Skip to main content

Jul 24, 2025

ရန်ကုန်မြို့နှင့် မန္တလေးမြို့အတွက် ရည်ညွှန်းလက်ကားဈေးနှုန်းများနှင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ တိုင်းဒေသကြီး/ပြည်နယ် မြို့တော်များအတွက် ရည်ညွှန်းလက်လီဈေးနှုန်းများ

ဆက်လက်ဖတ်ရှုရန်

Jul 24, 2025

သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန သစ်တောဦးစီးဌာနသည် တရားမဝင်သစ်နှင့် သစ်တောထွက်ပစ္စည်းများ ရှာဖွေဖော်ထုတ်ဖမ်းဆီးရေးအား ပြည်သူပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြုစောင့်ကြပ်ကြည့်ရှုသတင်းပို့စနစ် (Community Monitoring and Reporting System-CMRS) အပါအဝင် နည်းလမ်းမျိုးစုံဖြင့် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ

ဆက်လက်ဖတ်ရှုရန်

Jul 24, 2025

အဏ္ဏဝါခရီးသွားလုပ်ငန်း၊ နယ်စပ်ဖြတ်ကျော်ယာဉ်တန်းခရီးစဉ်များ အကောင်အထည်ဖော်နိုင်ရေးနှင့်စပ်လျဉ်း၍ တွေ့ဆုံဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းတွင် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန နီလာခန်းမ၌ ကျင်းပရာ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်စိုးဝင်း၊ အမြဲတမ်းအတွင်းဝန်၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အမျိုးသားခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးဗဟိုကော်မတီအဖွဲ့ဝင် တတ်သိပညာရှင်များနှင့် Shan Yoma Travel & Tours ကုမ္ပဏီလီမိတက်မှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Jul 24, 2025

မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးဗဟိုကော်မတီ၏ (၁၆) ကြိမ်မြောက်အစည်းအဝေးကို ယမန်နေ့က စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Jul 24, 2025

ပြည်ထောင်စုတရားသူကြီးချုပ် ဦးသာဌေးသည် တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကို၊ တိုင်းဒေသကြီး တရားလွှတ်တော်တရားသူကြီးချုပ်၊ တိုင်းဒေသကြီးဝန်ကြီးများ၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ကော့သောင်းမြို့ အောင်သုခရပ်ကွက်ရှိ ကော့သောင်းခရိုင်နှင့် မြို့နယ်တရားရုံး အဆောက်အအုံသစ်ဖွင့်ပွဲသို့ တက်ရောက်သည်။

ဆက်လက်ဖတ်ရှုရန်

Jul 24, 2025

(၃၈) ကြိမ်မြောက် ထိုင်းဘုရင့်ဖလား ပိုက်ကျော်ခြင်းပြိုင်ပွဲကို ထိုင်းနိုင်ငံ၌ စတင်ကျင်းပလျက်ရှိရာ မြန်မာပိုက်ကျော်ခြင်းအသင်းသည် အမျိုးသမီးကွင်းသွင်းခြင်းခတ်ပြိုင်ပွဲတွင် ငွေတံဆိပ်ဆု ဆွတ်ခူးရရှိခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Jul 24, 2025

ရှမ်းပြည်နယ် (အရှေ့ပိုင်း) မိုင်းပေါက်မြို့နယ်အတွင်း ဇူလိုင် ၂၁ ရက်နှင့် ၂၂ ရက်တို့တွင် မိုးသည်းထန်စွာ ရွာသွန်းခဲ့မှုကြောင့် မိုင်းပေါက် - ပန်ဆန်းသွားကားလမ်းနှင့် မိုင်းဖျန် - ဟိုတောင်း - မိုင်းပေါက်သွားကားလမ်းပေါ်တွင် တောင်ပြိုကျမှုများ ဖြစ်ပွားခြင်း၊ မိုင်းပေါက်မြို့အဝင် ကတ္တရာလမ်းပိုင်း၌ ရေသုံးပေခန့် ဖုံးလွှမ်းခြင်း၊ မိုင်းပေါက်မြို့ပေါ်အတွင်းရှိ အနိမ့်ပိုင်းနေရာများ၌ ရေခုနစ်ပေခန့် ဝင်ရောက်မှုများဖြစ်ပေါ်ခဲ့သဖြင့် ဒေသခံပြည်သူနှစ်ဦး သေဆုံးခဲ့ပြီး နေအိမ်အချို့နှင့် မော်တော်ယာဉ်များ ရေနစ်မြုပ်မှုဖြစ်ပွားကာ ပြည်သူအချို့အား ရေဘေးလွတ်ကင်းရာသို့ ယာယီပြောင်းရွှေ့ခဲ့ရသည်။

ဆက်လက်ဖတ်ရှုရန်

Jul 24, 2025

အများပြည်သူသို့ အသိပေးကြေညာချက်

ဆက်လက်ဖတ်ရှုရန်

Jul 24, 2025

ရခိုင်ပြည်နယ် တောင်ကုတ်မြို့နယ်ရှိ မြန်မာ့သစ်လုပ်ငန်း ဆင်ဝိုင်းမှ ဆင်မ ဇာနန်းလှ၊ အသက် ၃၃ နှစ်က ဆင်ဖြူတော် (အထီး) ကလေးတစ်စီးကို ၂၀၂၂ ခုနှစ် ဇူလိုင် ၂၃ ရက် နံနက် မင်္ဂလာအချိန် ၆ နာရီခွဲတွင် မွေးဖွားခဲ့ပြီး အဆိုပါဆင်ဖြူတော်လေးမှာ မွေးဖွားစတွင် အရပ်အမြင့် ၂ ပေ ၅ လက်မ၊ ကိုယ်လုံး လုံးပတ် ၃ ပေ ၁ လက်မ၊ ကိုယ်အလေးချိန်ပေါင် ၁၈၀ခန့် ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Jul 24, 2025

မန္တလေးငလျင်ဘေးသင့်ပြည်သူများအတွက် မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ်သို့ တရုတ်ပြည်သူ့သမ္မတနိုင်ငံ အမျိုးသမီးများအဖွဲ့ချုပ် All China Women’s Federation (ACWF) မှ လှူဒါန်းသည့် အလှူပစ္စည်းများ ပေးအပ်ပွဲကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော် မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ်ရုံး သီရိရတနာခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Jul 24, 2025

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမြင့်စိုးသည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် တပ်ကုန်းမြို့နယ် ညောင်ပင်သာကျေးရွာ၌ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ဆောင်ရွက်ပေးမည့် လေးလက်မစက်ရေတွင်း နှစ်တွင်း တူးဖော်မည့်နေရာ၊ ညောင်ပင်သာကျေးရွာကုန်ထုတ်လမ်း ဖောက်လုပ်ပေးမည့်နေရာနှင့် မြစိမ်းရောင်စီမံကိန်းရန်ပုံငွေဖြင့် ဝက်မွေးမြူရေးလုပ်ငန်းဆောင်ရွက်မည့်နေရာများကို လှည့်လည်ကြည့်ရှုပြီး လိုအပ်သည်များ မှာကြားသည်။

ဆက်လက်ဖတ်ရှုရန်

Jul 24, 2025

မြန်မာအီလက်ထရောနစ် မဲပေးစက် (MEVM) နှင့် စပ်လျဉ်း၍ ရှင်းလင်းပြသခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်းကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ရုံးအမှတ် (၅၇) အခွန်အယူခံခုံအဖွဲ့ရုံး စုပေါင်းခန်းမ၌ ပြုလုပ်ရာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးမျိုးလှိုင်၊ အခွန်အယူခံခုံအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်ဦး၊ အခွန်အယူခံခုံအဖွဲ့ အဖွဲ့ဝင်များ၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့မှ တာဝန်ရှိသူများနှင့် အခွန်အယူခံခုံအဖွဲ့ရုံးရှိ အရာထမ်း၊ အမှုထမ်းများ တက် ရောက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Jul 24, 2025

မြန်မာ - တရုတ်ပူးပေါင်းဆက်ဆံရေးအသင်းမှ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ငလျင်ဘေးသင့်ဝန်ထမ်းများအတွက် ထောက်ပံ့ပစ္စည်းများ ပေးအပ်လှူဒါန်းပွဲကို ယမန်နေ့ မွန်းလွဲပိုင်းတွင် နေပြည်တော် အားကစားလေ့ကျင့်ရေးစခန်း (Gold Camp) ရှိ ဘက်စုံသုံးခန်းမ၌ ကျင်းပခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Jul 24, 2025

စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် အခြေခံကောင်းများကို အသုံးချ၍ ကုန်ထုတ်လုပ်မှုလုပ်ငန်းများ တိုးတက်အောင် ဆောင်ရွက်ခြင်းဖြင့် နိုင်ငံ့စီးပွားရေးတိုးတက်လာစေရန်

ဆက်လက်ဖတ်ရှုရန်

Jul 24, 2025

လျှပ်စစ်နှင့်စွမ်းအင်ဖွံ့ဖြိုးရေးကော်မရှင်၏ (၄/၂၀၂၅) အစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ လျှပ်စစ်နှင့်စွမ်းအင်ဖွံ့ဖြိုးရေးကော်မရှင်ဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံတော်ဝန်ကြီးချုပ်ရုံး ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ကော်မရှင်ဒုတိယဥက္ကဋ္ဌများနှင့် ကော်မရှင်အဖွဲ့ဝင် ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး တိုင်းဒေသကြီး၊ ပြည်နယ်ဝန်ကြီးချုပ်များက အွန်လိုင်းမှ တက်ရောက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Jul 24, 2025

ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေသည် မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂယာယီဌာနေညှိနှိုင်းရေးမှူး၊ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ယာယီညှိနှိုင်းရေးမှူးနှင့် ကုလသမဂ္ဂကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) ၏ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ်ဖြစ်သူ Mr. Michael Dunford အား ယနေ့မွန်းလွဲ ၂ နာရီတွင် နိုင်ငံခြားရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံသည်။

ဆက်လက်ဖတ်ရှုရန်

Jul 24, 2025

နိုင်ငံရေးပါတီ တည်ထောင်လိုသူများက ယင်းတို့တည်ထောင်လိုသော ပါတီအမည်ကိုဖော်ပြ၍ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သို့ လျှောက်ထားလျက်ရှိကြရာ ယနေ့အထိ ပါတီတည်ထောင်ခွင့် လျှောက်ထားလာသည့်အဖွဲ့ ၂၇ ဖွဲ့ရှိပြီး၊ ယင်းသို့လျှောက်ထားသည့်အဖွဲ့များအနက် ပအိုဝ်းအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီသည် နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေ၊ နည်းဥပဒေများနှင့် ညီညွတ်ကြောင်း စိစစ်တွေ့ရှိရသဖြင့် ကော်မရှင်က ယနေ့တွင် နိုင်ငံရေးပါတီတည်ထောင်ခွင့်လျှောက်ထားချက်ကို ခွင့်ပြုလိုက်ကြောင်း သိရှိရသည်။

ဆက်လက်ဖတ်ရှုရန်

Jul 24, 2025

၁။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် စက်မှုဝန်ကြီးဌာန၊ စက်မှုပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမြဦးကို အစမ်းခန့်ကာလ (၁) နှစ်ပြည့်မြောက်သည့်နေ့မှစ၍ အတည်ပြုခန့်ထားလိုက်သည်။

ဆက်လက်ဖတ်ရှုရန်

Jul 24, 2025

မန္တလေးငလျင်ဒဏ်သင့် ဥပ္ပါတသန္တိစေတီတော်မြတ်ကြီးနှင့် သာသနိကအဆောက်အအုံများ ပြုပြင်မွမ်းမံရေးဆိုင်ရာ စေတီတော်ဂေါပကအဖွဲ့၏ ဩဝါဒါစရိယဆရာတော်ကြီးများထံမှ ဩဝါဒခံယူပွဲအခမ်းအနားကို ယနေ့ မွန်းလွဲပိုင်းတွင် ဥပ္ပါတသန္တိစေတီတော်မြတ်ကြီးလိုဏ်ဂူတော်အတွင်း၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Jul 24, 2025

ကမ္ဘောဒီးယားနိုင်ငံ ဆီယမ်ရိမြို့ Sokha Siem Reap Resort & Convention Center ၌ ဇူလိုင် ၂၁ ရက် မွန်းလွဲပိုင်းက 20th Asia Media Summit ၏ အကြိုဆွေးနွေးပွဲဖြစ်သည့် Youth Digital Empowerment Workshop and Girls in ICT Day Cambodia 2025 ကို ကျင်းပရာ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲတင့် တက်ရောက်သည်။

ဆက်လက်ဖတ်ရှုရန်