Jun 30, 2022
နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်သည် စစ်ကိုင်းတိုင်းဒေသကြီး လူမှုရေးဝန်ကြီး ဦးအေးလှိုင်နှင့်အတူ ဇွန် ၂၇ ရက် ညနေပိုင်းတွင် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လဟယ်မြို့သို့ရောက်ရှိသည်။
Jun 30, 2022
ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် နိုင်ငံအတွင်း ကူးစက်ဖြစ်ပွားနေသော COVID-19 ရောဂါ ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မပြတ် ဆောင်ရွက်လျက်ရှိပါသည်။
Jun 30, 2022
ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဌေးအောင်သည် ယနေ့နံနက်ပိုင်းတွင် ဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့်အတူ မန္တလေးတိုင်းဒေသကြီး၊ ပုဂံမြို့သို့သွားရောက်ကာ ခရီးသွားလုပ်ငန်းများ စနစ်တကျ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ခရီးသွားဧည့်သည်များကို ဝန်ဆောင်မှုပေးရာတွင် အဆင်ပြေစေရေးအတွက် ပြင်ဆင်ဆောင်ရွက်နေသည်များကို ကြည့်ရှုစစ်ဆေးသည်။
Jun 30, 2022
လျှပ်စစ်စွမ်းအားဝန်ကြီးဌာနနှင့် စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းဟန်သည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက မကွေးတိုင်းဒေသကြီး၊ ချောက်မြို့နယ်ရှိ မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း၏ ချောက်/လန်းရွာရေနံမြေ၊ ဖိုကုန်းဒေသတွင် ZJ 70L SR 1 တွင်းတူးစက်ဖြင့်တူးဖော်မည့် ပေနက်တွင်းအမှတ် CDT-15 တွင်းသစ်စတင်တူးဖော်ခြင်း အခမ်းအနားသို့ တက်ရောက်စက်ခလုတ်နှိပ်ဖွင့်လှစ်ပေးခဲ့ပြီး တွင်းသစ်စတင်တူးဖော်ခြင်း လုပ်ငန်းဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးခဲ့သည်။
Jun 30, 2022
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် ဂုဏ်ထူးဖြင့်ထူးချွန်စွာအောင်မြင်ခဲ့ကြသော ကျောင်းသား/ကျောင်းသူများအား ဂုဏ်ပြုဆုချီးမြှင့်ခြင်း အခမ်းအနားကို ယနေ့ညနေ (၃) နာရီတွင် နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိ အားကစားရုံ (B) ၌ ကျင်းပသည်။
Jun 30, 2022
ဇူလိုင် (၂) ရက်တွင် ကျရောက်မည့် နှစ် (၁၀၀) ပြည့် အပြည်ပြည်ဆိုင်ရာ သမဝါယမနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဘမ်ဘူးဝါး ကုန်ထုတ်သမဝါယမ အသင်း လီမိတက်၏ ဝါးအသက်မွေး ဝမ်းကျောင်းပညာသင်တန်းဖွင့်ပွဲနှင့် ဝါးကုန်ထုတ်ပစ္စည်းပြပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက နေပြည်တော် ကောင်စီနယ်မြေ၊ ဇေယျာသီရိမြို့နယ်၊ ခေတ်အေးကျေးရွာ အုပ်စု၊ ဝန်ပြန်ကျေးရွာ၌ ကျင်းပသည်။
Jun 30, 2022
ဇူလိုင် (၃) ရက်တွင် ကျရောက်မည့် မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ်အကြို လှုပ်ရှားမှုအနေဖြင့် မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီကကြီးမှူး၍ သစ်ပင်စိုက်ပျိုးပွဲ အခမ်းအနားကို ယနေ့နံနက် ၈ နာရီခွဲတွင် ရန်အောင်မြင် ဘုရားအနီး၊ သုခုမလမ်း၊ ဒက္ခိဏသီရိမြို့နယ်၊ နေပြည်တော်ရှိ မြန်မာနိုင်ငံအမျိုးသမီးရေးရာ အဖွဲ့ချုပ်ရုံးတွင် ကျင်းပသည်။
Jun 30, 2022
၂၀၂၂ ခုနှစ်၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ အခမ်းအနားကို နေပြည်တော်၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ရုံးအမှတ်(၃၅)၊ ရုံးအဆောက်အအုံ၏အရှေ့ဘက် သရက်ခြံအနီး၌ ယနေ့နံနက် ၇ နာရီခွဲတွင် ကျင်းပသည်။
Jun 30, 2022
တရုတ်ပြည်သူ့သမ္မတနိုင်ငံက မြန်မာနိုင်ငံအတွက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး(၂) သန်း doses အား အာဆီယံအလှည့်ကျဥက္ကဋ္ဌ၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်ထံ ပေးအပ်လှူဒါန်းသော အခမ်းအနားကို ယနေ့နံနံက် (၈) နာရီခွဲတွင် ရန်ကုန်မြို့ ပြည်လမ်းရှိ မြန်မာနိုင်ငံဆိုင်ရာ တရုတ် သံအမတ်ကြီးနေအိမ်တွင် ကျင်းပသည်။
Jun 30, 2022
အနောက်တောင်တိုင်း စစ်ဌာနချုပ်၏ ၂၀၂၂ ခုနှစ် တိုင်းမှူးဖလား ဘောလုံးပြိုင်ပွဲဖွင့်ပွဲကို ယနေ့ညနေပိုင်းတွင် တိုင်းစစ်ဌာနချုပ် ပုသိမ်တပ်နယ် ဘောလုံးကွင်း၌ပြုလုပ်ရာ တိုင်းမှူးဗိုလ်ချုပ် အောင်အောင်နှင့်အရာရှိ၊ စစ်သည်၊ မိသားစုများ၊ ဒိုင်အဖွဲ့ဝင်များ၊ ပြိုင်ပွဲဝင်အသင်းများနှင့် အားကစားဝါသနာရှင်များ တက်ရောက်ကြသည်။
Jun 30, 2022
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန လူမှုဝန်ထမ်းဦးစီးဌာနသည် ရန်ကုန်၊ မန္တလေး၊ မော်လမြိုင်၊ ပုသိမ်၊ တောင်ငူ၊ မြစ်ကြီးနား၊ ဖျာပုံ၊ စစ်တွေ၊ ရွာငံနှင့် ထားဝယ်မြို့များတွင် အိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်ကျောင်းများ ဖွင့်လှစ်ကာစက်ချုပ်သင်တန်းများ (မိန်းမဝတ်၊ကလေးဝတ်၊ ကျားရှပ်၊ တိုက်ပုံ၊ ကုတ်အင်္ကျီ)၊ လက်မှုသင်တန်း၊ မုန့်မျိုးစုံ ပြုလုပ်နည်းသင်တန်း၊ အစားအစာချက်ပြုတ် နည်းသင်တန်းနှင့် ပန်းအလှပြင်သင်တန်း စသည့်သင်တန်းများကို ဘဏ္ဍာနှစ်တစ်နှစ် လျှင် သင်တန်းအမှတ်စဉ် ရှစ်ခု၊ အမှတ်စဉ်တစ်ခုလျှင် ခြောက်ပတ်ကြာ သင်ကြားပေးလျက်ရှိသည့်အပြင် ရန်ကုန်၊ မန္တလေး၊ မော်လမြိုင်၊ ပုသိမ်ကျောင်းများ၌ စနေ၊ တနင်္ဂနွေနေ့တို့တွင် အထူးသင်တန်းများ ဖွင့်လှစ်သင်ကြားပေးလျက်ရှိသည်။
Jun 30, 2022
မိုးညှင်းမြို့နယ်နှင့် မိုးမိတ်မြို့နယ်တို့၌ မူးယစ်ဆေးဝါးများ သိမ်းဆည်းရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။
Jun 30, 2022
ကချင်ပြည်နယ် အင်ဂျန်းယန်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများသို့ တာဝန်ထမ်းဆောင်ရန် သွားရောက်မည့် ဆရာ ဆရာမများအား ထောက်ပံ့ပစ္စည်းများနှင့် စားသောက်ဖွယ်ရာများပေးအပ်ခြင်းကို ယနေ့နံနက်ပိုင်းတွင် ကချင်ပြည်နယ် အစိုးရအဖွဲ့ရုံး ဆမားဒူဝါဆင်ဝါးနော်ခန်းမ၌ ပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် မြတ်သက်ဦးနှင့် တာဝန်ရှိသူများ၊ ဘာသာရေးခေါင်းဆောင်များ၊ မြို့မိ မြို့ဖများနှင့် ဆရာ ဆရာမများ တက်ရောက်ကြသည်။
Jun 30, 2022
ပြည်ထောင်စုနယ်မြေ နေပြည်တော် ငါးလုပ်ငန်းဦးစီးဌာနမှ ငါးသယံဇာတထိန်းသိမ်းရေးလုပ်ငန်းများ အသိပညာပေးဟောပြောခြင်း၊ ပညာပေးဗွီနိုင်းဆိုင်းဘုတ်များစိုက်ထူခြင်း၊ ပညာပေးလက်ကမ်းစာဆောင်များ အခမဲ့ဖြန့်ဝေခြင်းလုပ်ငန်းများကို ဇွန် ၂၇ ရက်က ပျဉ်းမနားမြို့နယ် မင်္ဂလာရှမ်းကန်၌ ဆောင်ရွက်ခဲ့သည်။
Jun 30, 2022
ဘူမိဥယျာဉ်ဆိုင်ရာ လုပ်ငန်းကော်မတီအစည်းအဝေး(၁/၂၀၂၂)ကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ သစ်တောဦးစီးဌာန အင်ကြင်းခန်းမ၌ ကျင်းပသည်။
Jun 30, 2022
မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ ဦးသန်းညိန်း၊ ဒုတိယဥက္ကဋ္ဌများဖြစ်ကြသည့် ဦးဝင်းသော်၊ ဒေါ်သန်းသန်းဆွေနှင့် ညွှန်ကြားရေးမှူးချုပ်များနှင့် အရာထမ်း၊ အမှုထမ်းများသည် ယနေ့ညနေပိုင်းတွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ် (နေပြည်တော်) ရုံးအမှတ်(၅၅)ရှိ အားကစားကွင်းများတွင် ကျင်းပနေသည့် မြန်မာနိုင်ငံတော်ဗဟိုဘဏ် နှစ်(၇၀)ပြည့် နှစ်ပတ်လည်နေ့အထိမ်းအမှတ်အကြို အားကစားပြိုင်ပွဲများကို တက်ရောက်ကြည့်ရှုအားပေးကြသည်။
Jun 30, 2022
တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင်ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် မွန်ပြည်နယ် မရမ်းချောင်အမြဲတမ်း စစ်ဆေးရေးစခန်း၌ တာဝန်ကျပူပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ဇွန် ၂၆ ရက်တွင် မြဝတီမြို့မှ ရန်ကုန်မြို့သို့ မောင်းနှင်လာသည့် ကုန်တင်ယာဉ်တစ်စီးပေါ်၌ သွင်းကုန်ကြေညာလွှာ (ID) တွင် ကြေညာထားသည်ထက် ပိုမိုသယ်ဆောင်လာသော ဖိနပ်မျိုးစုံ (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၉၀၀၀၀၀)ကို လည်းကောင်း၊ ရန်ကုန်-မြဝတီ ပြည်ထောင်စုလမ်းမကြီး မိုင်တိုင်အမှတ် (၉၅/၅)မိုင်ခန့် ရှောင်ကွင်းလမ်းထိပ်တွင် ကုန်တင်ယာဉ်တစ်စီးပေါ်၌ တရားဝင် စာရွက်စာတမ်း အထောက်အထားတစ်စုံတစ်ရာ တင်ပြနိုင်ခြင်းမရှိသည့် Nissan Sky Line (ECR33) အမျိုးအစား ပြိုင်ကားတစ်စီး (ခန့်မှန်းတန်ဖိုး ငွေကျပ် ၈၀၀၀၀၀၀) (အပေါ်ယာပုံ) နှင့် အဆိုပါပြိုင်ကားကို တင်ဆောင်လာသည့် ISUZU NPR81 အမျိုးအစား ကုန်တင်ယာဉ်တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၀၀၀၀၀၀၀)ကို လည်းကောင်း၊ ဇွန် ၂၇ ရက်တွင် ကုန်တင်ယာဉ်တစ်စီးပေါ်၌ သွင်းကုန်ကြေညာလွှာ(ID)တွင် ကြေညာထားသည်ထက် ပိုမိုသယ်ဆောင်လာသော သန့်စင်ခန်းသုံးပစ္စည်းများ (ခန့်မှန်း တန်ဖိုးငွေကျပ် ၁၉၉၈၀၀၀)ကို လည်းကောင်း၊ ဇွန် ၂၉ ရက်တွင် မြဝတီမြို့မှ ရန်ကုန်မြို့သို့ မောင်းနှင်လာသည့် မော်တော်ယာဉ်တစ်စီးပေါ်၌ သွင်းကုန်ကြေညာလွှာ (ID)တွင် ကြေညာထားသည်ထက် ပိုမိုတင်ဆောင်လာသော ကားတာယာများ (ခန့်မှန်းတန်ဖိုး ငွေကျပ် ၃၅၄၀၀၀၀)ကို လည်းကောင်းစုစုပေါင်း (ခန့်မှန်းတန်ဖိုး ငွေကျပ် ၅၇၄၃၈၀၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
Jun 30, 2022
မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်က အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသော စိုက်ပျိုးရေးနှင့်ကျေးလက်ဒေသဖွံ့ဖြိုးရေး နှစ်ဆင့်ချေးငွေစီမံကိန်း (JICA, Two Step Loan) ဦးဆောင်ကော်မတီအစည်းအဝေး (၂၂/၂၀၂၂)ကို ယမန်နေ့မွန်းလွဲပိုင်းက စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
