DA- 0300086 သို့ ထည့်ဝင်လှူဒါန်းနိုင်ကြောင်း ကြေညာခဲ့ပါသည်။
Jun 19, 2023
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးသည် တာဝန်ရှိသူများနှင့်အတူ ဇွန် ၁၆ ရက်က မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့နယ် ကံလှကျေးရွာအနီး မွေးမြူရေးဇုန် တည်ထောင်မည့် မြေနေရာကို ကြည့်ရှုစစ်ဆေးကြသည်။
Jun 19, 2023
ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းသည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး တောင်ဥက္ကလာပမြို့နယ် သံသုမာလမ်းနှင့် ပါရမီလမ်းထောင့်ရှိ Forever Group Holding.,Ltd ၏ ဌာနခွဲဖြစ်သည့် Myanmar Media Development Center နှင့် ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ် (၃၇) ရပ်ကွက်ရှိ CMB Films Myanmar Co.,Ltd တို့သို့ သွားရောက်ကြည့်ရှုသည်။
Jun 19, 2023
အမှတ်(၁)သံမဏိစက်ရုံ (မြင်းခြံ)စီမံကိန်း ပြန်လည်လည်ပတ်နိုင်ရေး ကြီးကြပ်ရေးကော်မတီဥက္ကဋ္ဌ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းသည် ကော်မတီအဖွဲ့ဝင်များနှင့်အတူ ယနေ့နံနက်ပိုင်းက မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့နယ်ရှိ အမှတ်(၁)သံမဏိစက်ရုံ(မြင်းခြံ)သို့ရောက် ရှိပြီး စက်ရုံအစည်းအဝေးခန်းမ၌ စက်ရုံတာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးသည်။
Jun 19, 2023
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်းသည် ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ ဦးမျိုးသန့်နှင့် ဒေါက်တာသက်သက်ခိုင်၊ ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း၊ ဒုတိယဝန်ကြီးများ၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် စစ်တွေမြို့ဘက်စုံသုံးဆိပ်ကမ်း၌ ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးပစ္စည်းများ တင်ချနေမှုနှင့် နည်းပညာတက္ကသိုလ် (စစ်တွေ)သို့ သွားရောက် ကြည့်ရှုစစ်ဆေးသည်။
Jun 19, 2023
နိုင်ငံတကာအလယ်တွင် အမိမြန်မာနိုင်ငံတော်အလံလွှင့်တင်၍ နိုင်ငံတော်သီချင်းသံ ပျံ့လွင့်ကာ အများသူငါ ဂုဏ်ပြုလေးစားတန်ဖိုးထားရသည့် ဂုဏ်အင် တစ်ရပ်ကို အားကစားကဏ္ဍအောင်မြင်မှုများမှ စွမ်းဆောင်ပေးနေပြီဖြစ်သည်။ အားကစားသည် ကျန်းမာသန်စွမ်းမှုနှင့် စိတ်ရွှင်လန်းချမ်းမြေ့မှုကို ဖြစ်စေသည်သာမက နိုင်ငံနှင့်လူမျိုး၏ ဂုဏ်သိက္ခာအဆင့်အတန်းကိုပါ မြှင့်တင်ပေးနိုင်သည့် အမျိုးသားရေးတာဝန်အဖြစ် ပြောင်းလဲလာခဲ့ပြီဖြစ်သည်။
Jun 19, 2023
မြို့နယ်အချို့တို့တွင် အပတ်စဉ် ပလတ်စတစ်အိတ်မသုံးစွဲရနေ့ သတ်မှတ်၍ အသိပညာပေးမှုများ ပြုလုပ်နေကြသည်။ အထူးသဖြင့် ဈေးများတွင် သားငါး၊ ဟင်းသီးဟင်းရွက်၊ စားသောက် ဖွယ်ရာများ စသည်တို့ ရောင်းချရာတွင် အရပ်ခေါ်ကြွပ်ကြွပ်အိတ် (တစ်ခါသုံးပလတ်စတစ်အိတ်)များဖြင့် ထုပ်ပိုးထည့်သွင်းပေးမည့် အစား ငှက်ပျောဖက်၊ ကြာဖက်၊ အင်ဖက်၊ စက္ကူ စသည်တို့ အစားထိုးသုံးစွဲရန် ဆောင်ရွက်နေကြခြင်းဖြစ်သည်။
Jun 18, 2023
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် ဆိုင်ကလုန်းမုန်တိုင်း(မိုခါ) တိုက်ခတ်မှုကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ဒေသများကို သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေပုဒ်မ ၁၁ အရ သဘာဝဘေးအန္တရာယ်ကျရောက်သော ဒေသများအဖြစ်ကြေညာချက်များ ထုတ်ပြန်၍ ယင်းကြေညာချက်များပါ ဒေသများတွင် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ဒေသအလိုက် တပ်မတော် အရာရှိကြီးများကို ခန့်အပ်တာဝန်ပေးထားပြီးဖြစ်သည်။
Jun 18, 2023
သဘာဝဘေးအန္တရာယ်ကျရောက်ခဲ့ရသည့် ဒေသများတွင် လိုအပ်သည့် ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ကူညီဆောင်ရွက်ပေးနိုင်ရေးအတွက် တပ်မတော်မှ ကြိုတင်စုဖွဲ့စေလွှတ်ထားသည့် ကူညီကယ်ဆယ်ရေးအဖွဲ့များသည် နယ်မြေခံလုံခြုံရေးတပ်ဖွဲ့ဝင်များ၊ လူမှုကယ်ဆယ်ရေးအဖွဲ့များနှင့်ပူးပေါင်း၍ သက်ဆိုင်ရာဒေသများတွင် အင်တိုက်အားတိုက် ကူညီဆောင်ရွက်ပေးလျက်ရှိသည်။
Jun 18, 2023
အကြမ်းဖက်အုပ်စုအဖြစ်ကြေညာထားသော CRPH၊ NUG နှင့် ယင်းတို့၏ လက်ဝေခံ အဖွဲ့အစည်းများ၊ ယင်းတို့နှင့်ဆက်နွှယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများ ဖြစ်ပေါ်စေပြီး အစိုးရယန္တရားများ ပျက်ပြားစေရန်ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို လူမှုကွန်ရက်များမှ တစ်ဆင့် နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိပါသည်။
Jun 18, 2023
ရခိုင်ပြည်နယ်အတွင်းရှိ မိုခါမုန်တိုင်းဒဏ်သင့်ဒေသများတွင် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည့် နယ်မြေခံတပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် မိသားစုဝင်များအား စိတ်ရွှင်လန်းချမ်းမြေ့စေရန်နှင့် ပင်ပန်းနွမ်းနယ်မှုများ ပြေပျောက်စေရန်အတွက် ယနေ့ညနေပိုင်းတွင် ကျောက်တော်မြို့နယ်၊ ကန်စောက်မြို့ရှိ နယ်မြေခံတပ်ရင်းခန်းမ၌ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း) ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓါတ်စစ်ဆင်ရေး ညွှန်ကြားရေးမှူးရုံး ကွပ်ကဲမှုအောက်ရှိ နယ်လှည့်ပြည်သူ့ဆက်ဆံရေးတပ်ခွဲမှ စစ်သည်/ စစ်သမီးများက အဆို/အကများဖြင့် ဖျော်ဖြေတင်ဆက်ကြသည်။
Jun 18, 2023
ဆိုင်ကလုန်းမုန်တိုင်း(မိုခါ)တိုက်ခတ်မှုကြောင့် ဖြစ်ပေါ်ခဲ့သည့် စစ်တွေမြို့ရှိ မုန်တိုင်းဒဏ်သင့် ဒေသခံပြည်သူများနှင့် ဌာနဆိုင်ရာဝန်ထမ်းများ၏ စားသောက်ရေး အဆင်ပြေစေရန်နှင့် မိမိတို့အလိုရှိရာ စားသောက်ကုန်ပစ္စည်းများကို ဈေးနှုန်းသက်သာစွာဖြင့် ဝယ်ယူစားသောက်နိုင်ရေးအတွက်
Jun 18, 2023
၁။ မြန်မာနိုင်ငံတွင် ၁၄-၅-၂၀၂၃ ရက်နေ့တွင် ဖြစ်ပွားခဲ့သည့် အလွန့်အလွန်အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း (မိုခါ)ကြောင့် ဘေးသင့်ပြည်သူများအတွက် ပါဝင်လှူဒါန်းလိုသော စေတနာရှင် ပြည်သူများအနေဖြင့် မြန်မာကျပ်ငွေစာရင်းအမှတ် OA -011834 နှင့် နိုင်ငံခြား ငွေစာရင်းအမှတ် 1DA- 0300086 သို့ ထည့်ဝင်လှူဒါန်းနိုင်ကြောင်း ကြေညာခဲ့ပါသည်။
Jun 18, 2023
ရခိုင်ပြည်နယ်အတွင်း ဆိုင်ကလုန်းမုန်တိုင်း(မိုခါ) တိုက်ခတ်မှုကြောင့် ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့သည့်ဒေသများ၌ ဒေသအလိုက် ခန့်အပ်တာဝန်ပေးသူများက သက်ဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ကူညီဆောင်ရွက်လျက်ရှိ (ဒုတိယဗိုလ်ချုပ်ကြီး လူအေး၊ ဒုတိယဗိုလ်ချုပ်ကြီး အေးဝင်း၊ ဗိုလ်ချုပ် စိုးနိုင်ဦး၊ ဗိုလ်ချုပ် အောင်မျိုးထွန်း၊ ဗိုလ်မှူးချုပ် ခင်မောင်အေး၊ ဗိုလ်မှူးချုပ် ကျော်ကျော်ဦး၊ ဗိုလ်မှူးချုပ် တင်ဆွေ)
Jun 18, 2023
မြန်မာနိုင်ငံ၏ အမျိုးသားအကျိုးစီးပွားနှင့် အမျိုးသားနိုင်ငံရေးသည် သမိုင်းရှည်ကြာဖြစ်ပေါ်ခဲ့သော မြန်မာ့နိုင်ငံရေး၊ ပထဝီနိုင်ငံရေးအခြေအနေပေါ်တွင်မူတည်၍ ဖြစ်ပေါ်လာခြင်းဖြစ်သည်။ သမိုင်းနှင့် ချီ၍ဖြစ်ပေါ်ခဲ့သည့် အကြောင်းတရားအပေါ်မူတည်၍ ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသား စည်းလုံးညီညွတ်မှု မပြိုကွဲရေး၊ အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးဟူသည့် ဒို့တ
Jun 18, 2023
မြန်မာနိုင်ငံသည် သဘာဝအလျောက် ပေါက်ရောက်သည့် ဝါးတောများ ကျယ်ပြန့်များပြားစွာ ပိုင်ဆိုင်သည့် နိုင်ငံဖြစ် သည်။ ကမ္ဘာနှင့်ချီ၍ ပြောရလျှင် တရုတ်၊ အိန္ဒိယတို့ပြီးလျှင် တတိယမြောက် အများဆုံးသော သဘာဝဝါးတောများကို ပိုင်ဆိုင်ထားသည်။ မြန်မာ့လူဦးရေ၏ ၇၀ ရာခိုင်နှုန်းသော ကျေးလက်ဒေသနေ ပြည်သူလူထု၏ လူနေမှုဘဝတွင် ဝါးသည် ကဏ္ဍများစွာ၌ ပါဝင်လျက်ရှိနေပြီး မျှစ်နှင့် ဝါး ထုတ်ယူမှုများကြောင့် သဘာဝဝါးတောများ လျင်မြန်စွာ ပြုန်းတီးလျက်ရှိနေသည်။
Jun 18, 2023
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုး ရေးဝန်ကြီးဌာန၏ (၂)နှစ်ပြည့် နှစ်ပတ်လည်နေ့ အထိမ်းအမှတ် နိုင်ငံတော်အဆင့်ထူးချွန်ဆုများ ချီးမြှင့်အပ်နှင်းခြင်း၊ နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက် များအပေါ် အကောင်အထည်ဖော် ဆောင်ရွက်နိုင်သူများ၊ စီမံကိန်း လုပ်ငန်းများအလိုက် ဆောင်ရွက် နိုင်သူများအား ဂုဏ်ပြုဆုတံဆိပ်နှင့် ဂုဏ်ပြုငွေများ ချီးမြှင့်ခြင်း၊ ဝန်ထမ်းထူးချွန်ဆုများ ချီးမြှင့်ခြင်း၊ ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမွေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့သော ဝန်ထမ်းသားသမီး ကျောင်းသား ကျောင်းသူများအား ဂုဏ်ပြုဆုချီးမြှင့်ခြင်း၊ ကံစမ်းမဲများ ဖောက်ပေးခြင်းနှင့် နေ့ဆွမ်း ဆက်ကပ်လှူဒါန်းခြင်း အခမ်းအနားများကို ယနေ့နံနက်ပိုင်းတွင် အဆိုပါရုံး စုပေါင်းအစည်းအဝေး ခန်းမ၌ ကျင်းပသည်။
Jun 18, 2023
ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ ဝန်ထမ်းများနှင့် ပြင်ပမှ စေတနာသွေးလှူရှင်များသည် ယနေ့တွင် နေပြည်တော်၊ ရန်ကုန်၊ မန္တလေး၊ တနင်္သာရီ၊ မကွေး၊ ကချင်၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း)နှင့် ရှမ်းပြည်နယ် (တောင်ပိုင်း)ရှိ မြို့ကြီးများရှိ သွေးဌာနများ၊ အထွေထွေရောဂါကုဆေးရုံများ၌ ဇွန် ၁၄ ရက်တွင် ကျရောက်ခဲ့သည့် ကမ္ဘာ့သွေးလှူရှင်များနေ့ အထိမ်းအမှတ်အဖြစ် စုပေါင်းသွေးလှူဒါန်းကြရာ နေပြည်တော်ခုတင် (၁ဝဝဝ) အထွေထွေ ရောဂါကု ဆေးရုံကြီးသို့ ဒုတိယဝန်ကြီးများ ဖြစ်ကြသော ဦးအောင်ကျော်ထွန်းနှင့် ဗိုလ်မှူးချုပ် လူမွန် တို့ သွားရောက်ကြည့်ရှုအားပေးသည်။
Jun 18, 2023
ရုရှားဖက်ဒရေးရှင်း နိုင်ငံ၌ ရောက်ရှိနေသော ဒုတိယဝန်ကြီးချုပ်နှင့် စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန် ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် ယနေ့ တွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ စိန့်ပီတာစဘတ်မြို့၌ကျင်းပသည့် (၂၆) ကြိမ်မြောက် စိန့်ပီတာစဘတ် နိုင်ငံတကာစီးပွားရေးဖိုရမ် (26th St. Petersburg International Economic Forum)သို့ တက် ရောက်ကြသည်။
