Jun 04, 2024
စစ်ကိုင်းတိုင်းဒေသကြီး၊ ဒီပဲယင်းမြို့နယ်အတွင်း မေလ ၂၈ ရက်တွင် PDF အမည်ခံအကြမ်းဖက်အဖွဲ့ အချင်းချင်း အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး အကြမ်းဖက်အဖွဲ့များနှင့် မိသားစုဝင်များ သေဆုံး/ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရှိရသည်။
Jun 04, 2024
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ၂၀၂၄ ခုနှစ်၊ ပထမအကြိမ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ပြည်ထောင်စုနယ်မြေ နေပြည်တော်ရှိ Naypyitaw State Academy ပရိဝုဏ်အတွင်း၌ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တက်ရောက်၍ ခရေပျိုးပင်ကို ဦးဆောင်စိုက်ပျိုးပေးသည်။
Jun 04, 2024
ကျန်းမာရေးဝန်ကြီးဌာနသည် ကိုဗစ်-၁၉ ရောဂါ စောင့်ကြပ်ကြည့်ရှုခြင်းလုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိရာ (၂၆-၅-၂၀၂၄) ရက်နေ့၊ ည (၈:၀၀) နာရီမှ (၂-၆-၂၀၂၄) ရက် နေ့၊ ည (၈:၀၀)နာရီအထိ ရက်သတ္တပတ်အတွင်း ဓာတ်ခွဲနမူနာစုစုပေါင်း(၃၁,၇၆၂)ခုအား စစ်ဆေးပြီးစီးခဲ့ရာ ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ်(၆၉)ဦး တွေ့ရှိရပါသည်။ ထို့ကြောင့် ရောဂါပိုးတွေ့ရှိမှုရာခိုင်နှုန်းမှာ (၀.၂၂) ရာခိုင်နှုန်းဖြစ်ပါသည်။ အစီရင်ခံကာလအတွင်း ကိုဗစ်-၁၉ ရောဂါဖြင့် သေဆုံးသူမရှိပါ။
Jun 04, 2024
၂၀၂၄- ၂၀၂၅ ပညာသင်နှစ်အတွက် မြန်မာနိုင်ငံတစ်ဝန်းရှိ အခြေခံပညာကျောင်းများကို ယနေ့နံနက်ပိုင်းမှ စတင်၍ ဖွင့်လှစ်ခဲ့ရာ မန္တလေးမြို့ရှိ အခြေခံပညာကျောင်းများတွင်လည်း ကျောင်းသား ကျောင်းသူများ အေးချမ်း ပျော်ရွှင်စွာ တက်ရောက်ပညာသင်ကြားလျက်ရှိသည်။
Jun 04, 2024
ပညာရေးဝန်ကြီးဌာန အဆင့်မြင့်ပညာဦးစီးဌာန တက္ကသိုလ်၊ ဒီဂရီကောလိပ်များ၏ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ဒုတိယနှစ်ဝက်နှင့် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ပထမနှစ်ဝက်သင်တန်းများကို ဇွန် ၃ ရက်က စတင်ဖွင့်လှစ်ရာ ကျောင်းသား ကျောင်းသူများ အေးချမ်းပျော်ရွှင်စွာ ပညာသင်ကြားနေမှုများကို ဖော်ပြလိုက်ပါသည်-
Jun 04, 2024
ပညာရေးဝန်ကြီးဌာန အဆင့်မြင့်ပညာဦးစီးဌာန တက္ကသိုလ်၊ ဒီဂရီကောလိပ်များ၏ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ဒုတိယနှစ်ဝက်နှင့် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ပထမနှစ်ဝက်သင်တန်းများကို ယနေ့စတင်ဖွင့်လှစ်ရာ ကျောင်းသား ကျောင်းသူများ အေးချမ်းပျော်ရွှင်စွာ ပညာသင်ကြားနေမှုများကို ဖော်ပြလိုက်ပါသည်-
Jun 04, 2024
ယနေ့ ဇွန် ၃ ရက်တွင် နိုင်ငံတစ်ဝန်းလုံး၌ အခြေခံပညာကျောင်းများကို စတင်ဖွင့်လှစ်ပြီဖြစ်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ မြို့နယ်အသီးသီးမှ အခြေခံပညာကျောင်းများ၌ ကျောင်းသား ကျောင်းသူများ ပျော်ရွှင်စွာကျောင်းတက်၍ ပညာသင်ကြားနေကြသည့် မြင်ကွင်းများကို စုစည်းဖော်ပြလိုက်ပါသည်။
Jun 04, 2024
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမြင့်စိုးသည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် တပ်ကုန်းမြို့နယ် ရှားတောကျေးရွာသို့ရောက်ရှိပြီး ရှားတောစိုက်ပျိုးရေးနှင့် အထွေထွေစီးပွားရေးသမဝါယမအသင်းနှင့် စံပြဂွေးပင် စိုက်ပျိုးရေးနှင့် အထွေထွေ စီးပွားရေးသမဝါယမအသင်းတို့မှ အသင်းအမှုဆောင်များ၊ အသင်းသား ဝါစိုက်တောင်သူများနှင့်တွေ့ဆုံသည်။
Jun 04, 2024
၂၀၂၄-၂၀၂၅ ပညာသင်နှစ်တွင် တက်ရောက်ပညာသင်ကြားမည့် တြိဂံဒေသတိုင်းစစ်ဌာနချုပ် ကျိုင်းတုံတပ်နယ်မှ ကျောင်းသား ကျောင်းသူများအတွက် ပထမအကြိမ် ကျောင်းဝတ်စုံနှင့် ကျောင်းသုံး စာရေးကိရိယာပစ္စည်းများ ထောက်ပံ့ပေးအပ်ပွဲကို ယနေ့ညနေပိုင်းတွင် တိုင်းစစ်ဌာနချုပ် ပြည်ငြိမ်းအေး ခန်းမ၌ပြုလုပ်ရာ တိုင်းမှူး ဗိုလ်ချုပ်အောင်ခိုင်ဝင်းနှင့် တာဝန်ရှိသူများ၊ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များ၊ ကျောင်းသား ကျောင်းသူများ တက်ရောက်ကြသည်။
Jun 04, 2024
ရန်ကုန်မြို့နှင့် မန္တလေးမြို့အတွက် ရည်ညွှန်းလက်ကားဈေးနှုန်းများနှင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ တိုင်းဒေသကြီး/ပြည်နယ် မြို့တော်များအတွက် ရည်ညွှန်းလက်လီဈေးနှုန်းများ
Jun 04, 2024
၂၀၂၄-၂၀၂၅ ပညာသင်နှစ်၏ ကျောင်းအပ်နှံရေးသီတင်းပတ်ကို မေ ၂၃ ရက်မှ ဇွန် ၂ ရက်အထိသတ်မှတ်ကာ အခြေခံပညာကျောင်းများတွင် ကျောင်းအပ်လက်ခံခဲ့ကြပြီး ယနေ့ဇွန် ၃ ရက်တွင် အခြေခံပညာကျောင်းများစတင်ဖွင့်လှစ်ခဲ့သည်။ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ပညာရေးဝန်ထမ်းများနှင့် တာဝန်ရှိသူများအား မေးမြန်းထားမှုများကို ပြန်လည်ဖော်ပြလိုက်ပါသည်-
ရှမ်းပြည်နယ်(တောင်ပိုင်း)အတွင်း စိုက်ပျိုးရေး၊ မွေးမြူရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး ကွင်းဆင်းဆောင်ရွက်
Jun 04, 2024
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်သည် တာဝန်ရှိသူများနှင့်အတူ ဇွန် ၁ ရက်က ရှမ်းပြည်နယ်တောင်ပိုင်း ဟိုပုံးမြို့နယ် လွယ်တောင်ကျေးရွာ ဖူဂျီဥစားကြက် မွေးမြူရေးခြံ၏ လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေကို သွားရောက်ကြည့်ရှုစစ်ဆေးပြီး ဇီဝလုံခြုံမှုဂရုပြုရေး၊ စျေးကွက်ကိုအခြေခံသော စိုက်ပျိုးမွေးမြူရေး ကုန်ထုတ်လုပ်ငန်းများ မြှင့်တင်ဆောင်ရွက်နိုင်ရေး ဆွေးနွေးပြောကြားသည်။
Jun 04, 2024
အရာထမ်းလောင်း (အထူး)သင်တန်း အမှတ်စဉ်(၁၂) သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်(အောက်မြန်မာပြည်) အုန်းတောခန်းမ၌ ကျင်းပသည်။
Jun 04, 2024
အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်နှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနတို့ ပူးပေါင်းဆောင်ရွက်ပြီး အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေး ရှင်းလင်းဆွေးနွေးခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
Jun 04, 2024
၂၀၂၄-၂၀၂၅ ပညာသင်နှစ် အခြေခံပညာကျောင်းများကို နေပြည်တော် ကောင်စီနယ်မြေအပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ အခြေခံပညာကျောင်းများနှင့် ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများတွင် ယနေ့နံနက်ပိုင်းမှ စတင်ဖွင့်လှစ်နေပြီဖြစ်သည်။
Jun 04, 2024
အရာထမ်းလောင်း (အထူး)သင်တန်းအမှတ်စဉ်(၁၃) သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်(အထက်မြန်မာပြည်) ရတနာခန်းမ၌ ကျင်းပသည်။
Jun 04, 2024
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးသည် ယမန်နေ့ နံနက်ပိုင်းက နေပြည်တော် တပ်ကုန်းမြို့နယ်နှင့် ပုဗ္ဗသီရိမြို့နယ်တို့ရှိ ပုဂ္ဂလိကမွေးမြူရေးလုပ်ငန်းများကို ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။
Jun 04, 2024
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် နေပြည်တော်ကောင်စီဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့််အတူ ယနေ့နံနက်ပိုင်းတွင် တပ်ကုန်းမြို့နယ် မြို့ဦးပရိယတ္တိစာသင်တိုက် ပဓာနနာယကဆရာတော် အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ ဘဒ္ဒန္တပဏ္ဍဝမဟာထေရ်မြတ်အား သွားရောက်ဖူးမြော်ကြည်ညို၍ ဆွမ်းဆန်တော်၊ ဆီ၊ နဝကမ္မအလှူငွေနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းသည်။
Jun 04, 2024
သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန အဆင့်မြင့်သိပ္ပံနှင့် နည်းပညာဦးစီးဌာနနှင့် နည်းပညာ၊ သက်မွေးပညာနှင့်လေ့ကျင့်ရေးဦးစီးဌာနရှိ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်နှင့် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်များ၏ ဘွဲ့ကြို၊ ဘွဲ့လွန်နှင့် ဘွဲ့လွန်ဒီပလိုမာသင်တန်းများကို ယနေ့တွင် စတင်ဖွင့်လှစ်သင်ကြားလျက်ရှိသည်။
Jun 04, 2024
တရုတ်ပြည်သူ့သမ္မတနိုင်ငံ ယူနန်ပြည်နယ် တေဟုန်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပြည်နယ်ခွဲအစိုးရအဖွဲ့မှ ဖိတ်ကြားချက်အရ မြန်မာ-တရုတ် ချစ်ကြည်ရေးအသင်း(ဗဟို)မှစီစဉ်မှုဖြင့် ချစ်ကြည်ရေးအသင်း ဒုတိယဥက္ကဋ္ဌ မူဆယ်ခရိုင် တာဝန်ခံ ဦးခင်ဦး (ခ) ဦးရှင်ဖူး ဦးဆောင်သောအဖွဲ့ဝင် ၂၂ ဦး သည် မေ ၂၉ ရက်က မန္တလေးမြို့မှ လေကြောင်းခရီးဖြင့် မန်စီမြို့သို့ ထွက်ခွာခဲ့သည်။
