Skip to main content

Apr 02, 2024

သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါ်နုမြဇံသည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ပြည်ထောင်စုနယ်မြေ နေပြည်တော်တပ်ကုန်းမြို့နယ် တပ်ကုန်းစာဖြေဌာန အောင်ဆန်းခန်းမ၌ အစိုးရဓမ္မာစရိယစာမေးပွဲ ဖြေဆိုလျက်ရှိသော သံဃာတော်များနှင့် သီလရှင်များကို သွားရောက်ဖူးမြော်ကြည်ညိုသည်။

ဆက်လက်ဖတ်ရှုရန်

Apr 02, 2024

စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရင်မောင်ညွန့်သည် ယမန်နေ့မွန်းလွဲပိုင်းတွင် မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့ရှိ အမှတ် (၁) သံမဏိစက်ရုံ (မြင်းခြံ) သို့ ရောက်ရှိရာ စက်ရုံအစည်းအဝေးခန်းမ၌ စက်ရုံမှူးက ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်အတွင်း လုပ်ငန်းအကောင်အထည်ဖော် ဆောင်ရွက်ခဲ့မှု၊ လေးထောင့်ပုံ သံမဏိချောင်း ထုတ်လုပ်ခဲ့မှု၊ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်အတွင်း ဆက်လက်ဆောင်ရွက်မည့်အစီအမံများ၊ သံမဏိများအား လျာထားချက်ပြည့်မီအောင် ထုတ်လုပ်နိုင်ရေးအတွက် စီမံဆောင်ရွက်ထားရှိမှုတို့ကို ရှင်းလင်းတင်ပြသည်။

ဆက်လက်ဖတ်ရှုရန်

Apr 02, 2024

ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်မြိုင်သည် မြန်မာ့မီးရထား အထွေထွေမန်နေဂျာများ၊ တိုင်းတာဝန်ခံအရာရှိများနှင့်အတူ ယနေ့တွင် တောင်ငူ - နေပြည်တော် ရထားလမ်းပိုင်း မိုင်နှုန်းမြှင့်တင်ပြေးဆွဲနိုင်ရေး အဆင့်မြှင့်တင်ပြုပြင်နေမှု၊ အဆိုပါ ရထားလမ်းပိုင်းရှိ ဘူတာများ၊ ယာဒ်ဝင်းများနှင့် ရထားလမ်းတံတားများ ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်ဖတ်ရှုရန်

Apr 02, 2024

ပြည်ထောင်စုရာထူးဝန်အဖွဲ့၏ (၈၇) နှစ်မြောက် နှစ်ပတ်လည်နေ့အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စုရာထူးဝန်အဖွဲ့ စုပေါင်းခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Apr 02, 2024

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာန၏ ဌာနတွင်း ထူးခြားကျေပွန်စွာ တာဝန်ထမ်းဆောင်ခဲ့သော ဌာနခွဲများ၊ ဝန်ထမ်းများနှင့် နိုင်ငံတော်၏ ကုန်သွယ်ရေးဆိုင်ရာ မူဝါဒများအပေါ် အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် စိတ်ရောကိုယ်ပါ ပူးပေါင်းဆောင်ရွက် တာဝန်ထမ်းဆောင်သည့် ဝန်ထမ်းများကို ဂုဏ်ပြုသည့်အနေဖြင့် နှစ်ပတ်လည်နေ့အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရုံးအမှတ် (၃) ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Apr 02, 2024

မြန်မာ့ကျောက်မျက်ရတနာပြပွဲ ဗဟိုကော်မတီ အစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ မဏိရတနာကျောက်စိမ်းခန်းမ၌ကျင်းပရာ မြန်မာ့ကျောက်မျက်ရတနာပြပွဲ ဗဟိုကော်မတီနာယက သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ တက်ရောက်၍ အဖွင့်အမှာစကား ပြောကြားသည်။

ဆက်လက်ဖတ်ရှုရန်

Apr 02, 2024

၂၀၂၃-၂၀၂၄ ခုနှစ် ပဲတီစိမ်း၊ နွေစပါး၊ မိုးစပါးစီမံကိန်း ဆောင်ရွက်ခဲ့မှုအခြေအနေများအပေါ် အားသာချက်၊ အားနည်းချက်များကို သုံးသပ်အဖြေရှာခြင်းနှင့် ဆောင်ရွက်ဆဲဖြစ်သည့် ဆောင်းသီးနှံ၊ နွေစပါးစီမံကိန်းလုပ်ငန်းနှင့် ဆောင်ရွက်ဆဲဖြစ်သည့် ဝါသီးနှံနှင့် မိုးစပါးစီမံကိန်းလုပ်ငန်းများအပေါ် ကြိုတင်စီမံဆောင်ရွက်မည့် အစီအမံများနှင့်ပတ်သက်သည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းက သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေး ဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Apr 02, 2024

မြန်မာနိုင်ငံတော် ဗဟိုဘဏ်က အကောင်အထည်ဖော် ဆောင်ရွက်နေသည့် MMQR (Digital Payment Switch) အကောင်အထည်ဖော် ဆောင်ရွက်နိုင်မှုနှင့် စပ်လျဉ်းသည့် အစည်းအဝေးကို ယနေ့နံနက် ၁၁ နာရီတွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ် ရန်ကုန်ဘဏ်ခွဲ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Apr 02, 2024

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန မွေးမြူရေးသုတေသနဦးစီးဌာန၏ ဒုတိယအကြိမ် မွေးမြူရေးသုတေသနဆိုင်ရာ စာတမ်းဖတ်ပွဲကို ယနေ့နံနက်ပိုင်းက စိုက်ပျိုးရေးသုတေသနဦးစီးဌာန နဝရတ်ခန်းမ၌ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်နှင့် ဒုတိယဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ပါမောက္ခချုပ်များ၊ မြန်မာနိုင်ငံ မွေးမြူရေးလုပ်ငန်း အဖွဲ့ချုပ်နှင့် မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်တို့မှ တာဝန်ရှိသူများ၊ သုတေသန စာတမ်းရှင်များနှင့် သုတေသီများ တက်ရောက်ကြပြီး တိုင်းဒေသကြီး၊ ပြည်နယ်များမှ ကိုယ်စားလှယ်များက အွန်လိုင်းစနစ်ဖြင့်တက်ရောက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Apr 02, 2024

မျက်မှောက်ကာလတွင် ဖြစ်ပွားလျက်ရှိသော လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် အကြမ်းဖက်မှုတားဆီးရေးဆိုင်ရာကိစ္စရပ်များနှင့်ပတ်သက်၍ ပရိသတ်များ၏ရင်တွင်းခံစားချက် စကားသံများအား သဇင် FM ၏ “ပြည်သူ့ကြားက ပြည်သူ့စကား” အစီအစဉ်မှ “အကြမ်းဖက်သမားများကြောင့် တက္ကသိုလ်ဝင် စာမေးပွဲဖြေဆိုခွင့် ဆုံးရှုံးခဲ့သူများအတွက် နိုင်ငံတော်မှအထူးအစီအစဉ်ဖြင့် ဆောင်ရွက်ပေးမှု” ခေါင်းစဉ်ဖြင့် ၃-၄-၂၀၂၄ ရက် မွန်းလွဲ ၁ နာရီတွင် ထုတ်လွှင့်တင်ဆက်ပေးသွားမည်ဖြစ်ပါသည်။

ဆက်လက်ဖတ်ရှုရန်

Apr 02, 2024

ပြည်သူ့စစ်မှုထမ်း ဆင့်ခေါ်ရေးဆိုင်ရာ ကိစ္စရပ်များအပေါ် စုံစမ်းမေးမြန်းခြင်းနှင့် သတင်းပို့ခြင်း ပြုလုပ်နိုင်

ဆက်လက်ဖတ်ရှုရန်

Apr 02, 2024

မြန်မာသက္ကရာဇ် ၁၃၈၅ ခုနှစ်၊ မဟာသင်္ကြန်ပွဲတော်နှင့် စပ်လျဉ်း၍ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၏ နှိုးဆော်ချက်

ဆက်လက်ဖတ်ရှုရန်

Apr 02, 2024

မွန်တိုးတက်ရေးပါတီကို နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်ပြု

ဆက်လက်ဖတ်ရှုရန်

Apr 02, 2024

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ သာသနာရေးဦးစီးဌာနကကြီးမှူး၍ နှစ်စဉ်ကျင်းပသော ၂၀၂၄ ခုနှစ်၊ အစိုးရဓမ္မာစရိယစာမေးပွဲကို ယနေ့ (ပဉ္စမနေ့) တွင် နိုင်ငံတစ်ဝန်းရှိ စာဖြေဌာန ၆၇ ဌာနတို့တွင် စာဖြေစာရင်းသွင်း ၁၂၁၆၀ ပါး/ဦးအနက် ၉၅၇၄ ပါး/ဦး ဖြေဆိုကြသဖြင့် ၇၈ ဒသမ ၇၃ ရာခိုင်နှုန်း ဖြေဆိုကြကြောင်း သာသနာရေးဦးစီးဌာနမှ သိရသည်။

ဆက်လက်ဖတ်ရှုရန်

Apr 02, 2024

ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)၊ ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေး ညွှန်ကြားရေးမှူးရုံး (၇၇) နှစ်မြောက် နှစ်ပတ်လည်နေ့အခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ကောင်စီနယ်မြေ ဥတ္တရသီရိမြို့နယ် တောင်ညိုမြို့ရှိ အမှတ် (၂) တပ်မတော်ရုပ်မြင်သံကြား ထုတ်လွှင့်ရေးတပ်၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ချီးမြှင့်ပြီး ဂုဏ်ပြုအမှာစကား ပြောကြားသည်။

ဆက်လက်ဖတ်ရှုရန်

Apr 02, 2024

လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးတွင် ရေသည်အခြေခံလိုအပ်ချက်တစ်ခုဖြစ်သည်။ လူမှုဘဝပတ်ဝန်းကျင်တွင် သန့်ရှင်းသော သောက်သုံးရေလုံလောက်စွာရရှိပါမှ အစစအရာရာ အဆင်ပြေမည်ဖြစ်သည်။ ယခုအခါ နွေရာသီကာလသို့ ရောက်ရှိလာပြီဖြစ်ရာ ပူပြင်းခြောက်သွေ့မှုကြောင့် သောက်သုံးရေ ရှားပါးပြတ်လပ်မှုများကို မြန်မာနိုင်ငံရှိ အချို့ဒေသများတွင် ကြုံတွေ့လာကြသည်ကို တွေ့မြင်နေရသည်။

ဆက်လက်ဖတ်ရှုရန်

Apr 02, 2024

နွေရာသီနေ့အပူချိန်များ မြင့်သည်ထက်မြင့်လာသည်နှင့်အမျှ သောက်ရေသုံးရေအတွက် အခက်အခဲတွေ့ရသည့်နေရာများတွင် ရေလှူဒါန်းကြရသည့်သတင်းများကို ပို၍တွေ့လာရသည်။ ရေရှားပါးသည့် နေရာဒေသများဟုဆိုလျှင် အများအားဖြင့် မြန်မာနိုင်ငံအလယ်ပိုင်းရှိ မိုးနည်းရပ်ဝန်းဒေသကြီးကို မြင်ယောင်လေ့ရှိသော်လည်း ယခုအခါ နွေရာသီရောက်တိုင်း ရေအခက်အခဲ တွေ့ကြရသည့် ဒေသများတွင် ရှမ်းကုန်းပြင်မြင့်ဒေသ၊ ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသနှင့် ကမ်းရိုးတန်းဒေသများကဲ့သို့သော ဒေသများမှ မြို့ရွာရပ်ကွက်များ ပါဝင်လျက်ရှိသည်ကိုလည်း တွေ့ရှိနိုင်သည်။ သို့ဖြစ်ရာ သာမန်အားဖြင့် ရေအရင်းအမြစ် ပေါများသည်ဟုဆိုသည့် မိမိတို့နိုင်ငံတွင် သောက်သုံးရေသည် နေရာတိုင်း၊ အချိန်တိုင်း ပေါများစွာရရှိနိုင်ခြင်းမရှိဘဲ ရာသီအလိုက် ရှားပါးပြတ်လပ်လေ့ရှိရာ ရေချိုအရင်းအမြစ်များ မပျက်မစီးအောင် ထိန်းသိမ်းရန်နှင့် ကောင်းမွန်ပြည့်စုံသည့် ရေစီမံခန့်ခွဲမှု အလေ့အကျင့်ကောင်းများကိုကျင့်သုံးရန် ဆောင်ရွက်သွားကြရမည်ဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Apr 01, 2024

မြန်မာ - တရုတ် နှစ်နိုင်ငံအကြား အွန်လိုင်းလိမ်လည်မှုလုပ်ငန်းများတိုက်ဖျက်ရေးအတွက် နှစ်နိုင်ငံတရားဥပဒေစိုးမိုးရေးအဖွဲ့အစည်းများအကြား ပူးပေါင်းဆောင်ရွက်မှုတစ်ရပ်အား ၂၀၂၄ ခုနှစ်၊ မတ်လအတွင်း မြန်မာနိုင်ငံ၊ ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ မူဆယ်မြို့တွင် ဆောင်ရွက်ခဲ့ကြပါသည်။

ဆက်လက်ဖတ်ရှုရန်

Apr 01, 2024

လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သောပူးပေါင်းအဖွဲ့သည် မတ်လ ၂၉ ရက်နေ့ နံနက် ၇ နာရီခွဲအချိန် မိုးညှင်းမြို့နယ်၊ ကြာကြီးကွင်းကျေးရွာအနီးတွင် သတင်းအရစောင့်ဆိုင်းနေစဉ် နန့်ရင်းကျေးရွာ တောလမ်းအတိုင်း မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ် ၃ စီးနှင့် YANG FOND ၆ ဘီး မော်တော်ယာဉ် ၃ စီးတို့ကို စစ်ဆေးရှာဖွေရာ ဝင်းဇော်၊ ထက်ဝေမိုး၊ ဇော်လင်းထွန်း၊ ညီလင်းအောင်၊ ဝေယံမြင့်၊ ငြိမ်းချမ်း၊ နန်အောင်၊ သန့်ဇင်ဦးနှင့် သောင်းဟန်ငြိမ်းတို့ ၉ ဦးအား ထိန်းချုပ်ဓာတုပစ္စည်း AMMONIUM NITRATE ၃၆ ဒသမ ၈၂ တန်နှင့်အတူ ဖမ်းဆီးရမိခဲ့သဖြင့် ၎င်းတို့အားဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ဆက်လက်စစ်ဆေးဖော်ထုတ်လျက်ရှိ ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သတင်းရရှိသည်။

ဆက်လက်ဖတ်ရှုရန်

Apr 01, 2024

NUG ၊ CRPH အကြမ်းဖက်အဖွဲ့များ၏ သေးတိုးမြှောက်ပင့်ပေးမှုများကြောင့် PDF အမည်ခံအကြမ်းဖက်သမားများသည် ဒေသအချို့၌ အုပ်ချုပ်ရေးပိုင်းဆိုင်ရာတာဝန်ရှိသူများ၊ နိုင်ငံ့ဝန်ထမ်းများနှင့် အေးချမ်းစွာနေထိုင်ကြသည့် ပြည်သူအချို့အား အကြောင်းပြချက်အမျိုးမျိုးဖြင့် ခြိမ်းခြောက်၊ သတ်ဖြတ်၊ လုယက်မှုများ ကျူးလွန်လျက်ရှိသည့်အပြင် ကိုးကွယ်ဆည်းကပ်ရာဖြစ်သော သံဃာတော်များကိုပါ လုပ်ကြံသတ်ဖြတ်သည့် အကြမ်းဖက်လုပ်ရပ်များ ကျူးလွန်လျက်ရှိကြသည်။

ဆက်လက်ဖတ်ရှုရန်