Skip to main content

Nov 16, 2021

ရဟန်းဟူသည် တရားကို ကောင်းစွာကျင့်ခြင်း၊ မှန်စွာကျင့်ခြင်း၊ ကုသိုလ်ပြုခြင်းသည် ကောင်း၏၊ ကောင်းမှုပြုခြင်းသည် ကောင်း၏။ မညှဉ်းဆဲခြင်းသည် ကောင်း၏။ သတ္တဝါတို့ကို သနားခြင်းသည် ကောင်း၏ဟု နှလုံးသွင်းကျင့်နေသူ၊သံသရာမှ လွတ်မြောက်အောင် ကျင့်နေသူ၊ ကိလေသာအနှောင်အဖွဲ့ ကင်းသူ၊ ငြိမ်းချမ်းအောင်နေသူ ဖြစ်ပြီး လောကတ္ထစရိယ-လောက၏အကျိုးစီးပွား၊ ဉာတတ္ထစရိယ မိမိလူမျိုး၊ မိမိမျိုးနွယ်တို့၏ အကျိုးစီးပွား၊ ဗုဒ္ဓတ္ထစရိယ- မိမိ ကိုယ်တိုင် သံသရာမှ လွတ်မြောက်ကြောင်း တို့အတွက် ဖြည့်ကျင့် ထမ်းဆောင်နေသူလည်း ဖြစ်သည်။ ထေရဝါဒ ဗုဒ္ဓဘာသာဝင်တို့အဖို့ ဘုရား၊ တရား၊ သံဃာကို အမြတ်ဆုံးသော ရတနာသုံးပါးအဖြစ် အထွတ်အမြတ်ထားကြသည့်အလျောက် သာသနာ့ဝန်ထမ်း ရှင်ရဟန်းတို့အားဗုဒ္ဓသာသနာ အရှည်တည်တံ့စေရန် ကျင့်ဆောင်သူ၊ စောင့်ရှောက် ထိန်းသိမ်းသူများအဖြစ်လည်း အလေးအမြတ်ပြုကြ သည်။

ဆက်လက်ဖတ်ရှုရန်

Nov 15, 2021

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန အာရှရေးရာ အထူးကိုယ်စားလှယ် မစ္စတာစွန်းဂေါ်ရှန်းအား ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး၊ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

ဆက်လက်ဖတ်ရှုရန်

Nov 15, 2021

၁။ ကိုဗစ်-၁၉ ကြောင့် ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေးသက်ရောက်မှုများအပေါ် ကုစားရေး လုပ်ငန်းကော်မတီ အနေဖြင့် ကိုဗစ်-၁၉ ကြောင့် ထိခိုက်မှုရှိနေသည့် ရုပ်ရှင်၊ ဂီတ၊ သဘင်၊ စာနယ်ဇင်းနှင့် မီဒီယာများအား ဘဏ္ဍာရေးဆိုင်ရာ အကူအညီပေးအပ်နိုင်ရေးအတွက် ကိုဗစ်-၁၉ ရန်ပုံငွေမှ အတိုးနှုန်း ၁ ရာခိုင်နှုန်း၊ ချေးငွေကာလ တစ်နှစ် သတ်မှတ်၍ ချေးယူ ခွင့်ပြုသွားမည် ဖြစ်ပါကြောင်းနှင့် လျှောက်လွှာများကို ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ ၂၅ ရက်နေ့မှ ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ ၁၉ ရက်နေ့အထိ အစိုးရရုံးဖွင့်ရက်များတွင် ရုံးချိန်အတွင်း ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ် (ရန်ကုန်မြို့) နှင့် တိုင်းဒေသကြီး/ ပြည်နယ် ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင် အသင်းရုံးများ၌ လက်ခံသွားမည် ဖြစ်ပါကြောင်း ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ ၂၂ ရက်နေ့တွင် ကြေညာချက်ထုတ်ပြန်ခဲ့ပါသည်။

ဆက်လက်ဖတ်ရှုရန်

Nov 15, 2021

၁။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ မဲမသမာမှု တရားမဲ့ပြုကျင့်မှုများအပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက် အစီရင်ခံစာတွင်ပါရှိသော ရွေးကောက်ပွဲလုပ်ငန်းစဉ်များ၊ မဲမသမာမှုများနှင့် တရားမဲ့ပြုကျင့်မှု ဖြစ်စဉ်များတွင် ကျူးလွန် ပါဝင်ပတ်သက်ဆောင်ရွက်ခဲ့ကြသည့် နိုင်ငံတော်သမ္မတဟောင်း ဦးဝင်းမြင့်၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဟောင်း ဒေါ်အောင်ဆန်းစုကြည်၊

ဆက်လက်ဖတ်ရှုရန်

Nov 15, 2021

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦးသည် နိုဝင်ဘာ ၁၄ ရက်တွင် တနင်္သာရီတိုင်းဒေသကြီး ဆီအုန်းသုတေသန ခြံတာဝန်ခံများ၊ သုတေသနပညာရှင်များနှင့် နှစ်ရှည်ပင်များ သုတေသနနှင့် နည်းပညာ ဖွံ့ဖြိုးရေးခြံ(မလိဝမ်း) သင်တန်းခန်းမ၌ တွေ့ဆုံသည်။

ဆက်လက်ဖတ်ရှုရန်

Nov 15, 2021

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် အမေရိကန်နိုင်ငံ၊ နယူးမက္ကဆီကိုပြည်နယ် အုပ်ချုပ်ရေးမှူးဟောင်း မစ္စတာဘီလ်ရစ်ချတ်ဆန်အား ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး၊ သံတမန်ဆောင် ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

ဆက်လက်ဖတ်ရှုရန်

Nov 15, 2021

အမေရိကန်နိုင်ငံသား Mr. Daniel Jacob Fenster အား ပြစ်ဒဏ်မှလွတ်ငြိမ်းသက်သာခွင့်ပြု၍ ပြည်နှင်ဒဏ်ပေးလိုက်ကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်

Nov 15, 2021

သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော်သည် ယနေ့နံနက် (၁၀)နာရီတွင် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ စုဝေးခန်းမ၌ ဗီဒီယို ကွန်ဖရင့်စနစ်ဖြင့် ကျင်းပသော အဆင့်မြင့်သိပ္ပံနှင့်နည်းပညာ ဦးစီးဌာနနှင့် နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီးဌာနတို့ အောက်ရှိ တက္ကသိုလ်၊ ကောလိပ်၊ သိပ္ပံ၊ ကျောင်းများတွင် အသစ်ခန့်အပ်ထားသော နည်းပြ ဆရာ၊ ဆရာမသစ်လွင်များအား ကြိုဆိုပွဲ အခမ်းအနားသို့ တက်ရောက်သည်။

ဆက်လက်ဖတ်ရှုရန်

Nov 15, 2021

၂၀၂၁ ခုနှစ်၊ သာသနာတော်ဆိုင်ရာ သာသနာနုဂ္ဂဟဘွဲ့တံဆိပ်များ ချီးမြှင့်အပ်နှင်းပွဲ အခမ်းအနား ကျင်းပရေး ဦးစီးကော်မတီလုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ စုပေါင်း အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Nov 15, 2021

ပုသိမ်မြို့နယ်၊ ချောင်းသာမြို့ ၊ ​ခြောက်​ကောင်ရွာအနီး မိုင်တိုင် ၂၃/၃ တွင် ယ​နေ့ ၁၅:၂၀ အချိန်ခန့်က ဆွဲမိုင်းဟု ယူဆရ​သော ဗုံးတစ်လုံး​ ပေါက်ကွဲမှုဖြစ်ပွားသည်။

ဆက်လက်ဖတ်ရှုရန်

Nov 15, 2021

ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းဆတ်မြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ ဘက်စုံသုံးခန်းမ၌ (၁၀၁) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အကြို စာအုပ် စာစောင်ပြပွဲကို ယနေ့နံနက် (၉) နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်

Nov 15, 2021

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်တောင်ပိုင်းခရိုင်၊ တွံတေးမြို့နယ်၏ ကျက်သရေဆောင် ရှေးဟောင်းသမိုင်းဝင် ရွှေဆံတော်စေတီတော်မြတ်ကြီး၌ ရှေးစဉ်လာမပျက် နှစ်စဉ်ကျင်းပမြဲဖြစ်သာ မသိုးသင်္ကန်း ပြိုင်ရက် ပူဇော်ပွဲအား ယခုနှစ်တွင် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေမှု အခြေအနေမျာကြောင့် ကျင်းပနိုင်ခြင်းမရှိသော်လည်း ရက်ကန်းစင် ခြောက်စင်ဖြင့် မသိုးသင်္ကန်းရက် လုပ်ပူဇော်သွားမည် ဖြစ်ကြောင်း ဒီနှစ်မှာ ပြိုင်ပွဲမျိုးမဟုတ်ဘဲ ရှေးစဉ်လာမပျက်ရေး ရက်လုပ်ပူဇော်သွားမှာပါဟု အဆိုပါ စေတီတော်ဂေါပကအဖွဲ့ တာဝန်ရှိ ဒုတိယဥက္ကဋ္ဌ ဦးအေးကိုထံမှ သိရှိရသည်။

ဆက်လက်ဖတ်ရှုရန်

Nov 15, 2021

နို့နှင့်နို့ထွက်ပစ္စည်းစားသုံးမှုသည် ကိုယ်ခံအားကောင်းမွန်ပြီး အရိုးအဆစ်ကို သန်မာစေသဖြင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနအနေဖြင့် နိုင်ငံအတွင်း နို့နှင့်နို့ထွက်ပစ္စည်းများ ပိုမိုစားသုံးနိုင်စေ ရန်နှင့် သန့်ရှင်း၍အရည်အသွေး ကောင်းမွန်သောနွားနို့ကိုရရှိနိုင်ရန် ပံ့ပိုးပေးလျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Nov 15, 2021

ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲအတည်ပြုပိုးတွေ့လူနာများနှင့် သီးသန့်စောင့် ကြည့်ရမည့်သူများအား တပ်မတော်ဆေးရုံများ၊ ပြည်သူ့ဆေးရုံများ၊ ကျန်းမာရေး ဌာနများနှင့် ကိုဗစ်စင်တာများတွင် ကျန်းမာရေးစောင့်ရှောက်ပေးခြင်းနှင့် ပြည်နယ်နှင့်တိုင်းဒေသကြီးအသီးသီး၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးခြင်း လုပ်ငန်းများကို တပ်မတော်သားဆရာဝန်များ၊ ကျန်းမာရေးဝန်ထမ်းများ၊ လူမှုရေးအသင်း အဖွဲ့များပူးပေါင်း၍ အင်တိုက်အားတိုက်ဆောင်ရွက်ပေးလျက်ရှိရာ ၎င်းလုပ်ငန်း များတွင် အထောက်အကူဖြစ်စေရန်အတွက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ကို တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးသို့ သတ်မှတ်အအေးလမ်းကြောင်း စံချိန်စံညွှန်းများအတိုင်း တပ်မတော်(လေ)မှ လေယာဉ်များ၊ Cold Chain Delivery Logistics မော်တော်ယာဉ်ကြီးများဖြင့် ပို့ဆောင်ဖြန့်ဖြူး ပေးလျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Nov 15, 2021

ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေသည့်ကာလ အတွင်း ဆွမ်းကိစ္စရပ်များ အဆင်ပြေစေရန်ရည်ရွယ်၍ တပ်မတော်(ကြည်း၊ရေ၊ လေ) အရာရှိ၊ စစ်သည်၊ အရာထမ်း၊ အမှုထမ်းများနှင့် စေတနာရှင်အလှူရှင်များက မြို့နယ် အသီးသီးရှိ ဘုန်းတော်ကြီး ကျောင်းများ၊ သာသနာနွယ်ဝင် သီလရှင်ကျောင်းများနှင့် ဘာသာရေးကျောင်းများသို့ ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်(၄)မျိုးနှင့် လှူဖွယ် ပစ္စည်းများလှူဒါန်းခြင်း၊ နေ့ဆွမ်းများ ဆက်ကပ်လှူဒါန်းခြင်းနှင့် ကျန်းမာရေး စစ်ဆေး ပေးခြင်းများကို ဆောင်ရွက်လျက် ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Nov 15, 2021

ရခိုင်ပြည်နယ် သံတွဲခရိုင် ငပလီမြို့ “ငပလီကမ်းခြေ ဆောင်းဦးပွဲတော်” ဖွင့်ပွဲအခမ်းအနားကို ငပလီ ကမ်းခြေရှိ ပါရာဒိုက်ဟိုတယ်၌ ယနေ့ နံနက်ပိုင်းက ကျင်းပရာ ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဌေးအောင်၊ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ အောင်ကျော်မင်း၊ ပြည်နယ်ဝန်ကြီးများ၊ သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများနှင့် ဖိတ်ကြားထား သည့် ဧည့်သည်တော်များ တက်ရောက်ခဲ့ကြသည်။

ဆက်လက်ဖတ်ရှုရန်

Nov 15, 2021

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ ပစ္စည်းများကို လေကြောင်း၊ ရေကြောင်းနှင့် နယ်စပ်ကုန်သွယ်ရေး စခန်းများမှ နှောင့်နှေးကြန့်ကြာမှုမရှိ တင်သွင်းနိုင်ရေး အချိန်နှင့် တစ်ပြေးညီ စီစဉ်ဆောင်ရွက်ပေး လျက်ရှိရာ ယနေ့တွင် မြဝတီနှင့် ချင်းရွှေဟော်ကုန်သွယ်ရေးစခန်းတို့မှ တင်သွင်းရာ၌ ကုမ္ပဏီနှစ်ခုမှ ယာဉ်စီးရေ သုံးစီးဖြင့် အောက်ဆီဂျင်(အရည်) Bowser ယာဉ် တစ်စီးဖြင့် တန် ၂၀ နှင့် နှာခေါင်းစည်း (Mask) ၁၆ တန်တို့ကို တင်သွင်းခဲ့သည်။ မြဝတီကုန်သွယ်ရေးဇုန်မှတင်သွင်းသည့် အောက်ဆီဂျင် (အရည်) Bowser ယာဉ်တစ်စီး မှာ ရန်ကုန်မြို့သို့ဖြစ်ကြောင်း သိရှိရသည်။

ဆက်လက်ဖတ်ရှုရန်