Skip to main content

Dec 12, 2023

“ဧရာဝတီတိုင်းတွင် NLD အစိုးရလက်ထက် ထုတ်ချေးထားသည့် စိုက်ပျိုးစရိတ်ချေးငွေ အကြွေးကျန်များကို ပြန်မဆပ်ပါက အရေးယူမည်ဆိုပြီး မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်မှ သတိပေးစာပို့ကာ ဖိအားပေးတောင်းယူနေသည်” ဟု ကောလာဟလ သတင်းတုသတင်းမှားများ ရေးသားဖြန့်ဝေလျက်ရှိသည်ကို တွေ့ရှိရသည်။

ဆက်လက်ဖတ်ရှုရန်

Dec 12, 2023

“အင်းစိန် နည်းပညာတက္ကသိုလ်ကျောင်းဝင်းအတွင်းရှိ CDM ဝန်ထမ်းများ၏ နေအိမ်များကိုပြီးခဲ့သည့် ဒီဇင်ဘာ ၆ ရက်နေ့တွင် Non CDM ဒုတိယပါမောက္ခချုပ်အဖွဲ့မှ စစ်တပ်နှင့်ပူးပေါင်းကာ ဦးဆောင်ဖျက်ဆီးဖယ်ရှားခဲ့ဟု တရားမဝင်ပြည်ဖျက် မီဒီယာများမှ မဟုတ်မမှန် ကောလာဟလသတင်းအမှားများအား ရေးသားဖြန့်ဝေထားကြောင်း တွေ့ရှိရပါသည်။ အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦး၏ ပြောပြချက်အရ “ရန်ကုန်နည်းပညာတက္ကသိုလ်ဝင်းအတွင်း CDM ဝန်ထမ်းလိုင်းခန်းများအား ဖျက်ဆီးခြင်းမရှိပါကြောင်း၊ သတင်းအမှားသာ ဖြစ်ကြောင်း” သိရှိရပါသည်။

ဆက်လက်ဖတ်ရှုရန်

Dec 12, 2023

ရန်ကုန်မြို့တွင်း ပြေးဆွဲနေသော ခရီးသည်တင် ဝိုင်ဘီအက်စ်ယာဉ်များအား လိုက်ပါစီးနင်းနေသည့် ခရီးသွားပြည်သူများအနေဖြင့် YPS QR Code ဖြင့် ယာဉ်စီးခပေးချေနိုင်တော့မည်ဖြစ်ကြောင်း ယနေ့မွန်းလွဲပိုင်းက ရန်ကုန်မြို့တာမွေမြို့နယ်ရှိ ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ(YRTC)ရုံးချုပ်၌ ပြုလုပ်သော မီဒီယာတွေ့ဆုံပွဲမှ သိရသည်။

ဆက်လက်ဖတ်ရှုရန်

Dec 12, 2023

တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ နေပြည်တော်ကောင်စီနယ်မြေ တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျ ပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ရာတွင် ဒီဇင်ဘာ ၉ ရက်နှင့် ၁၀ ရက်တို့တွင် လယ်ဝေးမြို့နယ်၌ တရားမဝင် ကျွန်းသစ် ၁ ဒသမ ၈၁၂ တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၆၂၅၄၈၄)ကိုလည်းကောင်း၊ ဥတ္တရသီရိခရိုင် တပ်ကုန်းမြို့နယ်နှင့် ဥတ္တရသီရိမြို့နယ်တို့၌ တရားမဝင် သစ်မာ ၂၀ ဒသမ ၇၄ တန်နှင့် အခြားသစ် ၁၈ ဒသမ ၇၆၄ တန် (ခန့်မှန်း တန်ဖိုးငွေကျပ် ၁၆၀၃၀၄၀)ကို လည်းကောင်း၊ စုစုပေါင်းခန့်မှန်းတန်ဖိုးငွေကျပ် ၂၂၂၈၅၂၄ ကို သိမ်းဆည်းရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Dec 12, 2023

ရန်ကုန်မြို့နှင့် မန္တလေးမြို့အတွက် ရည်ညွှန်းလက်ကားဈေးနှုန်းများနှင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ တိုင်းဒေသကြီး/ပြည်နယ် မြို့တော်များအတွက် ရည်ညွန်းလက်လီဈေးနှုန်းများ

ဆက်လက်ဖတ်ရှုရန်

Dec 12, 2023

(၂၂)ကြိမ်မြောက် မြန်မာ့တိုင်းရင်းဆေးသမားတော်များညီလာခံနှင့် မြန်မာ့တိုင်းရင်းဆေးပညာ နှီးနှောဖလှယ်ပွဲ ကျင်းပနိုင်ရေး ဦးစီးကော်မတီ ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၉ နာရီခွဲတွင် ကျန်းမာရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ကျင်းပရာ ဦးစီးကော်မတီဥက္ကဋ္ဌ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်း၊ ဒုတိယဝန်ကြီး ဒေါက်တာအေးထွန်း၊ ဆပ်ကော်မတီဥက္ကဋ္ဌများနှင့် အဖွဲ့ဝင်များ၊ တာဝန်ရှိသူများ တက်ရောက် ကြသည်။

ဆက်လက်ဖတ်ရှုရန်

Dec 12, 2023

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးသည် ယမန်နေ့က မကွေးတိုင်းဒေသကြီးဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေး ဦးစီးဌာနရုံးတွင် တိုင်းဒေသကြီးအဆင့် လယ်ယာကဏ္ဍဆိုင်ရာ တာဝန်ရှိသူများနှင့်တွေ့ဆုံ၍ မိုးစပါး၊ နွေစပါး၊ ဆီထွက်သီးနှံနှင့် သီးထပ်သီးနှံများ တိုးချဲ့စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများနှင့် လယ်ယာကုန်ထုတ်လုပ်ငန်းများတွင် ပုဂ္ဂလိကရင်းနှီးမြှုပ်နှံမှုတိုးမြှင့် ဆောင်ရွက်ရေး၊ ရေရရှိရေးနှင့် စက်မှုလယ်ယာစနစ်ဖော်ဆောင် ပေးနိုင်ရေး၊ သွင်းအားစုမှန်ကန်အကျိုးရှိစွာ အသုံးပြုနိုင်ရေး၊ စိုက်ပျိုးရေ စီမံခန့်ခွဲအသုံးပြုခြင်း၊ မျိုးစေ့ထုတ်လုပ်ခြင်းနှင့် သုတေသနလုပ်ငန်းများတွင် တောင်သူများ ပူးပေါင်းပါဝင် ဆောင်ရွက်မှုမြှင့်တင်နိုင်ရေး ဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးကြသည်။

ဆက်လက်ဖတ်ရှုရန်

Dec 12, 2023

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်သည် တာဝန်ရှိသူများနှင့်အတူ ယနေ့မွန်းလွဲပိုင်းတွင် ရွှေတိဂုံစေတီတော်ရင်ပြင်ပေါ်၌ နေပူခံကျောက်ပြားများ ခင်းကျင်းဆောင်ရွက်နေမှု၊ တောင်ဘက်တန်ဆောင်းရှိ Pagoda Digital Directory Control Center ထားရှိမည့်နေရာ၊ တောင်ဘက်တန်ဆောင်းလှေကားများ ပြုပြင်မှုနှင့် ပုညကုသလဗဟုကရအသင်းစောင်းတန်း အခြေအနေတို့ကို ကြည့်ရှုစစ်ဆေးပြီး ဂေါပကအဖွဲ့ဝင်များအား လိုအပ်သည်များ မှာကြားသည်။

ဆက်လက်ဖတ်ရှုရန်

Dec 12, 2023

ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းဖေသည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ညောင်ဦးခရိုင်အတွင်းရှိ အဆောက်အဦ၊ လမ်း၊ တံတားတို့မှ ဝန်ထမ်းများနှင့်တွေ့ဆုံရာ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ မန္တလေးတိုင်းဒေသကြီး လမ်းဦးစီးဌာန ညွှန်ကြားရေးမှူး(မြို့ပြ)နှင့် အင်ဂျင်နီယာချုပ်များက လုပ်ငန်းဆောင်ရွက်နေမှုများနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြကြရာ ဒုတိယဝန်ကြီးက စည်းလုံးညီညွတ်စွာ လုပ်ငန်းများအောင်မြင်အောင် ဆောင်ရွက်ရန်၊ ဘဏ္ဍာရေးနှစ် နောက်ဆုံးသုံးလပတ် နီးကပ်လာပြီဖြစ်၍ လုပ်ငန်းများ အမြန်ပြီးပြတ်ရန်နှင့် စာရင်း၊ ဇယားများ ရှင်းလင်းစွာဆောင်ရွက်ရန် မှာကြားသည်။

ဆက်လက်ဖတ်ရှုရန်

Dec 12, 2023

လူကုန်ကူးခံရသူများအား ပြန်လည်လက်ခံရေး၊ ပြန်လည်ဝင်ဆံ့ပေါင်းစည်းရေးနှင့် ပြန်လည်ထူထောင်ရေးဆိုင်ရာ လုပ်ငန်းကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး(၁/၂၀၂၃)ကို ယနေ့မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြန်လည်ထူထောင်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်