Jan 01, 2022
လွတ်လပ်သောနိုင်ငံတွင် မွေးဖွားရှင်သန်လာသော ကျွန်ုပ်တို့အဖို့ “လွတ်လပ်ရေး” ဟူသော ဝေါဟာရစကားလုံးသုံးလုံးကို သိရှိကြသော်လည်း ထိုစကားလုံးသုံးလုံး၏အနှစ်သာရ၊ အဓိပ္ပာယ်၊ တန်ဖိုးတို့ကို ကျယ်ကျယ်ပြန့်ပြန့် လေးလေးနက်နက် ထဲထဲဝင်ဝင်သိရှိကြသူ နည်းပေလိမ့်မည်။ လွတ်လပ်သောနိုင်ငံတွင် နေထိုင်ကြသော နိုင်ငံသားများအဖို့ လွတ်လပ်ရေး၏အဓိပ္ပာယ်ကို သိရှိကြရန်လိုအပ်ပေသည်။
Jan 01, 2022
ကမ္ဘာသုံးပြက္ခဒိန်အရ ယနေ့သည် ၂၀၂၂ ခုနှစ်သို့ ရောက်ရှိပြီ ဖြစ်သည်။ ၂၀၂၁ ခုနှစ်သည် ယမန်နေ့ အတိတ်တွင် ကျန်ရစ်ခဲ့ပြီ။ တစ်ရက်ပြီးတစ်ရက် ကုန်ဆုံးသည်နှင့်အမျှ အတိတ်သည်လည်း ဝေး၍ ဝေး၍ ကျန်ရစ်ခဲ့မည်သာဖြစ်သည်။ ပြက္ခဒိန်ဟူသည် တစ်ဆက်တစ်စပ်တည်းသော အချိန်ကို နှစ်၊ လ၊ ရက်များအဖြစ် ပိုင်းခြား အမှတ်အသားပြုခြင်းဖြစ်ပြီး လူသားတို့၏လူရေးလူရာပြုဖွယ်ကိစ္စ အ၀၀တို့အတွက် အသုံးချခြင်းဖြစ်ရာ နှစ်ဟောင်းကုန်ခြင်း၊ နှစ်သစ် စတင်ခြင်းတို့သည် ပြက္ခဒိန်၏သဘောသာဖြစ်ပြီး အတိတ်၊ ပစ္စုပ္ပန်၊ အနာဂတ် ဟူသော ကာလသုံးပါး ယန္တရားကမူ ထာဝရလည်ပတ် နေမည်ဖြစ်သည်။
Dec 31, 2021
ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် နိုင်ငံအတွင်း ကူးစက်ဖြစ်ပွားနေသော COVID-19 ရောဂါ ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိပါသည်။
Dec 31, 2021
(၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အားကစားပြိုင်ပွဲများကို ဒီဇင်ဘာ (၂၁)ရက်မှစ၍ ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီ (၄)ရက်အထိ အားကစားနည်း(၆)နည်းကို နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားကွင်း (Sports Complex) ရှိ သက်ဆိုင်ရာ အားကစားကွင်း/ အားကစားရုံများတွင် ကိုဗစ်-၁၉ ရောဂါ စည်းကမ်းချက်များနှင့်အညီ ဆက်လက် ကျင်းပလျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အားကစားပြိုင်ပွဲများကျင်းပရေး ဆပ်ကော်မတီ ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ၊ (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အားကစားပြိုင်ပွဲများကျင်းပရေး ဆပ်ကော်မတီ ဒုဥက္ကဋ္ဌ ဒုတိယဝန်ကြီး ဦးမျိုးလှိုင်နှင့် တာဝန်ရှိသူများ၊ အားကစားဝါသနာရှင်များ တက်ရောက်ကြည့်ရှု အားပေးခဲ့ကြသည်။
Dec 31, 2021
မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်တွင် ငွေကျပ် ၁ ဘီလီယံကျော်တန်ဖိုးရှိ ဘိန်းဖြူများ ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။
မြန်မာအမျိုးသား လေကြောင်း ဇန်နဝါရီလတွင် နိုင်ငံငါးနိုင်ငံသို့ ကယ်ဆယ်ရေးအစီအစဉ်များ ပျံသန်းပြေးဆွဲမည်
Dec 31, 2021
မြန်မာအမျိုးသား လေကြောင်းလိုင်း (MNA) သည် ၂၀၂၂ ခုနှစ် ဇန်နဝါရီလတွင် အိန္ဒိယ၊ ထိုင်း၊ စင်ကာပူ၊ မလေးရှားနှင့် ဖိလစ်ပိုင် နိုင်ငံသို့ ကယ်ဆယ်ရေးနှင့် အထူးကယ်ဆယ်ရေးခရီးစဉ်များ ပျံသန်းပြေးဆွဲသွားမည် ဖြစ် ကြောင်း အဆိုပါလေကြောင်းလိုင်း မှ သိရသည်။
Dec 31, 2021
ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါကြောင့် ပြည်ပနိုင်ငံများတွင် အခက်အခဲ ဖြစ်နေကြသည့် မြန်မာနိုင်ငံသူ၊ နိုင်ငံသားများအား အမိမြန်မာနိုင်ငံတော် သို့ပြန်လည်ဝင်ရောက်နိုင်ရေး ကယ်ဆယ်ရေးလေယာဉ်(Relief Flight) များဖြင့် လည်းကောင်း၊ တပ်မတော်စစ်ရေယာဉ်များဖြင့် လည်းကောင်း၊ နယ်စပ်ဂိတ်များမှ ပြန်လည်ဝင်ရောက် စေခြင်းဖြင့် လည်းကောင်း အမိမြန်မာနိုင်ငံတော်၏ အရိပ်အာဝါသအောက်တွင် ကြည့်ရှုစောင့် ရှောက်မှုပေးနိုင် ရေး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက စီစဉ်ဆောင်ရွက်ပေးလျက်ရှိသည်။
Dec 31, 2021
နေပြည်တော် ပြည်သူ့ဆေးရုံကြီး ခုတင်(၁၀၀၀) အစည်းအဝေးခန်းမဆောင်-၂ ၌၂၀၂၀-၂၀၂၁ ပညာသင်နှစ် အကူသူနာပြု (ပြင်ပ) ကိုးလသင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့ နံနက်ပိုင်းက ကျင်းပသည်။
Dec 31, 2021
မြန်မာနိုင်ငံ စာကြည့်တိုက်များ ဖောင်ဒေးရှင်း ဗဟိုအလုပ်အမှု ဆောင် အဖွဲ့အစည်းအဝေးနှင့် စာအုပ်လှူဒါန်းပွဲကို ဒီဇင်ဘာ ၂၉ ရက် နံနက်က ရန်ကုန်မြို့ သိမ်ဖြူလမ်း အမှတ် (၂၂၈) ရှိ မြန်မာနိုင်ငံ စာကြည့်တိုက်များ ဖောင်ဒေးရှင်း အစည်းအဝေးခန်းမ၌ ကျင်းပရာ ဥက္ကဋ္ဌ ဦးညွန့်ဆွေနှင့် ဗဟိုအလုပ် အမှုဆောင်အဖွဲ့ဝင်များ၊ စာအုပ် အလှူရှင်တက္ကသိုလ် စိုးယဉ် မိသားစုတို့တက်ရောက်ကြသည်။
Dec 31, 2021
ပြည်ပနိုင်ငံများမှ ဝင်ရောက်လာသည့် မြန်မာနိုင်ငံသားများကိုနယ်စပ်ဂိတ် အသီးသီးတွင်လက်ခံ ဆောင်ရွက်ပေး လျက်ရှိရာ ဒီဇင်ဘာ ၂၉ ရက်တွင် ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ မူဆယ်မြို့သို့ပြန် လည်ဝင်ရောက်လာသူ အမျိုးသား ၁၁၄ ဦး၊ အမျိုး သမီး ၈၂ ဦး၊ စုစုပေါင်း ၁၉၆ ဦး၊ ချင်းရွှေဟော်မြို့သို့ ပြန်လည်ဝင်ရောက်လာသူ အမျိုးသား ၄ ဦး၊ အမျိုး သမီး ၇ ဦး၊ စုစုပေါင်း ၁၁ ဦးနှင့် လောက်ကိုင်မြို့သို့ ပြန်လည်ဝင်ရောက်လာသူ အမျိုးသား ၂ ဦး၊ အမျိုးသမီး ၁ ဦး၊ စုစုပေါင်း ၃ ဦးတို့ကို လည်းကောင်း၊ ယနေ့တွင် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့သို့ပြန်လည် ဝင်ရောက်လာသူ အမျိုးသား ၁၀၆ ဦး၊ အမျိုးသမီး ၇၀ ဦး၊ စုစုပေါင်း ၁၇၆ ဦး တို့ကိုလည်းကောင်း အသီးသီးလက်ခံခဲ့ကြသည်။
Dec 31, 2021
ကရင်ပြည်နယ်၊ လေးကေ့ကော်မြို့သစ်တစ်ဝိုက် ရောက်ရှိနေသည့် NUG နှင့် PDF အမည်ခံ အကြမ်းဖက်သမားများအား လုံခြုံရေးတပ်ဖွဲ့ဝင်များက ဖော်ထုတ် ဖမ်းဆီးခဲ့ရာမှ စတင်၍ KNU/ KNLA အဖွဲ့မှ အကြမ်းဖက်မှုကို လိုလားပြီး NCA ကို ပျက်စီးစေလိုသည့် ခေါင်းဆောင်အချို့ပါဝင်သောအဖွဲ့၊ NUG၊ PDF အမည်ခံအကြမ်းဖက်အဖွဲ့များနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ ဒီဇင်ဘာ ၁၅ ရက်မှစတင်၍ ထိတွေ့တိုက်ပွဲများဖြစ်ပွားခဲ့ပြီး အဆိုပါဒေသမှ အပြစ်မဲ့ပြည်သူများ တစ်ဖက်နိုင်ငံသို့ ထွက်ပြေး တိမ်းရှောင် လျက်ရှိသည်။
Dec 31, 2021
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သက်သက်ခိုင်သည် မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး မစ္စတာ ချန်းဟိုင် အား ယနေ့နံနက်ပိုင်းက နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ လက်ခံ တွေ့ဆုံသည်။ တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးကလတ်တလောတွင် မဲခေါင်-လန်ချန်း အစီအစဉ်၏ ရန်ပုံငွေ ထောက်ပံ့မှုဖြင့် ရှမ်းပြည်နယ်အတွင်း
Dec 31, 2021
အကြမ်းဖက်သမားများသည် အေးချမ်းစွာနေထိုင်သော ပြည်သူလူထုများနှင့် တရားဥပဒေ စိုးမိုးရေးအတွက် ဝိုင်းဝန်းဆောင်ရွက်နေသော အုပ်ချုပ်ရေးတာဝန်ရှိသူများအား ထိခိုက်ဒဏ်ရာ ရရှိစေရန် ရည်ရွယ်ချက်များဖြင့် အကြမ်းဖက်ဖောက်ခွဲရေးလုပ်ရပ်များအား ငွေကြေးထောက်ပံ့ကာ နောက်ကွယ်မှ သွေးထိုးမြှောက်ပင့်လှုံ့ ဆော်မှုများဖြင့် အများပြည်သူသွား လာနေသော လမ်းမကြီးများ၊ လမ်းများနှင့် ဌာနဆိုင်ရာရုံးများအား လက်လုပ်ဗုံး၊ လက်လုပ်မိုင်းများထောင်ကာ ဖောက်ခွဲခြင်း၊ ပစ်ပေါက်ခြင်းများ ပြုလုပ်ဆောင်ရွက် လျက်ရှိသည့်အပြင် အနာဂတ် လူငယ်၊ လူရွယ်များ ပညာရည် မြင့်မားရေးအတွက် ဆောင်ရွက်ပေးလျက်ရှိသော စာသင်ကျောင်းများကိုလည်း မိုင်းထောင်ဖောက် ခွဲခြင်းများ၊ လက်ပစ်ဗုံးများဖြင့် ပစ်ပေါက်ဖောက်ခွဲခြင်းများ ပြုလုပ်လျက်ရှိသည်။
Dec 31, 2021
တပ်မတော်အနေဖြင့် ၂၀၁၅ ခုနှစ်အောက်တိုဘာ ၁၅ ရက်တွင် NCA လက်မှတ် ရေးထိုးပြီးချိန်မှစတင်၍ NCA သဘောတူညီချက်ပါအချက်များကို လေးစားလိုက်နာ၍ ထာဝရ ငြိမ်းချမ်းရေးရရှိရန် အတွက်ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် အနေဖြင့်လည်း ငြိမ်းချမ်းရေးနှင့်ပတ်သက်သည့် အစည်းအဝေးများ၊ ဆွေးနွေး ပွဲများနှင့် အခမ်းအနားများ၌ “နိုင်ငံတော်နှင့်ပြည်သူတို့လိုအပ်လျက်ရှိသည့် ထာဝရ ငြိမ်းချမ်းရေး ရရှိအောင်ဆောင်ရွက်ရာတွင် တပ်မတော်အနေဖြင့် တစ်နိုင်ငံလုံးပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA)ပါအတိုင်း တိကျစွာလိုက်နာသွားမည်” ဖြစ်ကြောင်း သဘောထားထုတ်ပြန်ပြီးဖြစ်သည်။ ထို့ပြင် နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီ၏ ရှေ့လုပ်ငန်းစဉ် ၅ ရပ်နှင့် ဦးတည်ချက် ၉ ရပ်တို့တွင်လည်း ငြိမ်းချမ်းရေးကို ဦးစားပေး လုပ်ငန်းအဖြစ်ချမှတ်၍ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။ ထိုသို့ ဆောင်ရွက် လျက်ရှိသော်လည်း အချို့သော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ အနေဖြင့် လက်ရှိဖြစ်ပေါ်နေသော နိုင်ငံရေးအခြေအနေကို အခွင့်ကောင်းယူကာ NCA သဘောတူညီချက်များအား လက်တစ်လုံးခြားပြုလုပ်ကာ နည်းမျိုးစုံဖြင့် ချိုးဖောက် လျက်ရှိကြောင်းတွေ့ရှိရသည်။
Dec 31, 2021
၁၈၈၆ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့တွင် မြန်မာနိုင်ငံသည် နယ်ချဲ့ ဗြိတိသျှလက်အောက်သို့ တစ်နိုင်ငံလုံးကျ ရောက်သွားခဲ့ရပြီး အချုပ်အခြာအာဏာပိုင် လွတ်လပ်သောနိုင်ငံအဖြစ်ကို လက်လွတ်ဆုံးရှုံးခဲ့ရသည်။ သူ့ကျွန်ဘဝသို့ ကျရောက်သွားရသော အပြောင်းအလဲသည် လွန်စွာလျင်မြန် လှသည့်အတွက် မြန်မာပြည်သူတို့သည် ဝေခွဲမရ တွေဝေမှုများဖြင့် အခိုက်အတန့် ငြိမ်သက်နေ ခဲ့ကြသည်။ သို့သော် ၁၈၈၆ ခုနှစ်၏ နှစ်လယ်ပိုင်းသို့ ရောက်လာသည့်အခါ အဖြစ်မှန်ကို ရှင်းရှင်း လင်းလင်း သိမြင်သွားကြပြီဖြစ်သည့်အလျောက် ဆန့်ကျင် တိုက်ခိုက်မှုများ စတင်ဖြစ်ပေါ် လာသည်။
Dec 31, 2021
၂၀၂၁ ခုနှစ်နှစ်ဟောင်းကုန်ဆုံး၍ ၂၀၂၂ခုနှစ်နှစ်သစ်ကို ကူးပြောင်းရောက်ရှိတော့မည် ဖြစ်သည်။ နှစ်သစ်တွင် တိုင်းသူပြည်သား ပြည်သူအများ ကြည်ဖြူစည်းလုံးရွှင်ပြုံး ကြပါစေ၊ သာယာချမ်းမြေ့ကြပါစေ၊ ဘေးဘယာ မခဘဲသာစွဌာနေ ပြည်ထောင်စုကြီး ညီနောင်ပြု၍ရိုင်းပင်းနိုင်ပါစေ။ ဂုဏ်ရည်မြင့်သည့် တိုင်းရင်းသားစုံညီ အမိမြေတွင် သတိတွေမပြတ်၊ တစ်တပ်တစ်အားနှင့်ယှဉ်တွဲကာလေ လွတ်လပ်ရေးကြီး အစဉ်ခိုင်မြဲဖို့ ကြိုးပမ်းကြစို့ဟု နှိုးဆော်တိုက်တွန်းအပ်ပါသည်။
