Skip to main content

Sep 29, 2020

တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးမြင့်မောင်နှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် တိုင်း/ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများသည် ယမန်နေ့က အပူတိုင်းမုန်တိုင်း(နိုလ်)ကြောင့် ကော့သောင်းမြို့နယ်အတွင်း သဘာဝဘေးသင့်မိသားစုဝင်များအား ထောက်ပံ့ငွေနှင့် ထောက်ပံ့ပစ္စည်းများ၊ လိုက်လံ ထောက်ပံ့ပေးအပ်ခဲ့ကြောင်းသိရသည်။

ဆက်လက်ဖတ်ရှုရန်

Sep 29, 2020

ကချင်ပြည်နယ်အတွင်း ကိုဗစ်-၁၉ ကပ်ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများ စနစ်တကျဖြင့် ဌာနဆိုင်ရာအချင်းချင်း ပူးပေါင်းဆောင်ရွက်နိုင်ရေးအတွက် ညှိနှိုင်းအစည်းအဝေးကို ပြည်နယ်ဝန်ကြီးချုပ် ဦးဆောင်၍ ယမန်နေ့ နံနက်ပိုင်းတွင် ပြည်နယ်အစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Sep 29, 2020

ပြည်ထောင်စုရှေ့နေချုပ်ရုံးမှ အမှုထမ်း၊ အရာထမ်းများက နေပြည်တော်စည်ပင်ဧည့်ရိပ်သာတွင် Quarantine ဝင်ရောက်နေသူများအတွက် ထမင်းဘူးနှင့် ရေသန့်များကို ယနေ့နံနက်ပိုင်းက သွားရောက်လှူဒါန်းကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်

Sep 29, 2020

အမုန်းစကား၊ အစွန်းရောက်ဝါဒ၊ လုပ်ကြံသတင်းနှင့် သတင်းမှားများသည် ကမ္ဘာနှင့်အဝှမ်း ကပ်ဘေးသဖွယ် ပျံ့နှံ့နေသည့် သတင်းအချက်အလက်ဖရိုဖရဲဖြစ်မှု၏ တွေ့ရအများဆုံးသောပုံစံများ ဖြစ်ကြသည်။ ယင်းတို့ကို ဖေ့စ်ဘွတ်၊ တွစ်တာအစရှိသည့် ဆိုရှယ်မီဒီယာ၊ လူမှု ကွန်ရက်တို့တွင် တွေ့မြင်နေကြရသောကြောင့် မီဒီယာနှင့် သတင်းအချက်အလက်ဆိုင်ရာ သိနားလည်မှု မြှင့်တင်ရေး လုပ်ငန်း (Media and Information Literacy - MIL) သည် အလေးထားဆောင်ရွက်ရမည့် လုပ်ငန်းအဖြစ် ကမ္ဘာ့နိုင်ငံအသီးသီးက အသိအမှတ်ပြုကာ ဆောင်ရွက်နေကြသည်။ မြန်မာနိုင်ငံ တွင်လည်း MIL ပညာပေးလုပ်ငန်းများ ကို အစိုးရဌာနများနှင့် အစိုးရမဟုတ်သော အဖွဲ့အစည်း များ၊ အရပ်ဘက်လူမှုအဖွဲ့အစည်းများက အရှိန်အဟုန်ဖြင့် ဆောင်ရွက်လျက်ရှိကြသည်။

ဆက်လက်ဖတ်ရှုရန်

Sep 29, 2020

တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမြင့်မောင်သည် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်းဒေသကြီး၊ ခရိုင်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ လိုက်ပါလျက် ကော့သောင်းမြို့ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေအား ယမန်နေ့ မွန်းလွဲပိုင်းက ကွင်းဆင်းစစ်ဆေးခဲ့ကြကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်

Sep 29, 2020

“ဒုတိယအကြိမ်မြန်မာတက္ကသိုလ်များသုတေသန စာတမ်းဖတ်ပွဲ ၂၀၂၀” ကို ၂၀၂၀ ပြည့်နှစ် ဇွန်လ ၂၅ ရက်နေ့မှ ၂၇ ရက်နေ့အထိ ပညာရပ်နယ်ပယ် ၉ ရပ်ဖြင့် အုပ်စု ခွဲပြီး ကျင်းပနိုင်ခဲ့ပါတယ်။ ပညာရပ်နယ်ပယ် ၉ ရပ်တို့မှာ (၁) သစ်တော၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးပညာရပ်၊ (၂) ဝိဇ္ဇာပညာရပ်၊ (၃) စီးပွားရေးပညာရပ်၊ (၄) ကွန်ပျူတာ နည်းပညာရပ်၊ (၅) ဆရာအတတ်ပညာရပ်၊ (၆) အင်ဂျင် နီယာနှင့်နည်းပညာရပ်၊ (၇) ဘာသာ၊ ယဉ်ကျေးမှုနှင့် အနုပညာရပ်၊ (၈) ဆေးနှင့်နှီးနွှယ်ပညာရပ်၊ (၉) သိပ္ပံ ပညာရပ် စသည်တို့ ဖြစ်ကြပါတယ်။ ဒီနှစ်ကျင်းပတဲ့ တက္ကသိုလ်များ သုတေသနစာတမ်းဖတ်ပွဲရဲ့ ဦးတည်ချက် ဆောင်ပုဒ်က “နိုင်ငံတော် သာယာဝပြောမှုကိုဦးတည် သော အရည်အသွေးရှိ သုတေသန” ဖြစ်ပါတယ်။ ကိုဗစ်-၁၉ အခက်အခဲကာလမှာ ကျန်းမာရေးညွှန်ကြားချက် စည်းမျဉ်းတွေနဲ့အညီ အင်တာနက်အသုံးပြုပြီး ဗီဒီယို ကွန်ဖရင့်စနစ်ဖြင့် အခမ်းအနားဖွင့်ပွဲ၊ စာတမ်းဖတ်ပွဲ၊ အခမ်းအနား ပိတ်ပွဲနှင့် ဆုချီးမြှင့်ပွဲတွေကို အောင်အောင် မြင်မြင် ဦးစီးပူးပေါင်းကျင်းပပေးသွားခဲ့ကြတဲ့ အမျိုးသား ပညာရေး မူဝါဒကော်မရှင်နဲ့ ပါမောက္ခချုပ်များ ကော်မတီ တို့ အတွက်လည်း ဂုဏ်ယူဖွယ်ဖြစ်ပါတယ်။ တက္ကသိုလ် တွေရဲ့ အရည်အသွေး အဆင့်မြင့်မားရေးတွင် သုတေသန တွေရဲ့ အခန်းကဏ္ဍသည် ထိပ်တန်းမှပါဝင်ပေရာ မြန်မာတက္ကသိုလ်များ အဆင့်မြင့်မားရေးအတွက် ဤစာတမ်းဖတ်ပွဲများက များစွာအထောက်အကူ ဖြစ်စေမှာ သေချာပါတယ်။

ဆက်လက်ဖတ်ရှုရန်

Sep 29, 2020

တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့က သရက်ချောင်းမြို့နယ်အတွင်းရှိ သဘာဝဘေးသင့် အိမ်ထောင်စုများအား ထောက်ပံ့ငွေပေးအပ်ခြင်း အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး (အစည်းအဝေး)ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Sep 29, 2020

၂၀၂ဝ ပြည့်နှစ် စက်တင်ဘာ ၂၉ ရက်နေ့ဟာ ကမ္ဘာ့နှလုံးနေ့ (World Heart Day) နေ့ ဖြစ်ပါတယ်။ ယခုနှစ်ရဲ့ ဆောင်ပုဒ်ကတော့ “Use heart to beat Cardiovascular Disease” ဖြစ်ပါတယ်။ လူ့ခန္ဓာကိုယ်ရဲ့ အရေးကြီးဆုံးအင်္ဂါတစ်ခုဖြစ်တဲ့ နှလုံးကို ဂရုပြုထိန်းသိမ်းကြဖို့ နှလုံးရောဂါ၊ သွေးတိုးနဲ့ လေဖြတ်ခြင်းတို့ကို လူသားများအသိ သတိရှိရှိ နိုးကြားစွာ ကာကွယ်နိုင်ကြစေဖို့ နှိုးဆော်တဲ့အနေနဲ့ ဒီလိုနေ့တစ်နေ့သတ်မှတ်ပြီး ကျင်းပကြတာ ဖြစ်ပါတယ်။

ဆက်လက်ဖတ်ရှုရန်

Sep 29, 2020

ရန်ကုန်တိုင်းဒေသကြီးအတွင်း ကိုဗစ် - ၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအတွက် ဆောင်ရွက်နေမှုများနှင့် စပ်လျဉ်းပြီး ရန်ကုန်တိုင်းဒေသကြီး ကိုဗစ် - ၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအတွက် ပေါင်းစပ်ညှိနှိုင်းရေးကော်မတီ ဒုတိယဥက္ကဋ္ဌ၊ ဆေးတက္ကသိုလ် - ၁ (ရန်ကုန်) ပါမောက္ခချုပ် ပါမောက္ခ ဒေါက်တာဇော်ဝေစိုးနှင့် မြန်မာ့ရုပ်မြင်သံကြားမှ သတင်းအဖွဲ့က စက်တင်ဘာ ၂၇ ရက်တွင် ဆက်သွယ်မေးမြန်းထားသည်များကို ပြန်လည်ဖော်ပြလိုက်ပါသည်-

ဆက်လက်ဖတ်ရှုရန်

Sep 29, 2020

အရက်၊ ဘီယာ၊ ဝိုင်(ယမကာ) ထုတ်လုပ်၊ တင်သွင်း၊ ရောင်းချမှုဆိုင်ရာ ကြီးကြပ်ညှိနှိုင်းရေးကော်မတီ ၏ သတ္တမအကြိမ် ညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၁၁ နာရီတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ Zoom Application ဖြင့် ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Sep 29, 2020

ခေတ်သစ်ပြည်ထောင်စုပါတီဥက္ကဋ္ဌ ဦးအောင်သန်းက ၎င်းတို့၏ မူဝါဒ၊ သဘောထား၊ လုပ်ငန်းစဉ် စသည်တို့ကို စက်တင်ဘာ ၂၈ ရက် ညပိုင်းတွင် ရေဒီယိုနှင့် ရုပ်မြင်သံကြားအစီအစဉ်များမှ ဟောပြောတင်ပြခဲ့ပါသည်။

ဆက်လက်ဖတ်ရှုရန်

Sep 29, 2020

ကိုဗစ်-၁၉ ရောဂါသည် ပြည်သူများ၏ ကျန်းမာရေးသာမက အသက် အန္တရာယ်ပါ ထိခိုက်ပျက်စီးမှု ရှိစေသော မကြုံဖူးသည့် ရောဂါဆန်းဖြစ်သည်။ ကမ္ဘာတစ်ဝန်းရှိပြည်သူများသည် ကိုဗစ်ရောဂါကြောင့် ဘဝများ၊ အသက်များ ပေးဆပ်ခဲ့ရပြီး ဆက်လက်၍လည်း ရင်ဆိုင်ကျော်လွှားအန်တုနိုင်ရန် ကြိုးပမ်းနေသည်။ ကိုဗစ်-၁၉ ရောဂါသည် ပြည်သူများ၏ ကျန်းမာရေးအတွက်သာမက လူမှုစီးပွားများပါ ထိခိုက်ပျက်စီးစေသည်ကို လက်တွေ့ ကြုံတွေ့နေကြရပါသည်။

ဆက်လက်ဖတ်ရှုရန်

Sep 29, 2020

လူ့သဘာဝအရ အခက်အခဲ အကျပ်အတည်းများနှင့် ကြုံရသည့်အခါ၊ စိုးရိမ်ကြောင့်ကြစရာများနှင့် ဒက်ထိ ရင်ဆိုင်ရသည့်အခါ စိတ်ရှုပ်ထွေးမှု ပူပန်မှုများ ဖြစ်ရသည်။ အထူးသဖြင့် ဖြစ်ရိုးဖြစ်စဉ်မဟုတ်ဘဲ ကိုယ်နိုင်နင်းစွာ ကျော်လွှားဖြတ်သန်းရန် အလွန်ခက်ခဲသည့် ပြဿနာများနှင့် ကြုံတွေ့ရသည့်အခါတွင် စိတ်ဓာတ်ကျကာ လက်လျှော့ငိုကြွေးခြင်း သို့မဟုတ် မဆိုင်သည့်နေရာများတွင်ပါ ပြင်းပြင်းထန်ထန် ဖောက်ခွဲ ထွက်ပေါက်ပေးခြင်း စသည့် လွဲမှားသော တုံ့ပြန်မှုမျိုး ဖြစ်လေ့ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Sep 28, 2020

(၂၇-၉-၂၀၂၀) ရက်နေ့၊ ည (၈:၀၀)နာရီမှ (၂၈-၉-၂၀၂၀) ရက်နေ့၊ ည (၈:၀၀)နာရီအတွင်း ဓာတ်ခွဲနမူနာ စုစုပေါင်း (၅,၅၉၇) ခုအား စစ်ဆေးပြီးစီးခဲ့ရာ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြု လူနာသစ် (၈၉၇)ဦး တွေ့ရှိရပါသည်။

ဆက်လက်ဖတ်ရှုရန်

Sep 28, 2020

ရန်ကုန်တိုင်းဒေသကြီးအတွင်း ကိုဗစ် - ၁၉ ရောဂါ လူနာများနှင့် ထိတွေ့ဆက်စပ်သည့်သူများ ထားရှိရန်နှင့် လိုအပ်လာပါက အသုံးပြုနိုင်ရန် မရမ်းကုန်းမြို့နယ် အင်းလျားလိတ် ဟိုတယ်နားရှိ Yangon Convention Center နှင့် သာကေတမြို့နယ်ရှိ Fortune Plaza တို့အား ကြိုတင်ပြင်ဆင် ထားရှိရေးအတွက် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းနှင့် တာဝန်ရှိသူများက ယမန်နေ့မွန်းလွဲ ၁ နာရီခန့်က ကြည့်ရှုစစ်ဆေးခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Sep 28, 2020

စစ်ကိုင်းတိုင်းဒေသကြီးအဆင့် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေး(၆/၂၀၂၀) ကို ယနေ့ နံနက် (၁၀)နာရီက တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပ ပြုလုပ်ခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Sep 28, 2020

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်နှင့် ဇနီး ဒေါ်တင့်တင့်(ခ)ဒေါ်ချူးချူး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် တာဝန်ရှိသူများသည် ယမန်နေ့ မွန်းလွဲ တစ် နာရီက မုံရွာမြို့ အဝင်/အထွက် ကိုဗစ် -၁၉ ရောဂါ ကျန်းမာရေး စစ်ဆေးရေးဂိတ်များဖြစ်သည့် ကျောက္ကာ၊ မုံရွေး၊၊အလုံနှင့် ပြည်တော်သာ တို့တွင် တာဝန် ထမ်းဆောင်နေသော ဌာနဆိုင်ရာများနှင့် လူမှုရေးအသင်း အဖွဲ့များမှ ကူညီဆောင် ရွက် ပေးနေသူ များအား လည်းကောင်း၊ Quarantine Centerများဖြစ်သည့် မုံရွာစီးပွားရေးတက္ကသိုလ်၊ နန္ဒဝန်အိမ်ရာစခန်းနှင့် ဒေါနခြံရပ်ကွက်တို့သို့ သွားရောက်စစ်ဆေးပြီး အားပေးစကားပြောကြားကာ ဝန်ကြီးချုပ်နှင့် ဇနီး မိသားစုတို့မှ တစ်နေ့တာ အာဟာရဒါနအဖြစ် အချိုရည်ဘူးများ၊ စားသောက်ဖွယ်ရာမုန့်မျိုးစုံတို့အပြင် အပူချိန်တိုင်း ပစ္စည်းများနှင့် လက်သန့်ဆေးရည်ဗူးများအား ကုသိုလ်ပြု ပေးအပ်ခဲ့ပြီး Quarantine Centerများတွင် ကိုဗစ် -၁၉ ရောဂါကာကွယ်ရေးနှင်ပတ်သက်၍ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်များနှင့်အညီ စနစ်တကျအားလုံးပူးပေါင်ဆောင်ရွက်ကြရန် လမ်းညွှန်မှာကြားခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Sep 28, 2020

တနင်္သာရီတိုင်း​ဒေသကြီးအစိုးရဖွဲ့ ဝန်ကြီးချုပ်ဦးမြင့်မောင်သည် တိုင်းဒေသကြီး ဝန်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယမန်နေ့ မွန်းလွဲပိုင်းက ဘုတ်ပြင်းမြို့နယ် ထောင်ခမက်ကျေးရွာအုပ်စု ချောင်းကရှက်ကျေးရွာ၊ ကလန်းချောင်းကျေးရွာနှင့် နို့ငွါးကျေးရွာအုပ်စု ချောင်းကဖီးကျေးရွာ တို့ရှိ သဘာဝဘေးသင့်အိမ်ထောင်စုများအား ထောက်ပံ့ငွေများ သွားရောက်ပေးအပ်ခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Sep 28, 2020

ကမ္ဘာတစ်ဝန်းကလူတွေ ယနေ့အချိန်အခါမှာ မျှော်လင့်ချက် ကြီးကြီးနဲ့ စောင့်မျှော်နေကြတဲ့ သတင်းကတော့ ကိုဗစ်-၁၉ ကာကွယ်ဆေးဘယ်တော့ပေါ်မှာလဲဆိုတဲ့ သတင်းပါပဲ။ ကာကွယ် ဆေးထွက်ပေါ်လာရင်တောင် တစ်ကမ္ဘာလုံးက လူသားတွေအတွက် လုံလောက်အောင် ထုတ်လုပ်ပေးနိုင်ဖို့ဆိုတာ စိန်ခေါ်မှုကြီးတစ်ခုပါပဲ။

ဆက်လက်ဖတ်ရှုရန်