နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်

Nov 15, 2020
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ယနေ့တွင် ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပပြုလုပ်သည့် (၂၃)ကြိမ်မြောက် အာဆီယံအပေါင်းသုံး ထိပ်သီးအစည်းအဝေးနှင့် (၁၅) ကြိမ်မြောက် အရှေ့အာရှထိပ်သီးအစည်း အဝေးတို့သို့ နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပါဝင်တက်ရောက်ခဲ့သည်။
Nov 12, 2020
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် သည် ယနေ့နံနက် ၈ နာရီတွင် video conferencing စနစ်ဖြင့် ကျင်းပပြုလုပ်သည့် (၃၇) ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေး၏ ဖွင့်ပွဲအခမ်းအနားနှင့် (၃၇) ကြိမ်မြောက် အာဆီယံ ထိပ်သီး အစည်းအဝေး၏ မျက်နှာစုံညီအစည်းအဝေးတို့သို့ နေပြည်တော်ရှိ နိုင်ငံခြားရေး ဝန်ကြီးဌာနမှ ပါဝင် တက်ရောက်သည်။
Nov 10, 2020
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံသို့ ဂျပန်နိုင်ငံဝန်ကြီးချုပ် H.E. SUGA Yoshihide နှင့် ဂျပန်နိုင်ငံခြားရေးဝန်ကြီး H.E. MOTEGI Toshimitsu တို့က မြန်မာနိုင်ငံ၏ ပါတီစုံ ဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲကို အောင်မြင်စွာ ကျင်းပနိုင်ခဲ့ခြင်းနှင့် အမျိုးသား ဒီမိုရေစီ အဖွဲ့ချုပ် (National League for Democracy) ပါတီက မဲအများဆုံးရရှိသည့် ပါတီအဖြစ် ထူးထူးကဲကဲ အနိုင်ရခဲ့သည့်အတွက် လှိုက်လှိုက်လှဲလှဲ ဂုဏ်ယူကြောင်း သဝဏ်လွှာ များကို ယနေ့ ပေးပို့လာခဲ့သည်။
Nov 10, 2020
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ဂျပန်နိုင်ငံ၏ မြန်မာနိုင်ငံ အမျိုးသား ပြန်လည်သင့်မြတ်ရေးဆိုင်ရာ အထူးကိုယ်စားလှယ်၊ ဂျပန်နိုင်ငံ အစိုးရ၏ မြန်မာနိုင်ငံ ရွေးကောက်ပွဲ လေ့လာရေးအဖွဲ့ ခေါင်းဆောင်၊ နိပွန်ဖောင်ဒေးရှင်း ဥက္ကဌ H.E. SASAKAWA Yohei အား ယနေ့ နံနက်ပိုင်းတွင် လက်ခံ တွေ့ဆုံသည်။
Nov 09, 2020
ကိုဗစ် - ၁၉ ရောဂါ ကြားထဲကနေ ရွေးကောက်ပွဲများ အောင်အောင်မြင်မြင်နဲ့ ဖြစ်မြောက်အောင် လုပ်ပေးကြတဲ့ ပြည်သူလူထုအားလုံးကို အင်မတန်မှ ကျေးဇူးတင်ပါတယ်။ အထူးပဲ ဂုဏ်ပြုပါတယ်လို့ ပြောရင်းနဲ့ စချင်ပါတယ်။ အခု ရွေးကောက်ပွဲမှာဆိုရင် ပြည်သူတွေ လုံလုံခြုံခြုံနဲ့၊ ကျန်းမာရေးဘက်က လုံလုံခြုံခြုံနဲ့ မဲပေးနိုင်ဖို့အတွက် ကျွန်မတို့အင်မတန်မှ ကြိုးစားခဲ့ပါတယ်။
Nov 05, 2020
၁။ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် သည် ထိုင်းနိုင်ငံ၊ ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး ပရာယုဒ် ချန်အိုချာ (ငြိမ်း)နှင့် ၅-၁၁-၂၀၂၀ ရက်၊ မွန်းလွဲ (၁၃၀၀) နာရီတွင် တယ်လီကွန်ဖရင့်ဖြင့် ဆွေးနွေးခဲ့သည်။
Nov 01, 2020
ရှာဖွေကယ်ဆယ်ရေးနှင့် အရေးပေါ်တုံ့ပြန်မှုလုပ်ငန်းများ အပါအဝင် သဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုလုပ်ငန်းများနှင့် နိုင်ငံတော်ကိစ္စရပ်များတွင် အသုံးပြု ရန် ဝယ်ယူထားသော နိုင်ငံတော်ပိုင် AW-139 အမျိုးစား ရဟတ်ယာဉ် XY-AFT သည် ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်သို့ ဆိုက်ရောက်သည်။
Oct 29, 2020
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ယနေ့နံနက်ပိုင်းတွင် နိုဝင်ဘာ ၈ ရက်၌ ကျင်းပမည့် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် ရန်ကုန်မြို့ ဗဟန်းမြို့နယ် မဲဆန္ဒနယ်မှ ဝင်ရောက်ယှဉ်ပြိုင်ကြမည့် လွှတ်တော်ကိုယ်စားလှယ် နေရာများအတွက် မဲဆန္ဒနယ်ပြင်ပရောက် ကြိုတင်ဆန္ဒမဲပေးသည်။
Oct 26, 2020
Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့်ဗဟိုကော်မတီဥက္ကဋ္ဌ၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှု နောက်ဆုံးအခြေအနေနှင့်စပ်လျဉ်း၍ ပြည်သူများသို့ အစီရင်ခံတင်ပြသည့် မိန့်ခွန်း (၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာလ ၂၆ ရက်)
Oct 23, 2020
ဒီနေ့ ကိုဗစ်-၁၉ နဲ့ပတ်သက်လို့ ပြည်သူတွေကို တင်ပြရခြင်းမှာ အရေးအကြီးဆုံးကိစ္စ က Stay at Home မြို့နယ်တွေ ကြေညာထားတာ မပြီးပြတ်သေးဘူးဆိုတာကို သတိပေး ချင်ပါတယ်။ အထူးသဖြင့် ရန်ကုန်မှာပေါ့။ ရန်ကုန်မှာရှိတဲ့ တချို့စက်ရုံ၊ အလုပ်ရုံတွေ၊ နိုင်ငံရဲ့ ရေရှည်စီးပွားရေး အတွက် အရေးကြီးတဲ့ စက်ရုံ၊ အလုပ်ရုံတွေ ပြန်ပြီးတော့ လည်ပတ်နိုင်ဖို့ စည်းမျဉ်း၊ စည်းကမ်းတွေသတ်မှတ်ပြီးတော့ စည်းမျဉ်းစည်းကမ်းနဲ့ ကိုက်ညီရင် ပြန်ပြီး လည်ပတ်နိုင်တယ် ဆိုတာကို ခွင့်ပြုလိုက်လို့ တချို့က Stay at Home လွတ်သွားပြီလို့ ထင်ကြပါတယ်။