Dec 20, 2020
အမျိုးသားပညာရေးမဟာဗျူဟာစီမံကိန်း (၂၀၂၁-၂၀၃၀) (National Education Strategic Plan-NESP 2021-2030) ရေးဆွဲခြင်းအတွက် ပညာရေးဝန်ကြီးဌာန ဝန်ကြီးရုံးနှင့် ဦးစီးဌာနများမှ အရာထမ်းများ၊ စိတ်ပါဝင်စားသူ အမှုထမ်းများနှင့် NESP 2 ရေးဆွဲရေးအဖွဲ့များ (Drafting Teams) နှင့် ရှင်းလင်းဆွေးနွေးပွဲကို ယနေ့ နံနက် ၉ နာရီခွဲတွင် နေပြည်တော်၊ ပညာရေးဝန်ကြီးဌာနမှ ဗီဒီယို ကွန်ဖရင့်စနစ်ဖြင့် ကျင်းပသည်။
Dec 20, 2020
ပြည်ထောင်စုတရားလွှတ်တော်ချုပ်၊ ဥတ္တရခရိုင်တရားရုံး အဆောက်အဦ ပန္နက် တော်တင် တွင်းတော်ဝန်း မင်္ဂလာအခမ်းအနားကို ယနေ့နံနက် ၈ နာရီက နေပြည်တော် ကောင်စီနယ်မြေ၊ ပုဗ္ဗသီရိ မြို့နယ်၊ ချင်းတွင်းလမ်းနှင့် ပုဗ္ဗသီရိမြို့နယ် တရားရုံးလမ်း ထောင့်ရှိ အဆိုပါ အဆောက်အဦ တည်ဆောက်မည့်နေရာ မင်္ဂလာမဏ္ဍပ်၌ ကျန်းမာရေး နှင့်အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထား သည့် ကိုဗစ်-၁၉ ရောဂါကာကွယ်တားဆီးရေး ဆိုင်ရာ လမ်းညွှန်ချက်များနှင့်အညီ ကျင်းပရာ ပြည်ထောင်စုတရားသူကြီးချုပ် ဦးထွန်းထွန်းဦး တက်ရောက်သည်။
Dec 20, 2020
နိုင်ငံတကာခရီးသည်တင် လေယာဉ်များပျံသန်းမှု ယာယီရပ်ဆိုင်းထားခြင်းကြောင့် ထိုင်ဝမ် (တရုတ်-တိုင်ပေ) ဒေသတွင် စာချုပ်သက်တမ်းကုန်ဆုံး၍ သင်္ဘောဆင်းခွင့်ရရှိရန် အခက်အခဲ ကြုံတွေ့နေရသည့် မြန်မာသင်္ဘောသား အများစု အပါအဝင် မြန်မာနိုင်ငံသား စုစုပေါင်း (၁၄၇) ဦးကို ဟောင်ကောင်မြို့ရှိ မြန်မာကောင်စစ်ဝန်ချုပ်ရုံးမှ စီစဉ်သည့် China Airlines လေကြောင်းလိုင်း ကယ်ဆယ်ရေးလေယာဉ်ဖြင့် ပြန်လည်ခေါ်ဆောင်ခဲ့ရာ ယနေ့ နံနက်ပိုင်းတွင် ရန်ကုန်အပြည်ပြည် ဆိုင်ရာ လေဆိပ်သို့အဆင်ပြေချောမွေ့စွာ ပြန်လည် ရောက်ရှိခဲ့ကြသည်။
Dec 20, 2020
တနင်္သာရီတိုင်းဒေသကြီး မြိတ်-ထားဝယ်-ရန်ကုန် ပြည်ထောင်စုကားလမ်းမပေါ်ရှိ သမုတ်မြစ်အားဖြတ်၍ တည်ဆောက်ထားသည့် သမုတ်-လွတ်လွတ် တံတားကို တံတားတည်ဆောက်ရေးလုပ်ငန်းနှင့် တံတားချဉ်းကပ်လမ်း တည်ဆောက်ရေးလုပ်ငန်းများ ရာနှုန်းပြည့် ဆောင်ရွက် ပြီးစီးပြီ ဖြစ်၍ ဒေသခံပြည်သူများနှင့် ခရီးသွားပြည်သူများ တံတားပေါ် အဆင်ပြေချောမွေ့စွာ ဖြတ်သန်းသွားလာနိုင်ပြီဖြစ်သည်။
Dec 20, 2020
၁၉၈၀-၈၁ ပညာသင်နှစ်ရဲ့ နှင်းတွေဝေတဲ့ ဒီဇင်ဘာနံနက်ခင်းတစ်ခုမှာ ရန်ကုန် တက္ကသိုလ်မြေကို စတင်ခြေချခဲ့ပါတယ်။ တတိယနှစ် မြန်မာစာအဓိက ကျောင်းသူ အဖြစ်နဲ့ပါ။ ကျွန်မတို့က ဒေသကောလိပ် ပညာရေးကို လက်မတင်လေး မီလိုက်သူများ ဖြစ်တာကြောင့် အခြေခံပညာအထက်တန်းကို ၁၉၇၈ ခုနှစ်မှာ အောင်မြင်ခဲ့ပြီး ပထမနှစ်ကို အမှတ်(၃)ဒေသကောလိပ်မှာ တက်ရောက်ခဲ့ ရပါတယ်။ ငယ်စဉ်ကတည်းက ဆရာဝန်ဖြစ်ချင်တဲ့ ဆရာဝန်ရူးဆိုတော့ ပထမနှစ်မှာ အဘိုးက တားတဲ့ကြားက သိပ္ပံ(ဇီဝ)တွဲယူခဲ့ ပါတယ်။ ဒုတိယနှစ်မှာ လုပ်ငန်းအတတ်ပညာ ဆိုတော့ ရော်ဘာနဲ့ ပလတ်စတစ်လုပ်ငန်း ယူပါတယ်။ ဂုဏ်ထူးတဝေဝေနဲ့ အောင်ခဲ့ပေ မယ့် အမှတ်ပေါင်းသော် ဆေးတက္ကသိုလ်ဝင်ခွင့် အမှတ်မမီလေသောကြောင့် ရွေးချယ်ရန် ဖြစ် လာပါတယ်။ သိပ္ပံဘွဲ့ယူမလား၊ လိုင်းပြောင်း မလား။ ကျွန်မက လိုင်းပြောင်းပြီး ဝိဇ္ဇာတွဲ ယူချင်တယ်ဆိုတော့ ဖေဖေက မြန်မာစာယူဖို့ ပြောပါတယ်။ ကျွန်မလည်း ကိုယ်တိုင်လည်း စိတ်ဝင်စား၊ အဖေ့စကားလည်း နားထောင်ပြီးသား ဖြစ်စေဆိုပြီး မြန်မာစာယူဖို့ ဆုံးဖြတ်ချက်က ကျွန်မကို ရန်ကုန်တက္ကသိုလ် ကျောင်းသူဖြစ်စေတဲ့အကြောင်းပါ။
Dec 20, 2020
၂၀၁၉ ခုနှစ် ဒီဇင်ဘာလမှစ၍ ရန်ကုန်တက္ကသိုလ် ရာပြည့် သဘင်ကို ဂုဏ်ပြုသောအားဖြင့် ရန်ကုန်တက္ကသိုလ်နှင့် ပတ်သက်သောဆောင်းပါးများကို နေ့စဉ်ထုတ်သတင်းစာ အချို့တွင် စတွေ့ရ၏။ ၂၀၂ဝ ပြည့်နှစ်၌ကား ရာပြည့်နှစ် ဖြစ်သဖြင့် ပို၍ခပ်စိပ်စိပ် ဖတ်လာရသည်။ ဆရာဆူးငှက် ကလည်း မန္တလေးတက္ကသိုလ်၏အစသည် ရန်ကုန် တက္ကသိုလ်၏ လက်အောက်ခံ မန္တလေးကောလိပ် ဖြစ်သဖြင့် မန္တလေးတက္ကသိုလ်၏ မူလဘူတကို ရေးခဲ့၏။
Dec 20, 2020
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနနှင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်မှု၊ အနယ်နယ်အရပ်ရပ်မှ အလှူရှင်များ၏ လှူဒါန်းမှုဖြင့် We Love Yangon လူထု အခြေပြုပရဟိတ အသင်းက တာဝန်ယူတည်ဆောက်မည့် ခုတင် ၆၀၀ ဆံ့ ပြည်သူ့ပရဟိတ ဆေးရုံသစ်ကြီးကို ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ် (၁၄၆)ရပ်ကွက် လှော်ကားလမ်းနှင့် သိန်းတစ်ရာလမ်းထောင့်ရှိ ကိုးဧကကျယ်ဝန်းသည့် မြေနေရာ၌ ဆောက်လုပ် သွားမည်ဖြစ်ကြောင်း အဆိုပါပရဟိတအသင်းထံမှ သိရသည်။
Dec 20, 2020
မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါ စစ်ဆေးရာ၌ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနအောက်ရှိ အမျိုးသားကျန်းမာရေးဓာတ်ခွဲဌာန၊ ဆေးသုတေသနဦးစီးဌာနနှင့် ပြည်သူ့ဆေးရုံကြီးများတွင် ရောဂါရှာဖွေ စစ်ဆေးပေးလျက်ရှိပြီး ယခုအခါ ပြည်သူလူထု၏ ကျန်းမာရေးကို ပိုမိုစောင့်ရှောက်မှု ပေးနိုင်ရန် ပုဂ္ဂလိကဆေးရုံနှင့် ရောဂါရှာဖွေရေး ဓာတ်ခွဲခန်းတို့တွင် ကိုဗစ်-၁၉ ရောဂါ စစ်ဆေးနိုင်တော့မည် ဖြစ်သည်။ ပုဂ္ဂလိကဆေးရုံနှင့် ရောဂါရှာဖွေရေးဓာတ်ခွဲခန်းတို့တွင် ကိုဗစ်-၁၉ ရောဂါ စစ်ဆေးပေးသွားမည့်ကိစ္စနှင့်စပ်လျဉ်း၍ ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူး၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာထွန်းမြင့်နှင့် တွေ့ဆုံမေးမြန်းထားသည် များကို တင်ပြလိုက်ပါသည်။
Dec 20, 2020
တက္ကသိုလ်ဆရာမဖြစ်ဖို့ ရည်ရွယ်ချက်က ဝိဇ္ဇာ(ဂုဏ်ထူး)ဘွဲ့မရခင်ကတည်းက ရှိခဲ့သည်။ ရှစ်လေးလုံး လူထု အုံကြွမှုကြီးဖြစ်ပြီး ကျောင်းများကို ရက်အကန့်အသတ် မရှိ ပိတ်ပစ်လိုက်တော့ ကျွန်မက ဒုတိယနှစ် ဂုဏ်ထူး တန်းစာမေးပွဲဖြေရင်းတန်းလန်းဖြင့် အိမ်ပြန်ခဲ့ရသည်။ အိမ်မှာအားနေတော့ ‘ရောင်ခြည်သစ်စာပေ’ ဟူသော စာအုပ်ငှားဆိုင်လေး ဖွင့်ဖြစ်သည်။ သူငယ်ချင်းများနှင့် တွေ့ချင်သဖြင့် ရန်ကုန်လာရအောင် အကြောင်းပြချက် က စာအုပ်ဝယ်ရန် … ဟူသော အလုပ်ကို ခုတုံးလုပ်ရ သည်။ သူငယ်ချင်းများနှင့် စာအဆက်အသွယ်သာ ရှိသည်။ ထိုခေတ်က ဖုန်း အလွန်ရှားသည်။ သူငယ်ချင်း သက်နှင်းလှိုင်က “ငါတို့ ဘောက်ထော်စျေးထဲမှာ ကံ့ကော်ပန်းတွေ ရောင်းတယ်၊ ငါတို့ကျောင်းတော်ကြီးမှာလည်း ကံ့ကော်တွေ ဝေနေလောက်ပြီ၊ သူတို့ကို ပန်ပေးမယ့် ကျောင်းတော်သူတွေကို မျှော်နေရှာရော့မယ်၊ ဘောက်ထော်က ကံ့ကော်ပန်းတွေက ကျောင်းထဲက ကံ့ကော်တွေလောက်မမွှေးသလိုပဲ” ဟု စာရေးတော့ တောင်ငူဆောင်ရှေ့လမ်းပေါ်မှာ ကံ့ကော်တွေ တစ်ပင်လုံး ဖွေးနေအောင် ပွင့်နေသည့် မြင်ကွင်း၊ ပွင့်ဖတ်ဖြူတွေ လမ်းပေါ်ကြွေကျနေသည့် မြင်ကွင်းတို့က အာရုံထဲ ဝိုးတဝါး ပြန်မြင်လာရသည်။
Dec 20, 2020
ပြည်သူအားလုံး၏ တူညီသည့် အပြင်းပြဆုံးဆန္ဒမှာ ခရီးသွားခြင်းဖြစ်သည်။ နေရာတစ်ခုခုတွင် နေထိုင်မှုအချိန် ကြာလာသည်နှင့်အမျှ အပြောင်းအလဲ အနေဖြင့် ခရီးသွားချင်ကြသည်မှာ သဘာဝ ဖြစ်သည်။ ယင်းသည် လူတို့၏စိတ်သန္တာန်၌ ဖြစ်လေ့ရှိသည့် ပြင်းပြသောဆန္ဒဖြစ်သည်။ ခရီး သွားခြင်းသည် စိတ်နှလုံးရွှင်လန်းစေပြီး မွန်းကျပ်နေသော စိတ်ခံစားချက် များကို ပြေလျော့စေကာ ပေါ့ပါးလန်းဆန်း၍ ကိုယ်စိတ်နှစ်ပါးကျန်းမာခြင်းကို ဖြစ်စေသည်။ ။
Dec 20, 2020
အပျော်စီးသင်္ဘောခရီးစဉ်များ၊ ကောင်းကင်မှ ရှုခင်းကြည့်နိုင်မည့် လေယာဉ်ခရီးစဉ်များ ပြေးဆွဲရန် စီစဉ်နေပြီ။ စက်ရုံ၊ အလုပ်ရုံများ ပြန်ဖွင့်ရန်၊ စားသောက်ဆိုင်များ ပြန်ဖွင့်ရန်အတွက်လည်း ပြင်ဆင် နေကြပြီ။ ကပ်ရောဂါကြီး ကူးစက်ပျံ့နှံ့မှုကို ထိန်းချုပ်နိုင်ရေး အတား အဆီး၊ အကန့်အသတ်များ အောက်တွင် ကာလကြာရှည် နေထိုင်ခဲ့ရ သည်များအတွက် တစ်စိတ်တစ်ပိုင်း ဖြေလျှော့ပေးခြင်း ဖြစ်သလို လေးလံတုံ့ဆိုင်းလာသည့် စီးပွားရေးကို ပြန်လည်လှုပ်ရှားလာရန် ရည်ရွယ်ခြင်းလည်း ဖြစ်သည်။
Dec 19, 2020
မြန်မာနိုင်ငံ ဧဝံဂေလိခရစ်ယာန်မဟာမိတ်အဖွဲ့ချုပ်(MECA)မှ ကြီးမှူး၍ ၂၀၂၀ ပြည့်နှစ် ခရစ္စမတ်အကြို ကျေးဇူးတော်ချီးမွမ်းခြင်း အခမ်းအနားကို ယနေ့ညနေ ၅ နာရီတွင် ရန်ကုန်မြို့၊ ဒဂုံမြို့သစ်(မြောက်ပိုင်း) မြို့နယ်ရှိ ယုံကြည်သူများအသင်းတော်၌ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ COVID-19 ရောဂါ ထိန်းချုပ်၊ တားဆီး၊ ကာကွယ်ရေးဆိုင်ရာ ညွှန်ကြားချက်များနှင့်အညီ ကျင်းပရာ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ၏ဇနီး ဒေါက်တာရွှေလွှမ်းနှင့် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို တို့က ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် တက်ရောက် နှုတ်ခွန်းဆက် အမှာစကား ပြောကြားကြသည်။
Dec 19, 2020
COVID-19 ကူးစက်ရောဂါ ကာလအတွင်း၌ ကိုရီးယားသမ္မတနိုင်ငံတွင် သင်္ဘောဆင်း၍ မြန်မာနိုင်ငံသို့ ပြန်လည်ထွက်ခွာရန် စောင့်ဆိုင်းနေကြသည့် မြန်မာသင်္ဘောသားများနှင့် မြန်မာနိုင်ငံသားများအတွက် ကိုရီးယားနိုင်ငံရှိ JSM International ၏ စီစဉ်မှုဖြင့် ၁၉-၁၂-၂၀၂၀ ရက်နေ့တွင် မြန်မာအမျိုးသား လေကြောင်းလိုင်း (MNA) ဖြင့် အထူးကယ်ဆယ်ရေး လေယာဉ် ပျံသန်းပြေးဆွဲပေးခဲ့ပါသည်။
Dec 19, 2020
(၁၈-၁၂-၂၀၂၀) ရက်နေ့၊ ည (၈:၀၀) နာရီမှ (၁၉-၁၂-၂၀၂၀) ရက်နေ့၊ ည (၈:၀၀) နာရီ အတွင်း ဓာတ်ခွဲနမူနာ စုစုပေါင်း (၂၂,၅၉၀) ခုအား စစ်ဆေးပြီးစီးခဲ့ရာ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြု လူနာသစ် (၉၈၉) ဦး တွေ့ရှိရပါသည်။
Dec 19, 2020
အမျိုးသားပညာရေး မဟာဗျူဟာစီမံကိန်း (၂၀၂၁-၂၀၃၀) (National Education Strategic Plan-NESP 2021-2030) ရေးဆွဲရေးအတွက် Max Myanmar Holdings Co., Ltd နှင့် ဧရာဝတီဘဏ်၊ Loi Hein Group of Companies၊ CB Bank၊ ကမ္ဘောဇဘဏ်လီမိတက်၊ Shwe Taung Group of Companies၊ မြန်မာပြည်လုံးဆိုင်ရာ ပုဂ္ဂလိကကျောင်းများအသင်းတို့မှ နာယက၊ ဥက္ကဋ္ဌများနှင့် တွေ့ဆုံဆွေးနွေးပွဲကို ယနေ့ နံနက် ၉ နာရီတွင် နေပြည်တော်၊ ပညာရေးဝန်ကြီးဌာနမှ ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပသည်။
Dec 19, 2020
လူကုန်ကူးခံရသူများအား ပြန်လည်လက်ခံရေး၊ ပြန်လည်ဝင်ဆံ့ပေါင်းစည်းရေးနှင့် ပြန်လည်ထူထောင်ရေး ဆိုင်ရာ အမျိုးသားအဆင့် စံလုပ်ငန်းအစီအစဉ် အကောင်အထည်ဖော်ရေး လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲကို ယနေ့မွန်းလွဲပိုင်းတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၌ ဗီဒီယိုကွန်ဖရင့်စနစ် စနစ်ဖြင့် ကျင်းပသည်။
Dec 19, 2020
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံ အမျိုးသမီးအားကစားအဖွဲ့ချုပ်တို့ ပူးပေါင်း ကျင်းပသည့် ''Healthy and Happy Life in the New Normal Era'' ဆွေးနွေးပွဲကို ယနေ့နံနက် ၁၀ နာရီတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၌ ဗီဒီယိုကွန် ဖရင့်စနစ်ဖြင့် ကျင်းပသည်။
Dec 19, 2020
ကချင်ပြည်နယ် ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ယမန်နေ့နံနက် ၁၁ နာရီ ၄၅ မိနစ်တွင် တနိုင်းမြို့၊ ဆင်ဆာ့ကောင်းရပ်ကွက်နေ မင်းနောင်၏နေအိမ်ကို ဝင်ရောက်ရှာဖွေရာ မင်းနောင်နှင့်အတူ ထိန်လွန် အား တွေ့ရှိရပြီး ဘိန်းဖြူ သုည ဒသမ ၃၃ ကီလိုနှင့် မော်တော်ဆိုင်ကယ် တစ်စီးတို့ကို လည်းကောင်း၊
