Sep 11, 2020
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့နှင့် ပုလုံးတုံတုံးပင်လယ်ကျွန်းရွာသို့ ဆက်သွယ်တည်ဆောက်လျက်ရှိသည့် ပုလုံးတုံတုံးပင်လယ်ဖြတ်ကူး ကွန်ကရစ်တံတားသစ်ကြီး တည်ဆောက်မှုလုပ်ငန်းများ ရာနှုန်းပြည့်ပြီးစီးပြီဖြစ်ရာ ယနေ့နံနက်ပိုင်းမှစတင်ကာ အများပြည်သူနှင့် မော်တော်ယာဉ်များအား စတင်ဖြတ်သန်းသွားလာခွင့်ပြုပြီဖြစ်ကြောင်း သိရသည်။
Sep 11, 2020
ကိုဗစ် − ၁၉ ရောဂါကာလအတွင်း စီးပွားရေးကုစားမှုအစီအစဉ် (CERP) အရ တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ ပရဟိတဂေဟာ/ရိပ်သာများအား ထောက်ပံ့ငွေပေးအပ်ပွဲကို ယမန်နေ့ နံနက် (၁၀) နာရီက Online အခမ်းအနားဖြင့် ကျင်းပပြုလုပ်ရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးစိုးအောင်က တက်ရောက်အမှာစကားကို ပြောကြားခဲ့ပါသည်။
Sep 11, 2020
ရခိုင်ပြည်နယ်အမျိုးသားအင်အားစုပါတီဥက္ကဋ္ဌ ဦးအေးကြိုင်က ၎င်းတို့၏ မူဝါဒ၊ သဘောထား၊ လုပ်ငန်းစဉ် စသည်တို့ကို စက်တင်ဘာ ၁၀ ရက် ညပိုင်းတွင် ရေဒီယိုနှင့် ရုပ်မြင်သံကြားအစီအစဉ်များမှ ဟောပြောတင်ပြခဲ့ပါသည်။
Sep 11, 2020
ကရင်ပြည်သူ့ပါတီဥက္ကဋ္ဌ စောထွန်းအောင်မြင့်က ၎င်းတို့၏ မူဝါဒ၊ သဘောထား၊ လုပ်ငန်းစဉ် စသည်တို့ကို စက်တင်ဘာ ၁၀ ရက် ညပိုင်းတွင် ရေဒီယိုနှင့် ရုပ်မြင်သံကြားအစီအစဉ်များမှ ဟောပြောတင်ပြခဲ့ပါသည်။
Sep 11, 2020
ကျွန်တော်ပါဝင်သော အမျိုးသားပညာရေး မူဝါဒကော်မရှင် (NEPC) ဥက္ကဋ္ဌနှင့်အဖွဲ့ဝင် သုံးဦးတို့သည် ၂၀၂၀ ပြည့်နှစ် သြဂုတ်လ ၁၃ ရက်နေ့တွင် အမျိုးသားစီမံခန့်ခွဲမှုပညာ ဒီဂရီကောလိပ် (National Management Degree College) သို့ လေ့လာရေးခရီး သွားရောက်ခဲ့ပါသည်။ ဤကောလိပ်သည် သာမန်သမားရိုးကျကောလိပ်၊ တက္ကသိုလ် များနှင့်မတူ စီးပွားရေးလုပ်ငန်းစီမံခန့်ခွဲမှု ပညာဘွဲ့ (B.BM – Bachelor of Business Management)၊ လုပ်ငန်းခွင်သုံး အင်္ဂလိပ် စာဘွဲ့ (B.A. EPP – Bachelor of Arts (English for Professional Purposes)၊ ခရီးသွားလုပ်ငန်းနှင့် ဧည့်ဝန်ဆောင်စီမံခန့် ခွဲမှုပညာဘွဲ့ (B.THM – Bachelor of Tourism and the Hospitality Management )၊ သတင်းအတတ်ပညာဘွဲ့ [ B.A. JNL – Bachelor of Arts (Journalism)]တို့ကို ဘွဲ့ပေးရာ ဘွဲ့ရရှိသူအားလုံးနီးပါး အလုပ်အကိုင်ရရှိကြပါသည်။
Sep 11, 2020
အားကစားဖွံ့ဖြိုးတိုးတက်ရေးအတွက် ကဏ္ဍအလိုက် ရှေ့လာမည့်ငါးနှစ်အတွင်း ဆောင်ရွက်မည့် အစီအမံများ နှစ်အပိုင်း အခြားအလိုက် စီမံချက်ရေးဆွဲခြင်း ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန အားကစားနှင့် ကာယပညာဦးစီးဌာန၌ ဗီဒီယိုကွန်ဖရင့် စနစ်အသုံးပြု၍ ကျင်းပသည်။
Sep 11, 2020
၁။ (၁၀-၉-၂၀၂၀) ရက်နေ့အတွက် COVID-19 ရောဂါ ဓာတ်ခွဲစစ်ဆေးရာတွင် -
Sep 11, 2020
“အခုနောက်ပိုင်း ဖြစ်တဲ့သူတွေထဲမှာဆိုရင် ဆယ်ကျော်သက်အရွယ်တွေ ပါလာတာလည်း ကျွန်မ သတိထားမိပါတယ်။ (၁၆) နှစ်၊ (၁၅)နှစ်၊ (၁၈)နှစ် ပေါ့။ အရွယ်ကောင်းလေးတွေပေါ့။ အဲဒါကြောင့် အခုကိုဗစ်က အသက် အပိုင်းအခြားလည်းမရှိဘူး။ ရောဂါအခံရှိတာ၊ မရှိတာကိုလည်း ခွဲခြားပြီးတော့ မြင်လို့မရတော့ဘူးဆိုတာ ကျွန်မတို့ နှလုံးသွင်းဖို့တော့ အင်မတန်မှ အရေးကြီးပါတယ်”ဟု နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က ပြည်သူများသို့ အစီရင်ခံတင်ပြခဲ့သည်။
Sep 11, 2020
ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ် ၂၈ မြို့နယ်တွင် နေထိုင်ကြသည့် ပြည်သူများ နေအိမ်တွင် နေထိုင်ရေး (Stay at Home) အစီအစဉ်ကို ချမှတ်ထားလိုက်ပြီဖြစ်သည်။ အစီအစဉ်တွင် ပါဝင်သည့် မြို့နယ်များမှာ လှည်းကူးမြို့နယ်မှအပ ရန်ကုန်မြို့ပြ ဧရိယာတွင် တစ်ဆက်တစ်စပ်တည်း ရှိနေသော မြို့နယ်များဖြစ်သည်။ ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှု ရုတ်တရက် အရှိန်အဟုန်မြင့်လာသည့် အခြေအနေတွင် လူဦးရေထူထပ်များပြားပြီး နေ့စဉ်အပြန်အလှန် ကူးသန်းသွားလာမှု များပြားလှသည့် မြို့နယ်များကို အသွားအလာ ကန့်သတ်မှု ပြုလုပ်ခြင်းမှာ ကူးစက်ရောဂါကို တားဆီးထိန်းချုပ်ရာတွင် မဖြစ်မနေ ပြုလုပ်ရမည့် ဆောင်ရွက်ချက်များမှ တစ်ခုပင် ဖြစ်သည်။
Sep 10, 2020
၂၀၂၁-၂၀၂၂ ပညာသင်နှစ် အခြေခံပညာကျောင်းသုံး ပြဋ္ဌာန်းစာအုပ်များ ပုံနှိပ်၊ ထုတ်လုပ်၊ ဖြန့်ချိနိုင်ရေး ပြင်ပပုဂ္ဂလိကသို့ တင်ဒါစနစ်ဖြင့် လုပ်ငန်းအပ်နှံဆောင်ရွက်နိုင်ရေး ဆပ်ကော်မတီနှစ်ရပ် ပူးပေါင်းညှိနှိုင်း အစည်းအဝေး အမှတ်စဉ် (၃/၂၀၂၀) ကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာနနှင့် ပညာရေးဝန်ကြီးဌာနတို့ Video Conferencing စနစ်ဖြင့် ချိတ်ဆက် ကျင်းပသည်။
Sep 10, 2020
၁။ နိုင်ငံတကာခရီးသည်တင် လေယာဉ်များပျံသန်းမှု ယာယီရပ်ဆိုင်းထားခြင်းကြောင့် ဂျပန်နိုင်ငံ၌ အခက်အခဲကြုံတွေ့နေရသည့် မြန်မာနိုင်ငံသား (၁၃၃) ဦးအား မြန်မာသံရုံး၊ တိုကျိုမြို့မှ စီစဉ်သည့် (၇) ကြိမ်မြောက် All Nippon Airways (ANA) ကယ်ဆယ်ရေးလေယာဉ်ဖြင့် ပြန်လည်ခေါ်ဆောင်ခဲ့ရာ ယနေ့ (၁၇:၀၀) နာရီအချိန်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ အဆင်ပြေ ချောမွေ့စွာ ပြန်လည် ရောက်ရှိခဲ့ကြပါသည်။
COVID-19 ရောဂါစောင့်ကြပ်ကြည့်ရှုမှုနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း (၁၀-၉-၂၀၂၀) ရက်နေ့၊ ည (၈:၀၀) နာရီ
Sep 10, 2020
၁။ (၁၀-၉ -၂၀၂၀) ရက်နေ့အတွက် COVID-19 ရောဂါ ဓာတ်ခွဲစစ်ဆေးရာတွင် -
Sep 10, 2020
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးသည် စက်တင်ဘာ ၉ ရက်က ကျင်းပသည့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ အရှေ့တောင်အာရှဒေသဆိုင်ရာ ကော်မတီ၏ (၇၃) ကြိမ်မြောက် အစည်းအဝေး ပထမနေ့သို့ ဗီဒီယို ကွန်ဖရင့်ဖြင့် တက်ရောက်သည်။
Sep 10, 2020
ပြည်ထောင်စုလွှတ်တော်နာယက၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ် ဦးဆောင်သော မြန်မာလွှတ်တော် ကိုယ်စားလှယ်အဖွဲ့သည် ယနေ့နံနက်ပိုင်းတွင် Video Conferencing ဖြင့်ကျင်းပသည့် (၄၁) ကြိမ်မြောက် အာဆီယံပါလီမန်များ အထွေထွေညီလာခံ ဒုတိယစုံညီ အစည်းအဝေးနှင့် ပိတ်ပွဲအခမ်းအနားသို့ တက်ရောက်ကြသည်။
Sep 10, 2020
မန္တလေးမြို့ရှိ ယာဉ်ရပ်နားစခန်း (၅) ခုဖြစ်သည့် ချမ်းမြရွှေပြည် ယာဉ်ရပ်နားစခန်း၊ ပြည်ကြီးမျက်ရှင် ယာဉ်ရပ်နားစခန်း၊ ဒေါနဘွား ယာဉ်ရပ်နားစခန်း၊ မဟာအောင်မြေယာဉ်ရပ်နားစခန်းနှင့် သီရိမန္တလာ ယာဉ်ရပ်နားစခန်းတို့မှ ယာဉ်လိုင်းပေါင်း (၆၅၀) ကျော်ကို စက်တင်ဘာ ၁၀ ရက်နေ့ ညနေပိုင်းက စတင်ပြီး ပြေးဆွဲမှုတွေ ခေတ္တယာယီရပ်ဆိုင်းစေခဲ့ပြီဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး ယာဉ်လုပ်ငန်း ကြီးကြပ်မှု ကော်မတီ (အဝေးပြေး)မှ ဥက္ကဋ္ဌ ဦးအောင်ကျော်လင်းက ပြောကြားသည်။
Sep 10, 2020
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း Quarantine ဝင်ရောက်လျက်ရှိသော အစိုးရဝန်ထမ်းများနှင့် ကျန်းမာရေး ကိစ္စရပ်များနှင့် စပ်လျဉ်း၍ တာဝန်ယူ စောင့်ရှောက်မှုပေးနေသည့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ဆရာဝန်များ၊ သူနာပြုများနှင့် ကျန်းမာရေး ဝန်ထမ်းများအတွက် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနနှင့် လေးကျွန်းသူဖောင်ဒေးရှင်းတို့မှ အလှူငွေများ ပေးအပ်လှူဒါန်းပွဲကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်စည်ပင် ဧည့်ရိပ်သာရှိ အဆောင် ၅၆ တွင် ကျင်းပသည်။
Sep 10, 2020
ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်၊ ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးလှဦး၊ ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးခွန်ရဲထွေး၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူးနှင့် တာဝန်ရှိသူများသည် ယနေ့ မွန်းလွဲ(၂)နာရီက ရှမ်းပြည်နယ်(မြောက်ပိုင်း) မိုးမိတ်ခရိုင်ရှိ တွင်းငယ်-ညောင်ပင်စောက်(မိုးမိတ်)လမ်းပေါ်ရှိ ဥမ္မာချောင်းတံတား ချဉ်းကပ်လမ်းလုပ်ငန်း ဆောင်ရွက်နေမှုအား ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
Sep 10, 2020
တိုင်းရင်းသား လူမျိုးများရေးရာ ဝန်ကြီးဌာန၊ ချင်းပြည်နယ် ညွှန်ကြားရေးမှူးရုံး၏ အရှေ့ဘက် အဝင်ပေါက် လမ်းခင်းကျင်းနိုင်ရေးအတွက် ကျောက်စီမြေထိန်းနံရံ စုစုပေါင်း(၄)ခုနှင့် ရေနုတ်မြောင်း တည်ဆောက်မှု ၁၀၀ ရာခိုင်နှုန်း ပြီးစီးမှု အခြေအနေများကို ယနေ့ မွန်းလွဲ ၁ နာရီက ပြည်နယ်လူမှုရေးဝန်ကြီး ဦးပေါင်လွန်းမင့်ထန်က ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။
Sep 10, 2020
ဒီမိုကရက်တစ်ပါတီ (မြန်မာ) အတွင်းရေးမှူးချုပ် ဒေါ်သန်းသန်းနု က ၎င်းတို့၏ မူဝါဒ၊ သဘောထား၊ လုပ်ငန်းစဉ် စသည်တို့ကို စက်တင်ဘာ ၉ ရက် ညပိုင်းတွင် ရေဒီယိုနှင့် ရုပ်မြင်သံကြားအစီအစဉ်များမှ ဟောပြောတင်ပြခဲ့ပါသည်။
Sep 10, 2020
၁။ (၉-၉-၂၀၂၀) ရက်နေ့အတွက် COVID-19 ရောဂါ ဓာတ်ခွဲစစ်ဆေးရာတွင် -
