Skip to main content

Dec 08, 2023

“ဆုရစာမူဖြစ်လာဖို့ ၂၀၁၄ ခုနှစ် ကစပြီး ကဗျာ၊ ဝတ္ထု၊ ဆောင်းပါးတွေကို အစဉ်တစိုက်ရေးသားပြီး စာမူတွေပြိုင်ခဲ့ ပါတယ်။ ဒါပေမဲ့ ဆုမရရှိခဲ့ပါဘူး။ အဲဒါနဲ့ ၂၀၁၄ ခုနှစ်ကနေ ၂၀၂၁ ခုနှစ်အတွင်း ရှစ်နှစ်စာ ရေးသားပြိုင်ပွဲဝင်ခဲ့တဲ့ ကဗျာတွေထဲကရွေးထုတ်ပြီး ကဗျာပေါင်း ချုပ်စာမူကို ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာကနေ အခုလို ဆုရရှိခဲ့တာဖြစ်ပါတယ်။ ဆုရ စာမူကတော့ ပြည်သူ့နီတိ၊ လောကနီတိနဲ့ သက်ဆိုင်တဲ့ ရသ၊ သုတတွေပါဝင်ပြီး လူမှုဝန်းကျင်၊ ဘဝအတွေ့အကြုံတွေ နဲ့ပေါင်းစပ်ပြီး တင်ပြထားတဲ့ ‘ပိုးကိုက်ရာကင်း ပန်းတခင်း’ကဗျာတွေ ဖြစ်ပါတယ်။

ဆက်လက်ဖတ်ရှုရန်

Dec 08, 2023

အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားသော CRPH ၊ NUG နှင့် ယင်းတို့၏ လက်ဝေခံအဖွဲ့အစည်းများ၊ ယင်းတို့နှင့်ဆက်နွှယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူ လူထုကို အကြောက်တရားမျာဖြစ်ပေါ်စေပြီး အစိုးရယန္တရားများ ပျက်ပြားစေရန်ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို လူမှုကွန်ရက်များမှတစ်ဆင့် နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Dec 08, 2023

နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို စွမ်းစွမ်းတမံထမ်းဆောင်လျက်ရှိသော လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် စေတနာရှင်အလှူရှင် ပြည်သူများက အလှူငွေများ ပေးအပ်လှူဒါန်းလျက်ရှိသည့်အပြင် စားသောက်ဖွယ်ရာများကိုလည်း ပေးပို့လှူဒါန်းလျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Dec 08, 2023

သီလဝါဆိပ်ကမ်းဒေသကြီးရှိ Terminal များအပါအဝင် သာကေတနှင့် လှိုင်သာယာမြို့နယ်ရှိ Terminal များမှ စက်သုံးဆီများအား ဆီသယ်ယာဉ်များဖြင့် တိုင်းဒေသကြီး/ပြည်နယ်များရှိ စက်သုံးဆီအရောင်းဆိုင်များသို့ နေ့ညမရွေး အဆက်မပြတ် သယ်ယူပို့ဆောင်ဖြန့်ဖြူးလျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Dec 08, 2023

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကိုးကန့်ဒေသတိုက်ပွဲများတွင် တပ်မတော်မှစစ်ဆင်ရေးကွပ်ကဲရေးမှူး ဗိုလ်မှူးချုပ် အောင်ဇော်လင်းသည် ပစ်ခတ်ခံရ၍ သေဆုံးသွားပြီဟု တရားမဝင်ပြည်ဖျက်မီဒီယာတစ်ခုဖြစ်သည့် Khit Thit မီဒီယာ အပါအဝင် ပြည်ဖျက်မီဒီယာများက လူမှုကွန်ယက်စာမျက်နှာများပေါ်၌ မဟုတ်မမှန် လုပ်ကြံရေးသားဖြန့်ဝေလျက်ရှိသည်ကို တွေ့ရှိရသည်။

ဆက်လက်ဖတ်ရှုရန်

Dec 08, 2023

ကမ္ဘာလုံးဆိုင်ရာ အင်တာနက်နည်းပညာလုပ်ငန်းကြီးဖြစ်တဲ့ ဂူဂဲလ်(Google)ဟာ သတင်းအချက်အလက်နဲ့ နည်းပညာဆိုင်ရာ လူမှုရေး၊ စီးပွားရေး၊ နိုင်ငံရေး အစရှိတဲ့ လုပ်ငန်းဆောင်တာတွေကို တစ်ကမ္ဘာလုံးလွှမ်းခြုံကာ အချိန်နဲ့အမျှဆောင်ရွက်ပေးလျက်ရှိပါတယ်။

ဆက်လက်ဖတ်ရှုရန်

Dec 08, 2023

ဧရာဝတီတိုင်းဒေသကြီး ဟိုင်းကြီးကျွန်းမြို့ အနီး ကျေးရွာများတွင် ဆေးပင်စင်ယူထားသည့် တပ်မတော်မှအငြိမ်းစား ၅၀ ထက်မနည်းကို လက်ရှိတိုက်ပွဲဖြစ်ပွားရာဒေသများသို့ စေလွှတ်ရန် ဒီဇင်ဘာလ ၄ ရက်နေ့က ပမ္မဝတီရေတပ်မှ စစ်ကားများဖြင့် ခေါ်ဆောင်သွားကြောင်း မျက်မြင်တွေ့ရှိရသည့် ကျေးရွာဒေသခံများထံကသိရကြောင်း တရားမဝင် ပြည်ဖျက်မီဒီယာများမှ လူမှုကွန်ရက်စာမျက်နှာများတွင် လုပ်ကြံသတင်းတု၊ သတင်းအမှားများဖြန့်ဝေရေးသားလျက်ရှိပြီး အဆိုပါကျေးရွာများသို့ မည်သည့်တပ်မတော်သုံးမော်တော်ယာဉ်များ လာရောက်ခဲ့ခြင်းနှင့် ခေါ်ဆောင်သွားခြင်း လုံးဝမရှိကြောင်းနှင့် ပြည်သူများ အထင်အမြင်လွဲမှားစေရန်ရည်ရွယ်၍ လိမ်လည်ရေးသားဖြန့်ဝေခြင်းသာ ဖြစ်ကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်

Dec 08, 2023

နိုင်ငံတော်အစိုးရအနေဖြင့် နယ်စပ်ဒေသများအပါအဝင် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးကို အလေးထားဆောင်ရွက်လျက်ရှိပြီး အချို့သောပြည်ပနိုင်ငံသားများအနေဖြင့် နယ်စပ်ဒေသများမှတစ်ဆင့် မြန်မာနိုင်ငံအတွင်းသို့ တရားမဝင်ဝင်ရောက်နေထိုင်လျက်ရှိကြောင်း သိရှိရသည့်အတွက် အုပ်ချုပ်ရေးအဖွဲ့အစည်းများမှ လိုအပ်သည့် စိစစ်မှုများပြုလုပ်ကာ ဥပဒေနှင့်အညီ ဆောင်ရွက်နိုင်ရေး သက်ဆိုင်ရာနိုင်ငံများသို့ ပြန်လည် လွှဲပြောင်းပေးအပ်လျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Dec 08, 2023

တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင်ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ ဒီဇင်ဘာ ၅ ရက်တွင် မန္တလေးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက် ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ ၁၆ မိုင် ကျောက်ချောစစ်ဆေးရေးစခန်း၌ ယာဉ်တစ်စီးပေါ်မှ ပုစွန်တစ်ကောင် စားအုန်းဆီ ၁၈ လီတာပါ ပုံး ၁၅၀၊ ပုစွန်နှစ်ကောင်စားအုန်းဆီ ငါးလီတာပါ ဘူး ၁၆၀၊ ပုစွန်နှစ်ကောင်စားအုန်းဆီ နှစ်လီတာပါဘူး ၁၂၀၊ ပုစွန်နှစ်ကောင်စားအုန်း ဆီ တစ်လီတာပါ ဘူး ၇၂၀၊ မြတံဆိပ်စားအုန်းဆီ ၁၈ လီတာပါ ပုံး ၅၀ (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၈၇၆၀၀၀၀)နှင့် အဆိုပါစားအုန်းဆီများ တင်ဆောင်လာသည့် Mitsubishi Canter တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၈၀၀၀၀၀၀) (စုစုပေါင်း ခန့်မှန်းတန်ဖိုးငွေကျပ် ၃၆၇၆၀၀၀၀) ကို သိမ်းဆည်းရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Dec 08, 2023

မိုးညှင်း၊ ပုသိမ်ကြီးနှင့် ရပ်စောက်မြို့နယ်တို့၌ မူးယစ်ဆေးဝါးများ သိမ်းဆည်းရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။

ဆက်လက်ဖတ်ရှုရန်

Dec 08, 2023

မြန်မာနိုင်ငံစားသောက်ကုန် ထုတ်လုပ်တင်ပို့ရောင်းချသူများ အသင်း၏ (၁၂) ကြိမ်မြောက် နှစ်ပတ်လည် အသင်းသားစုံညီအစည်းအဝေးကို ယမန်နေ့နံနက်ပိုင်းက ရန်ကုန်တိုင်း ဒေသကြီး လမ်းမတော်မြို့နယ်ရှိ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်ရုံး၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Dec 08, 2023

၂၀၂၂ ခုနှစ်အတွက် အမျိုးသားစာပေတစ်သက်တာဆု၊ အမျိုးသားစာပေဆုများ ချီးမြှင့်ပွဲအခမ်းအနားကို နေပြည်တော်၌ ၁၃-၁၂-၂၀၂၃ ရက်နေ့တွင် ခမ်းနားထည်ဝါ စည်ကားသိုက်မြိုက်စွာ ကျင်းပပေတော့မည်။

ဆက်လက်ဖတ်ရှုရန်

Dec 08, 2023

လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးကြိုးပမ်းမှုတွင် အဓိကမဏ္ဍိုင်တစ်ခုဖြစ်သည့် စက်မှုလယ်ယာစနစ်သို့ အရှိန်အဟုန်ဖြင့် ကူးပြောင်းဆောင်ရွက်နိုင်ရေးအတွက် သက်ဆိုင်ရာ ကဏ္ဍအသီးသီးမှ ပညာရှင်များကရှုထောင့်ပေါင်းစုံမှ သုံးသပ်ဆွေးနွေးဖော်ထုတ်နိုင်ကြစေရန် စက်မှုလယ်ယာ ဝန်ဆောင်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးခေါင်းစဉ်ဖြင့်ကျင်းပသည့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၏ (၂၈) ကြိမ် မြောက် ဗုဒ္ဓဟူးနေ့ စကားဝိုင်းဆွေးနွေးပွဲကို ယမန်နေ့ညနေပိုင်းက အဆိုပါဝန်ကြီးဌာန၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Dec 08, 2023

ဒီနေ့မှာတော့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေနဲ့ နိုင်ငံတော်ကာကွယ်ရေးနဲ့ လုံခြုံရေးတာဝန်များကို စွမ်းစွမ်းတမံထမ်းဆောင်ခဲ့တဲ့ ပုဂ္ဂိုလ်များကို ဂုဏ်ထူးဆောင်ဘွဲ့တွေ၊ ဂုဏ်ထူးဆောင်တံဆိပ်များ ချီးမြှင့်အပ်နှင်းခဲ့ပါတယ်။ သူရဘွဲ့ရရှိတဲ့ပုဂ္ဂိုလ် လေးဦးအပါအဝင် စုစုပေါင်း ၁၄၇ ဦးဖြစ်ပါတယ်။ ဒီပုဂ္ဂိုလ်များဟာ စစ်ဘက်ဆိုင်ရာ ပုဂ္ဂိုလ်များသာမကဘဲ လုံခြုံရေးဆိုင်ရာတာဝန်ထမ်းဆောင်နေတဲ့ စစ်သည်များ၊ ရဲတပ်ဖွဲ့ဝင်များ၊ လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ နိုင်ငံ့ဝန်ထမ်းများနဲ့ နိုင်ငံတော်ရဲ့ကာကွယ်ရေးနဲ့ လုံခြုံရေးတာဝန်များကို ထမ်းဆောင်နေတဲ့ ပြည်သူ့စစ်တပ်ဖွဲ့ဝင်များ၊ သာမန်ပြည်သူလူထုများပါဝင်ပါတယ်။ ကျွန်တော်တို့နိုင်ငံအနေနဲ့ နိုင်ငံတော်ရဲ့လွတ်လပ် ရေးကြိုးပမ်းမှုကာလကတည်းက တပ်မတော်နဲ့ပြည်သူလက်တွဲပြီး လွတ်လပ်ရေးရရှိအောင် အသက်ပေါင်းများစွာစတေးပြီး၊ ဘဝပေါင်းများစွာစတေးပြီး ဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။ လွတ်လပ်ရေးရပြီးနောက်ပိုင်းမှာလည်း ရန်ကုန်အစိုးရလို့ပဲ ကွက်ကွက်ကလေးခေါ်ရတဲ့ အင်းစိန်အထိတောင်မှပဲ သောင်းကျန်းသူများ လှုပ်ရှားစိုးမိုးနေတဲ့ နေရာကနေပြီး တပ်မတော်သားတွေ၊ လုံခြုံရေးတပ်ဖွဲ့ဝင်တွေ၊ တာဝန်သိပြည်သူလူထုတွေပူးပေါင်းပြီး နိုင်ငံတော်လွတ်လပ်ရေးတည်တံ့ ခိုင်မြဲအောင်ဆောင်ရွက်လာတာဖြစ်ပါတယ်။ ဒီလိုဆောင်ရွက်ခဲ့လို့လည်း ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဆိုတာ ယခုလက်ရှိမြေပုံ ပေါ်မှာရှိနေတဲ့အတိုင်း ရှိနေတာပဲဖြစ်ပါတယ်။ ခေတ်အဆက်ဆက် နိုင်ငံတော်ရဲ့ကာကွယ်ရေး၊ လုံခြုံရေးတာဝန်၊ ပြည်ထောင်စုမပြိုကွဲရေးတာဝန်ကို ထမ်းဆောင်လာကြတဲ့ ပုဂ္ဂိုလ်များအားလုံး ဒီနေ့ဂုဏ်ထူးဆောင်ဘွဲ့များ၊ ဂုဏ်ထူးဆောင်တံဆိပ်များ ချီးမြှင့်ခံရတဲ့ ပုဂ္ဂိုလ်များအားလုံးကို အသိအမှတ်ပြုဂုဏ်ယူပါကြောင်း လေးနက်စွာပြောကြားလိုပါတယ်။ နိုင်ငံတော်ရဲ့ကာကွယ်ရေးနဲ့ လုံခြုံရေးအတွက် အရာရှိ၊ စစ်သည်များ၊ လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ ပြည်သူ့စစ်တပ်ဖွဲ့ဝင်များ ရွပ်ရွပ်ချွံချွံထမ်းဆောင်နေတဲ့အချိန်ကာလမှာ ကောလာဟလ မျိုးစုံ ထုတ်လုပ်မှုဆိုတာကတော့ ရှိမှာပဲဖြစ်ပါတယ်။ အကြမ်းဖက်သမားများအနေနဲ့ကတော့ အကြမ်းဖက်သမားတွေရဲ့ လုပ်ရိုးလုပ်စဉ်သည် ပထမဦးစွာ ဘာကိုဆောင်ရွက်တာလဲဆိုရင် အကြမ်းဖက်မှုတစ်ခု ကို ဖြစ်မြောက်အောင် လုပ်ပြလိုက်တာပဲ။ အကြမ်းဖက်မှုတစ်ခုကို ဖြစ်မြောက်အောင်လုပ်ပြီးရင် သူနဲ့ပင်းဖက်တဲ့ မီဒီယာတွေနဲ့ပြီးရင် သူအကြမ်းဖက်လုပ်ခဲ့တာတွေကို ဝေဝေဆာဆာထုတ်ပြန်ပြီး လူထုရဲ့စိတ်ထဲမှာ အကြောက်တရား ဒါမှမဟုတ် လူထုရဲ့စိတ်ထဲမှာ ဂရုစိုက်မှုတစ်ခုရရှိလာအောင် သူကဆောင်ရွက်တာဖြစ်ပါတယ်။ ဒီလို ဆောင်ရွက်မှုမျိုးတွေကို ဘယ်လိုမီဒီယာတွေ၊ ဘယ်လိုအဖွဲ့အစည်းတွေက ဆောင်ရွက်နေတယ်ဆိုတာ ပြည်သူများ လက်တွေ့မြင်နိုင်မှာ ဖြစ်ပါတယ်။ သူတို့ရဲ့ပြောဆိုနေတဲ့ ဒီမိုကရေစီဆိုတဲ့စကား၊ ဖက်ဒရယ်ဆိုတဲ့ စကားတွေဟာ သူတို့ရဲ့စိတ်ဓာတ်နဲ့ သူတို့ရဲ့ပါးစပ်နဲ့တောင်မှ မလိုက်ဘူးလို့ပဲ ပြောချင်ပါတယ်။

ဆက်လက်ဖတ်ရှုရန်

Dec 08, 2023

နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးလွင်ဦး ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် အကြိမ် (၂၀) မြောက် မြန်မာ-အိန္ဒိယ နှစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနများအကြား မူဝါဒရေးရာညှိနှိုင်းဆွေးနွေးပွဲသို့တက်ရောက်ရန် အိန္ဒိယသမ္မတ နိုင်ငံနယူးဒေလီမြို့သို့ ဒီဇင်ဘာ ၄ ရက်မှ ၆ ရက်အထိ သွားရောက်ခဲ့ပြီး ယနေ့တွင် ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိကြသည်။

ဆက်လက်ဖတ်ရှုရန်

Dec 08, 2023

ဗုဒ္ဓဘာသာကလျာဏယုဝအသင်း (YMBA) က ကြီးမှူးကျင်းပသော (၁၀၃) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အခမ်းအနားနှင့် ဗုဒ္ဓဘာသာကလျာဏယုဝအသင်း (YMBA) ဘွဲ့တံဆိပ်တော်များ ဆက်ကပ်ချီးမြှင့်ခြင်းအခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့နယ်ရှိ တပ်မတော်ဓမ္မာရုံ၌ ကျင်းပပြုလုပ်ရာ အင်းစိန်ရွာမပရိယတ္တိ စာသင်တိုက်ကြီး၏ ဦးစီးပဓာနနာယကဆရာတော် အဂ္ဂမဟာပဏ္ဍိတ အဘိဓဇမဟာရဋ္ဌဂုရု ဘဒ္ဒန္တတိလောကဘိဝံသအမှူးပြုသော သံဃာတော်များကြွရောက်တော်မူကြပြီး ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ဇော်ဟိန်း၊ တိုင်းဒေသကြီးအစိုးရ အဖွဲ့ဝင်ဝန်ကြီးများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ကြသည်။   

ဆက်လက်ဖတ်ရှုရန်

Dec 08, 2023

အာဆီယံ အသိုက်အဝန်း ၂၀၂၅ ခုနှစ်အလွန် မျှော်မှန်းချက်ရေးဆွဲရေးဆိုင်ရာ အဆင့်မြင့်လုပ်ငန်းအဖွဲ့ (HLTF-ACV) ၏ (၁၂) ကြိမ်မြောက် အစည်းအဝေးကို အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့ရှိ အာဆီယံအတွင်း ရေးမှူးချုပ်ရုံး၌ ဒီဇင်ဘာ ၄ ရက်မှ ၅ ရက်အထိ ကျင်းပခဲ့ပြီး မြန်မာနိုင်ငံ၏ အာဆီယံအသိုက်အဝန်း ၂၀၂၅ အလွန် မျှော်မှန်းချက် ရေးဆွဲရေးဆိုင်ရာ အဆင့်မြင့်လုပ်ငန်းအဖွဲ့ခေါင်းဆောင်၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဒေါက်တာဝါဝါမောင် ခေါင်းဆောင်သည့် ကိုယ်စားလှယ် အဖွဲ့တက်ရောက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Dec 08, 2023

(၁၀၃) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ရှိ ပညာရေးဝန်ကြီးဌာန ရုံးအမှတ် (၁၃) အစည်းအဝေးခန်းမ၌ ကျင်းပရာ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာ သက်ခိုင်ဝင်း၊ ဒုတိယဝန်ကြီးများ၊ နေပြည်တော်ကောင်စီဝင်၊ အမြဲတမ်းအတွင်းဝန်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ခရိုင်/မြို့နယ်ပညာရေးမှူးများ၊ ကျောင်းအုပ်ကြီးများ၊ ဆရာဆရာမများ၊ ကျောင်းသား ကျောင်းသူများနှင့်တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Dec 08, 2023

အလုပ်သမားရေးရာ ကိစ္စရပ်များပူးပေါင်းဆောင်ရွက်နိုင်ရေး မြန်မာ-ထိုင်း နှစ်နိုင်ငံ အလုပ်သမားဝန်ကြီးများ တွေ့ဆုံဆွေးနွေးမှုပြုလုပ်ရန် ထိုင်းနိုင်ငံသို့ရောက်ရှိနေသည့် အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးမြင့်နောင်ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးချစ်ဆွေနှင့်အတူ ယနေ့တွင် မြန်မာအလုပ်သမားများ အများဆုံးနေထိုင် အလုပ်လုပ်ကိုင် လျက်ရှိသည့် စက်ရုံ၊ အလုပ်ရုံများသို့ သွားရောက်တွေ့ဆုံအားပေးပြီး မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ် (Certificate of Identity- CI)ထုတ်ပေးရေးစခန်း ဖွင့်လှစ်မည့်နေရာများသို့ သွားရောက်ကြည့်ရှုသည်။

ဆက်လက်ဖတ်ရှုရန်