Aug 24, 2021
တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ မြန်မာနိုင်ငံသို့ လှူဒါန်းသည့် Oxygen Concentrator အလုံး(၁၄၀)သည် ဩဂုတ် ၂၂ ရက် ညနေပိုင်းတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ရောက်ရှိခဲ့ပြီး လှူဒါန်းပစ္စည်းများ လွှဲပြောင်းလက်ခံခြင်း အခမ်းအနားကို ယနေ့တွင် ဗီဒီယိုကွန်ဖရင့် စနစ်ဖြင့် ကျင်းပသည်။
Aug 24, 2021
ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်မြို့နယ်တွင် ငွေကျပ် သိန်း ၆၀၀ ကျော်တန်ဖိုးရှိ စိတ်ကြွ ရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။
Aug 24, 2021
လယ်ယာ ထုတ်ကုန်စီမံခန့်ခွဲရေးအဖွဲ့ ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ရုံးအမှတ်(၃)၌ ကျင်းပသည်။
Aug 24, 2021
မြန်မာနိုင်ငံအနေဖြင့် ကျောက်စိမ်းအချောထည် ထုတ်လုပ်ခြင်း၏ အဓိကဈေးကွက်ဖြစ်ရန် ဖော်ဆောင်နိုင်ရေး လိုအပ်ပါကြောင်း၊ အခြေခံအဆောက်အဦများ အသင့်ရှိပြီးဖြစ်၍ ရှေ့တစ်လှမ်း တိုးပြီး ဖွံ့ဖြိုးတိုးတက်ရန် မူဝါဒနှင့်လုပ်ငန်းစဉ်များ မှန်ကန်စွာဖော်ထုတ်နိုင်ရန် ညှိနှိုင်းဆောင်ရွက် ရမည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီက ပြောကြားသည်။
Aug 24, 2021
ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာရေးဝန်ကြီး၊ ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီ၊ ဥက္ကဋ္ဌ(မြို့တော်ဝန်) ဦးဗိုလ်ဌေးသည် ယနေ့နံနက် ၇ နာရီတွင် ရန်ကင်းမြို့နယ်၊ (၈)ရပ်ကွက်၊ နှင်းဆီလမ်းရှိ ကံဘဲ့စည်ပင်အိမ်ရာဝင်း၌ ရွေ့လျားဈေးကား (Mobile Market) စနစ်ဖြင့် ကုန်စိမ်းများ၊ မီးဖိုချောင်သုံး ကုန်ခြောက်မျိုးစုံ၊ အသားမျိုးစုံနှင့် ငါး/ပုဇွန်အမျိုးမျိုးတို့ကို ဝန်ထမ်းမိသားစုများ ဈေးနှုန်းသက်သာစွာ စားသုံးနိုင်စေရန်၊ ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေး ညွှန်ကြားချက်များအား လိုက်နာ ဆောင်ရွက်နိုင်ရန် လိုက်လံကြည့်ရှုကြပ်မတ် စစ်ဆေးသည်။
Aug 24, 2021
နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ၂၀၂၀ - ၂၀၂၁ ဘဏ္ဍာနှစ် နယ်စပ်ဒေသ ဖွံ့ဖြိုးရေး ပြည်ထောင်စု ရန်ပုံငွေကျပ် ၂၂၆ ဒသမ ၄၃၇ သန်းဖြင့် မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ချောင်းတောင်ကျေးရွာ၊ အထက်တန်း ကျောင်းခွဲတွင် ပေ ၁၂၀ x ၃၀ RC နှစ်ထပ် ကျောင်းဆောင်သစ် ၁ ဆောင်နှင့် ပညာရေး ဝန်ထမ်းနေအိမ် ၂ လုံး တည်ဆောက်ခြင်းလုပ်ငန်းများ ရာနှုန်းပြည့်ဆောင်ရွက် ပြီးစီးပြီဖြစ်ကြောင်း သိရှိရသည်။
Aug 24, 2021
ကမ္ဘောဒီးယား၊ လာအို၊ မြန်မာ၊ ဗီယက်နမ်နှင့် ထိုင်းနိုင်ငံတို့ ပါဝင်သော ACCELERATING A RESILIENT RECOVERY CLMVT Plus Forum 2021 ကို ယနေ့နံနက် ၉ နာရီတွင် ဗီဒီယိုကွန်ဖရင့် စနစ်ဖြင့် ကျင်းပရာ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဌေးအောင်နှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းအဖွဲ့ချုပ်ဥက္ကဋ္ဌနှင့် အသင်းများမှ ကိုယ်စားလှယ်များ တက်ရောက်ကြပြီး CLMVT အဖွဲ့ဝင်နိုင်ငံများမှ အဆင့်မြင့်ကိုယ်စားလှယ်များ၊ Trade Partner များနှင့် အခြားသော အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ ကိုယ်စားလှယ်များ ပါဝင် တက်ရောက်ကြသည်။
Aug 24, 2021
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့် ကိုဗစ်-၁၉ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ ပစ္စည်းများကို ပြည်ပမှ တင်သွင်းရာတွင် နှောင့်နှေးကြန့်ကြာမှု မရှိစေရေးအတွက် သက်ဆိုင်ရာဌာနများနှင့် ညှိနှိုင်းထားသည့် SOP များနှင့်အညီ အများပြည်သူရုံးပိတ်ရက်များ တွင်လည်း ဦးစားပေးတင်သွင်းခွင့်ပြု ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
Aug 24, 2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့၊ စံသာကျေးရွာ အခြေခံပညာအထက်တန်း ကျောင်း(ခွဲ)တွင် ကျောင်းအုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး CDM ပြုလုပ်ခဲ့သူ ကျောင်းအုပ် ပုံခမ်းကျယ်နှင့် အခြား CDM ပြုလုပ်နေသူ ကျောင်းဆရာ/ ဆရာမများဖြစ်ကြသည့် အောင်ငြိမ်းချမ်း၊ သန်းသန်းစိုး၊ စန်းကိန် တို့ ၃ ဦးအား ကလေးမြို့၊ တပ်ဦးသီတာရပ်ကွက်၊ အိမ်အမှတ်(၈/၂၁)၌ ဩဂုတ် ၁၄ ရက် မွန်းလွဲ ၃ နာရီတွင် တွေ့ရှိဖမ်းဆီး စစ်ဆေးမှုများ ပြုလုပ်ခဲ့သည်။
Aug 24, 2021
စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ နေပြည်တော် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၊ တပ်ကုန်းမြို့နယ်ဘဏ်ခွဲမှ တောင်သူဦးကြီးများသို့ ၂၀၂၁ ခုနှစ် မိုးရာသီစိုက်ပျိုးစရိတ် ချေးငွေများ ထုတ်ချေးပေးခြင်းကို ကျန်းမာရေးဝန်ကြီးဌာန၏ ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေး ညွှန်ကြားချက်များနှင့်အညီ ယနေ့နံနက်ပိုင်းက ဆက်လက် ထုတ်ချေးပေး လျက်ရှိကြောင်း သိရသည်။
Aug 24, 2021
ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးနှင့်အဖွဲ့သည် ယနေ့နံနက်ပိုင်းတွင် ကော့ကရိတ်ခရိုင်၊ ကျုံဒိုးမြို့နယ်၊ ဟောင်သရောမြစ်အတွင်းသို့ ငါးသားပေါက်ကောင်ရေ ၁၃၀၀၀၀ မျိုးစိုက်ထည့်သော အခမ်းအနားသို့ တက်ရောက်သည်။
Aug 24, 2021
ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာရေးဝန်ကြီး၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီဥက္ကဋ္ဌ(မြို့တော်ဝန်) ဦးဗိုလ်ဌေးသည် ယနေ့ နံနက် ၇ နာရီတွင် ရန်ကင်းမြို့နယ် ဆရာစံလမ်း၊ မြောက်မြင်းပြိုင် ကွင်းလမ်းနှင့် အနောက်မြင်းပြိုင်ကွင်းလမ်းဆုံသို့ သွားရောက်၍ အင်ဂျင်နီယာဌာန (လမ်းနှင့်တံတား)မှ တာဝန်ယူခင်းနေသည့် ဧရိယာ ၈၀၀၂၈ စတုရန်းပေ၊ ထု ၁၁ လက်မရှိ လမ်းသားတင်ကွန်ကရစ် ခင်းနေမှုနှင့် ရေစီးရေလာ စီမံခန့်ခွဲမှုဌာနမှ ဆောင်ရွက်နေသည့် ဆရာစံလမ်းတစ်လျှောက် လူသွားလမ်း ပလက်ဖောင်းအောက်ရှိ ရေမြေခြင်းများကို ရေစီးရေလာကောင်းမွန်စေရန် အမှိုက်များဆယ်ယူ ရှင်းလင်းနေမှုတို့ကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားသည်။
Aug 24, 2021
မြို့နယ်အသီးသီးရှိ ဘုန်းတော် ကြီးကျောင်းများ၊ သာသနာ့ နွယ်ဝင် သီလရှင်ကျောင်းများနှင့် ဘာသာရေး ကျောင်းများတွင် ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်လေးမျိုးနှင့် လှူဖွယ်ပစ္စည်း | များ လှူဒါန်းခြင်း၊ နေ့ဆွမ်းများ ဆက်ကပ်လှူဒါန်းခြင်းနှင့် ကျန်းမာရေးစစ်ဆေးပေးခြင်း များကို ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် မွန်ပြည်နယ် ရေးမြို့နယ် ပုပ္ပဝတီကျေးရွာရှိ ပုပ္ပရာမကျောင်း တိုက်၊ အစင်စံပြကျေးရွာရှိ သာသနာ့ဇောတိကကျောင်းတိုက်နှင့် ထန်းခြောက်ပင်ကျောင်း တိုက်များသို့ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး အောင်စိုး၊ အရှေ့တောင် တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ကိုကိုမောင်နှင့် အဖွဲ့ဝင်များက သွားရောက်၍ သံဃာတော်များအား ဆွမ်းဆန်တော်၊ ဆန်၊ ဆီ၊ လှူဖွယ်ပစ္စည်းများနှင့် ကိုဗစ်-၁၉ရောဂါကြိုတင် ကာကွယ်ရေး အထောက်အကူပြု ဆေးဝါးများကို ဆက်ကပ်လှူဒါန်းကြ သည်။
Aug 24, 2021
ကိုဗစ်- ၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက် လျက်ရှိရာ သွားလာမှုကန့်သတ်ချက်များကြောင့် စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ၊ ပြည်သူ့စစ်(ဌာနေ)တပ်ဖွဲ့ဝင်များ၊ ကျန်းမာရေးဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်း Volunteerများနှင့် ဒေသခံပြည်သူများ စားရေးအဆင်ပြေစေရေးအတွက် တပ်မတော်နှင့် စေတနာရှင်အလှူရှင်များက စားသောက်ဖွယ်ရာများ၊ ထောက်ပံ့ငွေများနှင့် ရောဂါကာကွယ်ရေး အထောက်အကူပြု ပစ္စည်းများကို ထောက်ပံ့လှူဒါန်းလျက်ရှိသည်။
Aug 24, 2021
ပြည်ပနိုင်ငံများမှ ဝင်ရောက်လာသည့် မြန်မာနိုင်ငံသားများကိုနယ်စပ်ဂိတ် အသီးသီးတွင် လက်ခံဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် ကရင် ပြည်နယ်၊ မြဝတီမြို့ရှိ မြန်မာ-ထိုင်း အမှတ်(၂) ချစ်ကြည်ရေးတံတားမှ ပြန်လည် ဝင်ရောက်လာသူ အမျိုးသား ၁၁၅ ဦး၊ အမျိုးသမီး ၈၂ ဦး၊ စုစုပေါင်း ၁၉၇ ဦး တို့ကို လက်ခံခဲ့သည်။
Aug 24, 2021
ကိုဗစ်-၁၉ ရောဂါဓာတ်ခွဲအတည်ပြု ပိုးတွေ့လူနာများနှင့် သီးသန့်စောင့် ကြည့်ရမည့်သူများကို ကုသရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အောက်ဆီဂျင် လိုအပ်ချက်များကို တစ်ဖက် တစ်လမ်းမှ အထောက်အကူပြုစေရန်အတွက် တပ်မတော်နှင့် အလှူရှင်များက အောက်ဆီဂျင်အိုးများ၊ ရောဂါကာကွယ်ရေး အထောက်အကူပြုပစ္စည်းများနှင့် အာဟာရဖြည့် စားသောက်ဖွယ်ရာများကို တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ ပြည်သူ့ဆေးရုံများ၊ တပ်မတော်ဆေးရုံများ၊ ကျန်းမာရေးဌာနများ၊ ကိုဗစ်စင်တာများနှင့် လူမှုကူညီရေး အသင်းအဖွဲ့များသို့ ပေးပို့လှူဒါန်းလျက်ရှိသည်။
Aug 24, 2021
(၂၀၂၁ ခုနှစ်၊ ဩဂုတ်လ (၂၄)ရက်နေ့ နံနက်(၇:၀၀)နာရီအချိန် ထုတ်ပြန်ချက်)
Aug 24, 2021
မြန်မာနိုင်ငံ ဆေးနှင့် ဆေးပစ္စည်းလုပ်ငန်းရှင်များ အသင်း၏စီစဉ်မှုဖြင့် ပြုလုပ်သော ဆေးဝါးများ လက်လီ/လက်ကား ရောင်းချသည့် အစီအစဉ် အရောင်းပြခန်း(၂)ကို ပန်းဘဲတန်း မြို့နယ် ကုန်သည်လမ်းနှင့် ဗိုလ်ဆွန်ပက်လမ်းထောင့်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှု ဗဟိုဌာန၌ ယနေ့နံနက်ပိုင်းက စတင်ဖွင့်လှစ်ရောင်းချပေးလျက် ရှိကြောင်း သိရသည်။
Aug 24, 2021
အကောက်ခွန်ဦးစီးဌာနအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးပစ္စည်း များအား လေကြောင်း၊ ဆိပ်ကမ်း၊ နယ်စပ် ဂိတ်အသီးသီးမှ ရုံးပိတ်ရက်ရှည်ကာလအတွင်း နေ့စဉ်ရုံးပိတ်ရက်မရှိ လွယ်ကူချောမွေ့စွာ စစ်ဆေးထုတ်ပေးလျက်ရှိရာ ယနေ့တွင် ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ကုမ္ပဏီ ၂၃ ခုမှ Oral-Z Tablet 70Goi Nutrivit-C Tablet ၅၇၄ ခု Enocard 60 MG Injection Jugoi Tigevar Injection ၃၂၀၀၊ M-Noxa ၁၂၈၀၀၊ Zinc-C Chewable Tablets goooi Vitamin C+Zinc+ Vitamin D3 Tablets oogg 21 Vitamin C 5000 MG Tablets ၁၀၀၃၆ ခု၊ Nasal Cannula ၁၀၈၀၊
