Dec 20, 2025
သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော်သည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် စက်မှုနည်းပညာ လေ့ကျင့်သင်ကြားရေးသင်တန်းကျောင်း (SITE) ရှိ IoT Lab ခန်း၊ Pneumatics & Electro-Pneumatics Lab ခန်း၊ Factory Automation Lab ခန်း၊ Applied Machine Learning Lab ခန်း၊ CNC Lab ခန်းတို့ကို ကြည့်ရှုစစ်ဆေးသည်။
Dec 20, 2025
ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်သည် ဒုတိယဝန်ကြီး ဦးဟန်ဝင်းအောင်၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ရှိ အကောက်ခွန်ဦးစီးဌာန (ရုံးချုပ်)သို့ သွားရောက်ကြည့်ရှုစစ်ဆေးသည်။
Dec 20, 2025
နိုင်ငံတော်၏ စိုက်ပျိုးရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးနှင့် နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေး အထောက်အပံ့အဖြစ် ရုရှားနိုင်ငံ RUMA Organic ကုမ္ပဏီနှင့် အောင်သန်းထိုက် Agriculture Development ကုမ္ပဏီတို့ ပူးပေါင်းဆောင်ရွက်သည့် ရုရှား - မြန်မာ သဘာဝရွက်ဖျန်းမြေဩဇာစက်ရုံ ပန္နက်တင်မင်္ဂလာနှင့် အကျိုးတူပူးပေါင်းဆောင်ရွက်ခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းက နေပြည်တော်ကောင်စီနယ်မြေ ဇမ္ဗူသီရိမြို့နယ် အလျင်လိုကျေးရွာအုပ်စု အကွက်အမှတ်(၁၆၆၂)၌ ကျင်းပသည်။
Dec 20, 2025
လျှပ်စစ်နှင့် စွမ်းအင်ဖွံ့ဖြိုးရေးကော်မရှင်ဥက္ကဋ္ဌနှင့် နိုင်ငံတော်သမ္မတရုံးဝန်ကြီးဌာန(၁)၊ ပြည်ထောင်စုဝန်ကြီး ဦးတင်အောင်စန်းသည် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်၊ ရန်ကုန်လျှပ်စစ် ဓာတ်အားပေးရေးကော်ပိုရေးရှင်းဥက္ကဋ္ဌနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ပြည်သူလူထုနှင့် စက်မှုဇုန်များ၏ လျှပ်စစ်ဓာတ်အားလိုအပ်ချက်ကို ပိုမိုထုတ်လုပ်ဖြည့်ဆည်းပေးနိုင်ရန်အတွက် စီမံဆောင်ရွက်နေသော သီလဝါဆိပ်ကမ်းတွင် ဆိုက်ကပ်ထားသည့် သဘာဝဓာတ်ငွေ့ရည် သိုလှောင်သင်္ဘော (Floating Storage Unit – FSU)၊ သဘာဝဓာတ်ငွေ့ရည်အား ဓာတ်ငွေ့ပြန်လည်ပြုလုပ်သော စက်ရုံ (Regasification Unit) နှင့် သန်လျင် ၂၀၀ မဂ္ဂါဝပ် ဓာတ်အားပေးစက်ရုံမှ ကနဦးဓာတ်အား ပမာဏ ၁၅၀ မဂ္ဂါဝပ်ထုတ်လုပ်နေမှု အခြေအနေများကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။
Dec 20, 2025
ပြန်ကြားရေးနှင့် တိုးတက်ခိုင်မာအားကောင်းသည့် လူမှုအသိုက်အဝန်း ဖော်ဆောင်ရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းသည် ရုပ်ရှင်၊ ဂီတအနုပညာရှင်များနှင့်အတူ ရှမ်းပြည်နယ်(မြောက်ပိုင်း)မှ ပြည်သူများအား ဖျော်ဖြေတင်ဆက်ရန်အတွက် ယနေ့နံနက်ပိုင်းက နေပြည်တော်မှထွက်ခွာရာ ညနေပိုင်းတွင် ကျောက်မဲမြို့သို့ ရောက်ရှိကြသည်။
Dec 20, 2025
မြန်မာနိုင်ငံလွတ်လပ်ရေးရရှိပြီးနောက် ကိုလိုနီနယ်ချဲ့တို့၏ သွေးခွဲခဲ့သည့်အမွေဆိုးကြောင့် တိုင်းရင်းသားညီအစ်ကိုအချင်းချင်း အထင်အမြင်လွဲမှားကာ ပြည်ထောင်စုကြီး၏ နယ်မြေဒေသအချို့တွင် လက်နက်ကိုင်ပဋိပက္ခများဖြစ်ပွားပြီး ယနေ့ထက်တိုင် တည်ငြိမ်အေးချမ်းမှုပျက်ပြားလျက်ရှိသည်။ အစိုးရအဆက်ဆက်အနေဖြင့် နိုင်ငံထာဝရငြိမ်းချမ်းရေးအတွက် အလေးထားဆောင်ရွက်ခဲ့သော်လည်း ယနေ့ထက်တိုင်အောင် ထာဝရငြိမ်းချမ်းရေးနှင့် အလှမ်းမနီးသေးသည်ကို တွေ့ရမည်ဖြစ်သည်။
Dec 20, 2025
လွတ်လပ်ရေးရပြီးနောက် ၇၈ နှစ်ကြာမြင့်ပြီးသည့်အချိန်တွင် မိမိတို့နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုအခြေအနေမှာ ရောက်သင့်သလောက်ခရီးမရောက်။ ဒေသတွင်းနိုင်ငံများနှင့် နှိုင်းယှဉ်လျှင်ပင် နောက်ကျကျန်နေရစ်သည်။ နိုင်ငံမတိုးတက်ရခြင်း၏ အကြောင်းရင်းသည် မငြိမ်းချမ်းခြင်းကြောင့်ဖြစ်ပြီး မငြိမ်းချမ်းရခြင်း၏အကြောင်းရင်းမှာ ကျဉ်းမြောင်းသည့် အစွဲအမျိုးမျိုးတို့ကိုအခြေခံပြီး လက်နက်ကိုင်ပဋိပက္ခဖန်တီးမှုများကြောင့် ဖြစ်သည်။
Dec 19, 2025
PDF အမည်ခံ အကြမ်းဖက်သောင်းကျန်းသူပူးပေါင်းအဖွဲ့များ ယာယီစိုးမိုးထားသည့် စဉ့်ကူးမြို့နှင့် လက်ပန်လှကျေးရွာ ဒေသတစ်ဝိုက်အား တပ်မတော်စစ်ကြောင်းများက ယနေ့တွင် ပြန်လည်သိမ်းပိုက်ရရှိခဲ့ကြောင်း သိရှိရသည်။
Dec 19, 2025
ရန်ကုန်မြို့နှင့် မန္တလေးမြို့အတွက် ရည်ညွှန်းလက်ကားဈေးနှုန်းများနှင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ တိုင်းဒေသကြီး/ပြည်နယ် မြို့တော်များအတွက် ရည်ညွှန်းလက်လီဈေးနှုန်းများ
Dec 19, 2025
လူငယ်ငြိမ်းချမ်းရေးဖိုရမ် (၂၀၂၆) (Youth Peace Forum 2026) ဖိတ်ကြားရေးလုပ်ငန်းကော်မတီ ညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော် ရုံးအမှတ် (၃၁) ရှိ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန စုပေါင်းအစည်းအဝေးခန်းမ၌ ကျင်းပရာ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇင်မင်းထက်၊ သက်ဆိုင်ရာဝန်ကြီးဌာနများမှ ကော်မတီအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်လူမှုရေးရာဝန်ကြီးများက Virtual စနစ်ဖြင့် တက်ရောက်ကြသည်။
Dec 19, 2025
မြန်မာနိုင်ငံ စာရင်းကောင်စီ အလုပ်အမှုဆောင်အဖွဲ့အစည်းအဝေး (၁/၂၀၂၅)ကို ယနေ့မွန်းလွဲပိုင်းတွင် ရန်ကုန်မြို့ရှိ အဆင့်မြင့်စာရင်းကိုင်နှင့် စာရင်းစစ်သင်တန်းကျောင်း အစည်းအဝေး ခန်းမ၌ကျင်းပရာ ပြည်ထောင်စုစာရင်းစစ်ချုပ် မြန်မာနိုင်ငံစာရင်းကောင်စီဥက္ကဋ္ဌ ဒေါက်တာခင်နိုင်ဦး၊ ဒုတိယစာရင်းစစ်ချုပ် မြန်မာနိုင်ငံ စာရင်းကောင်စီ ဒုတိယဥက္ကဋ္ဌ(၁) ဒေါ်နိုင်သက်ဦး၊ မြန်မာနိုင်ငံ စာရင်းကောင်စီ ဒုတိယဥက္ကဋ္ဌ (၂) ဦးဝမ်းတင်၊ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ နည်းပညာဖွံ့ဖြိုးရေး နှင့် လေ့ကျင့်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်၊ မြန်မာနိုင်ငံ လက်မှတ်ရပြည်သူ့စာရင်းကိုင်များအသင်းမှ အလုပ်အမှုဆောင်အဖွဲ့ဝင်များ တက်ရောက်ကြပြီး ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးမှ အမြဲတမ်းအတွင်းဝန်နှင့် တာဝန်ရှိသူများက အွန်လိုင်းဖြင့် တက်ရောက်ကြသည်။
Dec 19, 2025
အခြေခံပညာ ဆရာ ဆရာမများ အထူးမွမ်းမံသင်တန်းအမှတ်စဉ် (၁၁၂) သင်တန်းဆင်းပွဲကို ယနေ့နံနက် ၈ နာရီတွင် နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အောက်မြန်မာပြည်) ရတနာသိင်္ဃခန်းမ၌ ကျင်းပသည်။
Dec 19, 2025
(၃၃)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲကို ထိုင်းနိုင်ငံ ဘန်ကောက်နှင့် ချွန်ဘူရီမြို့များရှိ သက်ဆိုင်ရာအားကစားကွင်း၊ အားကစားရုံများတွင် ကျင်းပပြုလုပ်လျက်ရှိပြီး မြန်မာအသင်းအနေဖြင့် ခရစ်ကတ်၊ ကဘာဒီ၊ ဘော်လီဘော၊ ပိုက်ကျော်ခြင်း၊ စားပွဲတင်တင်းနစ်၊ နဂါးလှေ၊ နပန်း၊ ရွက်လှေ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ ယနေ့တွင် မြန်မာနိုင်ငံအတွက် ပိုက်ကျော်ခြင်းအားကစားနည်းမှ ငွေတံဆိပ် တစ်ခုနှင့် ကြေးတံဆိပ် တစ်ခု၊ မွေအားကစား နည်းမှ ကြေးတံဆိပ် ကိုးခု၊ နပန်းအားကစားနည်းမှ ကြေးတံဆိပ်သုံးခု၊ ရိုးရာလှေအားကစားနည်းမှ ကြေးတံဆိပ်နှစ်ခု၊ ရွက်လှေအားကစားနည်းမှ ကြေးတံဆိပ် တစ်ခု စုစုပေါင်း ဆုတံဆိပ် ၁၇ ခု ထပ်မံဆွတ်ခူးရရှိခဲ့သည်။
Dec 19, 2025
နေပြည်တော် ဒီဇင်ဘာ ၁၈ မွေးမြူရေးဆိုင်ရာ ဆေးတက္ကသိုလ် ၏ ၂ဝ၂၅-၂ဝ၂၆ ပညာသင်နှစ် မောင်မယ်သစ်လွင်ကြိုဆိုပွဲကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော် ဇေယျာသီရိမြို့နယ် ရေဆင်းရှိ မွေးမြူရေးဆိုင်ရာ ဆေးတက္ကသိုလ်၌ ကျင်းပသည်။
ဆင်လမ်း (၂) ရေလှောင်တမံနှင့် ပင်တီးရေလှောင်တမံစီမံကိန်းဆောင်ရွက်ရန် လျာထားနေရာများ ကွင်းဆင်းကြည့်ရှု
Dec 19, 2025
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်သည် တာဝန်ရှိသူများနှင့်အတူ ယမန်နေ့ နံနက်ပိုင်းက ပြင်ဦးလွင်မြို့နယ် ဆင်ဖြူအင်းကျေးရွာအနီး ဆင်ဖြူချောင်းပေါ်တွင် ဆင်လမ်း (၂) ရေလှောင်တမံနှင့် ပင်တီးကျေးရွာအနီး သဗြိုက်ချောင်းပေါ်ရှိ ပင်တီးရေလှောင်တမံ တည်ဆောက်နိုင်မည့် လျာထားနေရာများကို ကွင်းဆင်းကြည့်ရှုသည်။
Dec 19, 2025
ရန်ကုန်တက္ကသိုလ် သိပ္ပံပွဲခင်း ကျင်းပနိုင်ရေး ရန်ကုန်တက္ကသိုလ် ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခ (ဌာနမှူး) များနှင့်တွေ့ဆုံဆွေးနွေးပွဲကို ယနေ့မွန်းလွဲပိုင်းတွင် ရန်ကုန်တက္ကသိုလ် ဝိဇ္ဇာခန်းမ၌ ကျင်းပရာ ဒုတိယဝန်ကြီး ဦးနေမျိုးလှိုင်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
Dec 19, 2025
ယနေ့ ခရစ်နှစ် ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၁၉ ရက်၊ ကရင်သက္ကရာဇ် ၂၇၆၅ ခုနှစ်၊ မြန်မာသက္ကရာဇ် ၁၃၈၇ ခုနှစ် ပြာသိုလဆန်း (၁) ရက်နေ့သည် ကရင်တိုင်းရင်းသားညီအစ်ကိုမောင်နှမများ အမြတ်တနိုးတန်ဖိုးထားသည့် ကရင်အမျိုးသားနှစ်သစ်ကူး နေ့ထူးနေ့မြတ်ဖြစ်ပါသည်။ ယခုကဲ့သို့ ကရင်အမျိုးသားနှစ်သစ်ကူးနေ့အခါသမယတွင် ကရင်တိုင်းရင်းသားများအပါအဝင် မိဘပြည်သူတိုင်းရင်းသားညီအစ်ကိုမောင်နှမများအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာပြီး ကျက်သရေမင်္ဂလာအပေါင်းနှင့် ပြည့်စုံကြပါစေကြောင်း ဆုမွန်ကောင်းတောင်းလျက် နှုတ်ခွန်းဆက်သအပ်ပါသည်။
Dec 19, 2025
မြန်မာနိုင်ငံသည် ပါတီစုံဒီမိုကရေစီစနစ်ကို ကျင့်သုံးနေသောနိုင်ငံဖြစ်သည်။ တပ်မတော်သည် နိုင်ငံ့တာဝန်ကို မလွှဲသာမရှောင်သာ စတင်ယူစဉ်အချိန်ကတည်းက ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) အရ အရေးပေါ်ကာလဆိုင်ရာ ပြဋ္ဌာန်းချက်များနှင့်အညီ ဆောင်ရွက်ခြင်းတို့ပြီးစီးပါက လွတ်လပ်ပြီးတရားမျှတသည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကျင်းပ၍ ထွက်ပေါ်လာသည့်အစိုးရအား နိုင်ငံတော်တာဝန်လွှဲအပ်နိုင်ရေးလုပ်ငန်းစဉ်များ ချမှတ်၍ တစိုက်မတ်မတ်ဆောင်ရွက်ခဲ့သည်။
Dec 19, 2025
၂၀၂၀ ပြည့်နှစ်က မြန်မာနိုင်ငံတွင် တစ်ဦးချင်း လျှပ်စစ်ဓာတ်အား သုံးစွဲမှု ၄၂၉ ယူနစ်ရှိပြီး တစ်နိုင်ငံလုံး အများဆုံးဝန်အား ၃၈၂၈ မဂ္ဂါဝပ်အထိ သုံးစွဲခဲ့သည်။ တစ်နိုင်ငံလုံး ဓာတ်အားလိုအပ်ချက်သည် နှစ်စဉ် ၁၃ ရာခိုင်နှုန်းမှ ၁၅ ရာခိုင်နှုန်းသို့ တိုးတက်လျက်ရှိပြီး ၂၀၁၃ ခုနှစ်တွင် စတင်အကောင်အထည်ဖော်ခဲ့သည့် အမျိုးသားလျှပ်စစ်ဓာတ်အားရရှိရေးစီမံကိန်း (NEP) အရ ၂၀၃၀ ပြည့်နှစ်တွင် ၁၀၀ ရာခိုင်နှုန်း လျှပ်စစ်ဓာတ်အားသုံးစွဲနိုင်ရေး စီမံဆောင်ရွက်လျက်ရှိသည်။
Dec 19, 2025
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ပြန်တမ်း အတွဲ (၇၈) အမှတ် (၅၁) အပိုင်း (၄) အား ဖတ်ရှုနိုင်ပါသည်-
