နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်

Jul 20, 2020

ရန်ကုန် ဇူလိုင် ၂၀

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနက ကြီးမှူး ကျင်းပသော (၇၂) ကြိမ်မြောက် တိပိဋကဓရတိပိဋကကောဝိဒ ရွေးချယ်ရေးစာမေးပွဲတွင် အောင်မြင်တော်မူကြသည့် တိပိဋ ကဓရ တိပိဋကကောဝိဒ ဘွဲ့တံဆိပ်တော်ရ  ကျောက်ပန်းတောင်း ဆရာတော် အပါအဝင် သာသနာ့ အာဇာနည်အရှင်သူမြတ် ၁၀၆ ပါးတို့အား ချီးကျူးပူဇော်ပွဲနှင့် အောင်လက်မှတ် ဆက်ကပ်လှူဒါန်းပွဲ အခမ်းအနား ကို ယနေ့နံနက် ၈ နာရီတွင် ရန်ကုန်မြို့ သီရိမင်္ဂလာကမ္ဘာအေးကုန်းမြေရှိ မဟာပါသာဏ လိုဏ်ဂူသိမ်တော်ကြီး၌ ကျင်းပသည်။

Jul 13, 2020

နေပြည်တော် ဇူလိုင် ၁၃

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ကျောင်းသူကျောင်းသားတွေ ပညာရှာရေးနဲ့ မဝေးသွားဖို့က အရေးကြီးကြောင်း၊ နောက်အပတ်မှာ ကျောင်းတွေ covid ကြောင့် ပိတ်ထားရတာက ပြန်ပြီးဖွင့်ဖို့ စပြီးခြေလှမ်းမှာဖြစ်ကြောင်း ၎င်း၏ ဖေ့စ်ဘွတ် စာမျက်နှာမှ ယနေ့တွင်  သတင်းစကားပါး ရေးသားထားသည်။

Jul 09, 2020

နေပြည်တော် ဇူလိုင် ၉

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် က Covid တားဆီးရေး၊ ကုသရေး ဆေးတွေ မထုတ်လုပ်နိုင်တဲ့ကာလအတွင်း လိုအပ်ချက်တွေနဲ့အညီ လူနေမှုစနစ်တစ်ခုလုံး ပြောင်း လဲတာအထိမဟုတ်ဘဲ နေပုံထိုင်ပုံ အပြောင်းအလဲအချို့တော့ လိုပါလိမ့်မယ် ဟု   ၎င်း၏ ဖေ့စ်ဘွတ် စာမျက်နှာမှ ယနေ့တွင်  ရေးသားဖော်ပြထားသည်။

Jul 04, 2020

နေပြည်တော် ဇွန် ၃


နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် က ကိုယ့်ရောဂါ ကာကွယ်ရေးအတွက် ကိုယ်သာစွမ်းဆောင် နိုင်ဆုံးဖြစ် ပါကြောင်း ၎င်း၏ ဖေ့စ်ဘွတ်စာမျက်နှာမှ ယနေ့တွင် သတင်းစကားပါး ရေးသားထားသည်။

Jun 26, 2020

နေပြည်တော် ဇွန် ၂၆

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ယနေ့နံနက် ၈ နာရီတွင် video conferencing စနစ်ဖြင့် ကျင်းပပြုလုပ်သည့် (၃၆)ကြိမ်မြောက် အာဆီယံထိပ်သီး အစည်းအဝေး၏ ဖွင့်ပွဲအခမ်းအနား၊ (၃၆)ကြိမ်မြောက် အာဆီယံ ထိပ်သီးအစည်းအဝေးနှင့် ဒစ်ဂျစ်တယ်ခေတ်တွင် အမျိုးသမီးများ၏ စွမ်းဆောင်ရည်မြှင့်တင်ရေးဆိုင်ရာ အာဆီယံခေါင်း ဆောင်များ၏ အထူးအစည်းအဝေး တို့သို့ နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပါဝင်တက်ရောက်သည်။

Jun 22, 2020

နေပြည်တော် ဇွန် ၂၂

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က Covid ကာလမှာ အခက်အခဲ ကျော်လွှားနည်းကောင်းတွေ၊ ပြင်ပကမ္ဘာကြီးနဲ့ခြားပြီး အိမ်တွင်းမှာပဲ နေရချိန်တွေကို တန်ဖိုးရှိရှိ သုံးစွဲနည်းတွေ တွေ့ရှိထားရင် မျှဝေကြပါဟု   ၎င်း၏ ဖေ့စ်ဘွတ်စာမျက်နှာမှ ယနေ့တွင်   ရေးသားဖော်ပြထားသည်။