Skip to main content

Jun 21, 2024

သက်ဆိုင်ရာအစိုးရဌာန အစိုးရအဖွဲ့အစည်းအသီးသီးတွင် တာဝန်ထမ်းဆောင်လျက်ရှိသည့် အလယ်အလတ်အဆင့် နိုင်ငံ့ဝန်ထမ်းများအတွက် ဥပဒေအသိပညာပြန့်ပွားရေး သင်တန်းအမှတ်စဉ် (၁) သင်တန်းဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းတွင် ဥပဒေရေးရာဝန်ကြီးဌာန ဥပဒေအသိပညာပြန့်ပွားရေးသင်တန်းကျောင်း (ပထမထပ်) သင်တန်းခန်းမ (MOLA Lecture Hall) ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Jun 21, 2024

မြန်မာနိုင်ငံတွင် ပန်းမျိုးစိတ်နှင့် ပန်းအများဆုံး စိုက်ပျိုးထွက်ရှိရာ မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့၌ ဒေသမျိုးရင်းများအပြင် ရာသီဥတုနှင့်ကိုက်ညီသည့် ပြည်ပမှ ပန်းမျိုးစိတ်များကို အများဆုံး စိုက်ပျိုးထုတ်လုပ်၍ နိုင်ငံတစ်ဝန်းသို့ ဖြန့်ဖြူးရောင်းချပေးလျက်ရှိကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်

Jun 21, 2024

တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ ဇွန် ၁၈ ရက်တွင် မွန်ပြည်နယ် တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ရာတွင် ကျိုက်မရောမြို့နယ် ကျွန်းကုန်းကျေးရွာအနီး၌ မြဝတီမြို့မှ မော်လမြိုင်မြို့သို့ မောင်းနှင်လာသော မော်တော်ယာဉ်တစ်စီးပေါ်မှ တရားဝင်စာရွက် စာတမ်းအထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် Star Oil ကြယ်အမှတ်တံဆိပ် ဟင်းရွက်ဆီ ၁၈ လီတာ ပါပုံး ၁၇၀၀ အပါအဝင် ကုန်ပစ္စည်းနှစ်မျိုး (ခန့်မှန်း တန်ဖိုးငွေကျပ် ၉၂၃၀၀၀၀၀) နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Nissan Diesel Truck တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၅၅၀၀၀၀၀၀) စုစုပေါင်း ခန့်မှန်းတန်ဖိုးငွေကျပ် ၁၄၇၃၀၀၀၀၀ ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Jun 21, 2024

အမျိုးသားအဆင့် လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးဆောင်ကော်မတီ၏ ခွင့်ပြုချက်ဖြင့် Super Seven Stars Motors Industry Co., Ltd. မှ တင်သွင်းလာ‌သော ကိုရီးယားနိုင်ငံထုတ် KIA EV-6 အမျိုးအစား လျှပ်စစ်သုံးမော်တော်ယာဉ်များ၊

ဆက်လက်ဖတ်ရှုရန်

Jun 21, 2024

နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီး ရဲမိုး၊ ဦးဇေယျာလင်းနှင့် တာဝန်ရှိသူများသည် ယမန်နေ့နံနက်ပိုင်းက တပ်ကုန်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ တပ်ကုန်းမြို့နယ်အတွင်း ပြည်သူ့စစ် (ဌာနေ) များ၊ ပြည်သူ့လုံခြုံရေးအဖွဲ့များ၊ ဒေသခံပြည်သူများနှင့်တွေ့ဆုံ၍ လိုအပ်သောအုပ်ချုပ်ထောက်ပံ့မှုများ ဆောင်ရွက်ပေးသည်။

ဆက်လက်ဖတ်ရှုရန်

Jun 21, 2024

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၏ ၂၀၂၄ ခုနှစ် မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ဇမ္ဗူသီရိမြို့နယ် ဝဏ္ဏသိဒ္ဓိအားကစားကွင်း၌ ကျင်းပခဲ့ရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းနှင့်ဇနီး၊ ဒုတိယဝန်ကြီး ဦးစိုးကြည်နှင့်ဇနီး၊ အမြဲတမ်းအတွင်းဝန်နှင့်ဇနီး၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် ဝန်ကြီးဌာနမှ အရာထမ်း၊ အမှုထမ်းများ တက်ရောက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Jun 21, 2024

၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း‌ကောက်ယူရေး လုပ်ငန်းဆိုင်ရာ တွေ့ဆုံပွဲကို ယနေ့နံနက် ၉ နာရီခွဲက တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့ရှိ ပုလဲရတနာခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Jun 21, 2024

မွေးမြူရေး အစာကုန်ကြမ်းများမှ အသားဓာတ်အရင်းအမြစ်အဖြစ် သုံးစွဲသည့် ပဲပုပ်ဖတ်များ ပြည်ပမှတင်သွင်းမှုကို နှစ်အလိုက် လျှော့ချသွားနိုင်ရန်နှင့် ပြည်တွင်း၌ ထုတ်လုပ်သည့် ပဲပုပ်ဆီကြိတ် ဖတ်များကို အစားထိုးသုံးစွဲနိုင်ရေးအတွက် မွေးမြူရေးအစာ ပဲပုပ်ဆီကြိတ်ဖတ် လိုအပ်ချက်ဆိုင်ရာ ဆွေးနွေးပွဲကို ယမန်နေ့က နေပြည်တော်ရုံးအမှတ်(၃၆) အစည်းအဝေးခန်းမ၌ကျင်းပရာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြန်မာနိုင်ငံ မွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ်၊ မြန်မာနိုင်ငံ ဆီကုန်သည်နှင့် ဆီစက်လုပ်ငန်းရှင်များအသင်း၊ ပြည်တွင်းဆီစက်လုပ်ငန်းရှင်များ၊ မွေးမြူရေး အစာစပ်စက်ရုံများ၊ မွေးမြူရေး အစာကုန်ကြမ်း တင်သွင်းမည့်သူများ တက်ရောက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Jun 21, 2024

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်သည် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါ်နုမြဇံ၊ တိုင်းဒေသကြီးလူမှုရေးရာဝန်ကြီး ဦးမျိုးအောင်၊ အမြဲတမ်းအတွင်းဝန်၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် တောင်ငူမြို့ ကေတုမတီမြို့ဟောင်းသို့ သွားရောက်ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်ဖတ်ရှုရန်

Jun 21, 2024

ငွေကြေးခဝါချမှုနှင့်အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေးလုပ်ငန်းအဖွဲ့၏ အစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းက မြန်မာနိုင်ငံတော်ဗဟိုဘဏ်၌ ကျင်းပပြုလုပ်သည်။

ဆက်လက်ဖတ်ရှုရန်

Jun 21, 2024

အလုပ်သမားဝန်ကြီးဌာန၏ ၂၀၂၄ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် အဆိုပါဝန်ကြီးဌာနနှင့် ဆက်စပ်လျက်ရှိသည့် ရုံးဝင်းအနောက်ဘက် မြေကွက်လပ်နေရာ၌ ကျင်းပပြုလုပ်ရာ အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်နောင်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များနှင့် ဌာနဆိုင်ရာ အရာထမ်း၊ အမှုထမ်းများ တက်ရောက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Jun 21, 2024

၂၀၂၄ ခုနှစ် ဥပဒေရေးရာဝန်ကြီးဌာန၏ ငါးမျိုးစိတ်စိုက်ထည့်ခြင်းနှင့် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် သတ်မှတ်နေရာများ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Jun 21, 2024

မြန်မာနိုင်ငံ စစ်မှုထမ်းဟောင်းအဖွဲ့ဗဟိုကောင်စီ နှစ်ပတ်လည်အစည်းအဝေး (၂၀၂၄) ကို ယနေ့တွင် နေပြည်တော်ကောင်စီနယ်မြေ ဒက္ခိဏသီရိမြို့နယ်ရှိ မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့ ဗဟိုဌာနချုပ်ရုံး အစည်းအဝေးခန်းမ၌ကျင်းပရာ မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့၊ ဗဟိုဌာနချုပ်နှင့် နေပြည်တော်မှဗဟိုကောင်စီဝင်များ၊ ဗဟိုကောင်စီဝင် တပ်မတော်အရာရှိကြီးများ တက်ရောက်ကြပြီး တိုင်းဒေသကြီး/ပြည်နယ်များမှ ဗဟိုကောင်စီဝင်များက Online စနစ်ဖြင့် တက်ရောက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Jun 21, 2024

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးကိုကိုနှင့်ဇနီး မိသားစုက နေပြည်တော်ပြည်သူ့ဆေးရုံကြီး (ခုတင်-၁၀၀၀) အတွက် အလှူငွေများလှူဒါန်းခြင်း အခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ပြည်သူ့ဆေးရုံကြီး (ခုတင်-၁၀၀၀) အုပ်ချုပ်မှုဆောင်ရှိ အစည်းအဝေးခန်းမ၌ကျင်းပရာ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခ ဒေါက်တာ သက်ခိုင်ဝင်း တက်ရောက်လက်ခံသည်။

ဆက်လက်ဖတ်ရှုရန်

Jun 21, 2024

(၅) ကြိမ်မြောက် လန်ချန်း-မဲခေါင် ရုပ်သံသီတင်းပတ် (5th Lancang-Mekong Audiovisual Week) ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့သော ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် အခမ်းအနားသို့ တက်ရောက်ခဲ့ကြသည့် လန်ချန်း- မဲခေါင်အဖွဲ့ဝင်နိုင်ငံများနှင့် တောင်အာရှနိုင်ငံများမှ ကိုယ်စားလှယ်များနှင့်အတူ ဇွန် ၁၉ ရက်တွင် ယူနန်ပြည်နယ်၊ ကူမင်းမြို့နှင့် ယွိရှီမြို့တို့မှ အထင်ကရနေရာများတွင် ဆက်လက်၍ကြည့်ရှုလေ့လာခဲ့ကြပြီး ယနေ့မွန်းလွဲပိုင်းတွင် ကူမင်းမြို့မှ လေကြောင်းခရီးဖြင့် ထွက်ခွာခဲ့ရာ ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိကြသည်။

ဆက်လက်ဖတ်ရှုရန်

Jun 21, 2024

၂၀၂၄ ခုနှစ်၊ ဇူလိုင် ၁ ရက်မှစတင်၍ သွင်းကုန် လိုင်စင်/ပါမစ် ခွင့်ပြုချက်မရရှိသေးဘဲ ဆိပ်ကမ်း၊ လေဆိပ်များသို့ သွင်းကုန်များ ကြိုတင်ရောက်ရှိကြောင်း စိစစ်တွေ့ရှိရပါက ပို့ကုန်သွင်းကုန်ဥပဒေနှင့်အညီ အရေးယူသွားမည်ဖြစ်ကြောင်း ၂၀၂၄ ခုနှစ်၊ မေ ၃၀ ရက်တွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာန၏ ပို့ကုန်သွင်းကုန်နှင့်ပတ်သက်သော သတင်းလွှာ (၃/၂၀၂၄) ဖြင့် ထုတ်ပြန်ထားသည်။

ဆက်လက်ဖတ်ရှုရန်

Jun 21, 2024

ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာနရှိ တက္ကသိုလ်၊ ဒီဂရီကောလိပ်များ၏ ၂၀၂၄ ပညာသင်နှစ်၊ ပထမနှစ် အဝေးသင်သင်တန်း ကျောင်းဝင်မှတ်ပုံတင်ခြင်းကို ၂၆-၁၂-၂ဝ၂၃ ရက်နေ့မှ စတင်လက်ခံခဲ့ရာ ၂၈-၆-၂ဝ၂၄ ရက်နေ့ နောက်ဆုံးထား၍လည်းကောင်း၊ ဒုတိယနှစ်နှင့်အထက် ကျောင်းဝင်မှတ်ပုံတင်ခြင်းကို ၅-၂-၂၀၂၄ ရက်နေ့မှ စတင်လက်ခံခဲ့ရာ ၂၈-၆-၂၀၂၄ ရက်နေ့ နောက်ဆုံးထား၍လည်းကောင်း သက်ဆိုင်ရာတက္ကသိုလ်နှင့် ဒီဂရီကောလိပ်များတွင် ဆောင်ရွက်ကြရန် ထပ်မံနှိုးဆော်လိုက်သည်။

ဆက်လက်ဖတ်ရှုရန်

Jun 21, 2024

အဋ္ဌမအကြိမ် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့(၄၇) ပါးစုံညီ သတ္တရသမအစည်းအဝေးကို ၁၃၈၆ ခုနှစ်၊ နယုန်လပြည့်ကျော် ၁၀၊ ၁၁၊ ၁၂၊ ၁၃ ရက် ၂၀၂၄ ခုနှစ်၊ ဇူလိုင် ၁၊ ၂၊ ၃၊ ၄ ရက် တနင်္လာ၊ အင်္ဂါ၊ ဗုဒ္ဓဟူး၊ ကြာသပတေးနေ့များတွင် အကြိုညှိနှိုင်းအစည်းအဝေးနှင့် ၁၃၈၆ ခုနှစ်၊ နယုန်လပြည့်ကျော် ၁၄ ရက်၊ ဝါဆိုလဆန်း ၁ ရက်၊ ၂၀၂၄ ခုနှစ်၊ ဇူလိုင် ၅၊ ၆ ရက် သောကြာ၊ စနေနေ့များတွင် သတ္တရသမအစည်းအဝေးကြီး ကျင်းပမည်ဖြစ်ရာ နိုင်ငံတော်သံဃမဟာနာယက ဆရာတော်ကြီးများသည် ၁၃၈၆ ခုနှစ်၊ နယုန်လပြည့်ကျော် ၉ ရက် ၂၀၂၄ ခုနှစ်၊ ဇွန် ၃၀ ရက်၊ တနင်္ဂနွေနေ့အရောက် ရန်ကုန်တိုင်းဒေသကြီးမရမ်းကုန်းမြို့နယ် သီရိမင်္ဂလာကမ္ဘာအေးကုန်းမြေသို့ ကြွရောက်တော်မူပါရန် ပင့်လျှောက်စာများဖြင့် ပင့်လျှောက်ထားပြီးဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Jun 21, 2024

ထေရဝါဒဗုဒ္ဓဘာသာ သာသနာဝင်မှတ်တမ်း၌ နယုန်လပြည့်နေ့ကို ငြိမ်းချမ်းရေးကိုအကြောင်းပြုသည့်နေ့ဟုအဆိုရှိခဲ့သည်။ အကြောင်းမှာ နယုန်လပြည့်နေ့တွင် မြတ်စွာဘုရားရှင်က ငြိမ်းချမ်းရေးကိုရည်ညွှန်းသည့်တရားတော်များ ဟောတော်မူခဲ့သည်။ နယုန်လပြည့်နေ့အနှစ်ချုပ်မှာ မဟာသမယသုတ္တန်ဖြစ်သည်။ နယုန်လပြည့်နေ့တွင် စာတော်ပြန်ပွဲများ ကျင်းပကြသည်။

ဆက်လက်ဖတ်ရှုရန်

Jun 21, 2024

နယူးဇီလန်နိုင်ငံတွင် အရက်သောက်ခြင်းကြောင့် ဖြစ်ပေါ်လာသော အိမ်တွင်းအကြမ်းဖက်မှုများ၊ ယာဉ်တိုက်မှု၊ တိမ်းမှောက်မှုများ၊ လူမှုရေးပြဿနာများ၊ ကုန်ထုတ်လုပ်မှုကျဆင်းမှုနှင့် လုပ်ငန်းခွင်ဝင်ရောက်ခြင်းမရှိဘဲပျက်ကွက်မှုများ၊ ရာဇဝတ်မှုများ စသည့်ထိခိုက်ဆုံးရှုံးမှုများ တန်ဖိုးများမှာ စုစုပေါင်း အမေရိကန်ဒေါ်လာ သန်းပေါင်း ၅၆၀၀ ခန့်ရှိသည်ဟု နိုင်ငံတကာ သတင်းတွင်တွေ့ရသည်။ အိန္ဒိယနိုင်ငံတောင်ပိုင်း ပြည်နယ်တစ်ခုတွင်မူ တရားမဝင်ချက်လုပ်ရောင်းချသည့် အရက်ကိုဝယ်ယူ သောက်သုံးကြသူ လူ ၃၄ ဦး သေဆုံးပြီး ၁၀၀ ကျော် ဆေးရုံတင်လိုက်ရကြောင်း အခြားသတင်းတစ်ပုဒ်တွင် တွေ့ရသည်။

ဆက်လက်ဖတ်ရှုရန်